လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 6, 2014

ပရိသတ်ဖိအား မခံနိုင်ရင် ဒီအလုပ်မလုပ်ဘူး မြန်မာ့လက်ရွေးစင်နည်းပြသစ် အေဗရာမိုဗစ်နှင့် တွေ့ဆုံခြင်း

Photo: ပရိသတ်ဖိအား မခံနိုင်ရင် ဒီအလုပ်မလုပ်ဘူး မြန်မာ့လက်ရွေးစင်နည်းပြသစ် အေဗရာမိုဗစ်နှင့် တွေ့ဆုံခြင်း
Thursday, February 6, 2014

ရဲရင့်ဌေး တွေ့ဆုံမေးမြန်းသည်
 
ဆီးဂိမ်းမှာ ယူ-၂၃ အသင်းရဲ့ ရလဒ်ဆိုးကြောင့် ကိုရီးယားနည်းပြပတ်ဆောင်ဟွာနဲ့ လမ်းခွဲခဲ့တဲ့  မြန်မာအသင်းကို တာဝန်ယူကိုင်တွယ်ဖို့ ဆာဘီးယားနည်းပြ အေဗရာမိုဗစ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တရားဝင်ခန့်အပ်ခဲ့ပါတယ်။ စင်ကာပူနည်းပြဟောင်း အေဗရာမိုဗစ်ဟာ မြန်မာဘောလုံးပရိသတ်နဲ့ မစိမ်းတဲ့နည်းပြတစ်ဦးဖြစ်ပြီး အာဆီယံဒေသတွင်းမှာတော့ ထင်ရှားတဲ့နည်းပြတစ်ဦးပါ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြအေဗရာမိုဗစ်ကို ဖေဖော်ဝါရီ ၅ ရက်က တရားဝင်စာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်ချုပ်ဆိုပွဲအခမ်းအနားအပြီးမှာ မဇ္ဈိမသတင်းစာက သူနဲ့သီးသန့်တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
 
မြန်မာ့လက်ရွေးစင်နည်းပြရာထူးကို ဘာကြောင့်လက်ခံခဲ့တာလဲ။
 
မြန်မာ့ဘောလုံးလောကက ကျွန်တော်နဲ့မစိမ်းပါဘူး။ မြန်မာ့ဘောလုံးကို ကျွန်တော် အမြဲတမ်းစိတ်ဝင်စား ပါတယ်။ စိန်ခေါ်မှုတွေရှိနိုင်တဲ့ မြန်မာ့ဘောလုံးလောကကို စိတ်ဝင်စားတာကြောင့် ဒီအသင်းကို ကိုင်တွယ် ဖို့ ရွေးချယ်ဖြစ်ခဲ့တာပါ။
 
မြန်မာ့ဘောလုံးလောကအကြောင်းကိုရော ဘယ်လောက်သိထားလဲ။
 
ပြီးခဲ့တဲ့ဆီးဂိမ်းနဲ့ ဆူဇူကီးပြိုင်ပွဲတွေမှာ မြန်မာ့ဘောလုံးအသင်းကို လေ့လာထားဖူးတယ်။ ပြီးတော့ ဒီမှာ ပရော်ဖက်ရှင်နယ်လိဂ်ရှိတယ်။ မြန်မာ့ဘောလုံးလောက အခြေအနေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ကျွန် တော် သိထားပါတယ်။
 
မြန်မာအသင်းကို နည်းပြတဲ့နေရာမှာဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ရင်ဆိုင်ရနိုင်မယ်လို့ မျှော်လင့် ထားလဲ။
 
ဒီမှာက လူတိုင်း ဘောလုံးချစ်တယ်။ ပရိသတ်က အရမ်းအားပေးတယ်။ ပွဲတိုင်းနိုင်ချင်တယ်။ ဒါတွေက စိန်ခေါ်မှုတွေပဲ။ ဒါပေမဲ့ ဒီဖိအားတွေကို မခံနိုင်ဘူးဆိုရင် ဒီအလုပ်လုပ်ဖို့အကြောင်းမရှိဘူး။
 
မြန်မာဘောလုံးသမားတွေရဲ့ခြေစွမ်းကိုရော ဘယ်လိုမြင်လဲ။
 
မြန်မာကစားသမားတွေက ဘောလုံးအခြေခံပိုင်းတော့ အားနည်းတယ်။ ဒါတွေကိုပြုပြင်ရမယ်။ ဒါပေမဲ့ အချိန်ပေးဖို့လိုတယ်။ အချိန်တစ်ခုယူလိုက်ရင် အားလုံးပြောင်းလို့ရပါတယ်။
 
မြန်မာကစားသမားတွေ စည်းကမ်းပိုင်းအားနည်းတယ်လို့ ခင်ဗျားကိုယ်တိုင်ဝေဖန်ခဲ့ဖူးတယ်။ အခု ဒီအား နည်းချက်ကို ဘယ်လိုပြင်ဆင်ဖို့ ရည်ရွယ်ထားလဲ။
 
ဒီကိစ္စက အတော်လေးအရေးပါတယ်။ ကျွန်တော်စင်ကာပူအသင်းကို တာဝန်ယူတုန်းက စည်းကမ်း မကောင်းတဲ့ကစားသမားကို အသင်းမှာ ဘယ်တော့မှမရွေးဘူး။ အဖွဲ့ချုပ်ကလည်း ကစားသမားတွေ စည်းကမ်းပိုင်းကောင်းလာဖို့အတွက် အဓိကထားပြင်ဆင်ပေးဖို့ ကျွန်တော့်ကို တာဝန်ပေးထားတယ်။ အားလုံးက နိုင်ငံချစ်စိတ်၊ ဘောလုံးချစ်စိတ်တွေနဲ့ ပူးပေါင်းပါဝင်ဖို့လိုတယ်။ စည်းကမ်းပိုင်းကောင်းလာဖို့ အတွက် အဓိကထားပြင်ဆင်ပေးမှာပါ။
 
ခင်ဗျားအနေနဲ့ စင်ကာပူကို ကိုင်တွယ်တုန်းက မွေးစားသား(ပြည်ပ)ကစားသမားတွေကို အသုံးပြု ခဲ့တယ်။အခု မြန်မာအသင်းမှာရော ဒီလိုမွေးစားသားတွေ သုံးဦးမှာလား။
 
စင်ကာပူနဲ့ မြန်မာနှစ်နိုင်ငံကမတူပါဘူး။ စင်ကာပူမှာက ခုနစ်နှစ်လောက်နေပြီးရင် နိုင်ငံသားခံယူခွင့် ရတယ်။ ပြီးတော့ လက်ရွေးစင်အသင်းအတွက် ကစားသမားမလုံလောက်ဘူး။ မြန်မာမှာကတော့ ပြည်တွင်းကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ ဒါကြောင့် မွေးစားသားမလိုပါဘူး။
 
လက်ရွေးစင်အသင်းနဲ့ လူငယ်အသင်းတွေကို ပူးတွဲတာဝန်ယူရမှာဆိုတော့ ခင်ဗျားအတွက် အခက် အခဲရှိနိုင်လား။
 
အခက်အခဲမရှိပါဘူး။ ယူ-၂၂အသင်းဆိုတာ လက်ရွေးစင်အသင်းကစားသမားတွေနဲ့ အသက်ကွာဟမှု နည်းတာကြောင့်ကစားသမားရွေးချယ်ရာမှာ လွယ်ကူစေမှာပါ။ ကျွန်တော့်အတွက် အခက်အခဲမရှိလို့ လက်ခံခဲ့တာပေါ့။ 

Mizzima - News in Burmese

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..