လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, February 8, 2014

၁၀မိနစ် OG ၈ဂိုးသွင်းတဲ့ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ်စစ်ဆေးနေ

Photo: ၁၀မိနစ် OG ၈ဂိုးသွင်းတဲ့ပွဲကို အီတလီဘောလုံးအဖွဲ့ချုပ်စစ်ဆေးနေ
Saturday, February 8, 2014

အီတလီ ပြည်တွင်းဖလား ပွဲစဉ်တစ်ပွဲတွင် ပွဲချိန် ၁၀မိနစ်အတွင်း ကိုယ့်ဂိုးကိုယ် ၈ကြိမ် သွင်းယူခဲ့ခြင်းနှင့်ပတ်သက်၍ အီတလီဘောလုံး အဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ တာရီနိုဗီနှင့် ဘာဂျီရီယာတို့ ယှဉ်ပြိုင်ခဲ့သည့် (၃)သင်းပါ အုပ်စုပတ်လည်အဆင့်တွင် ပွဲစဉ်တွင် ပွဲချိန်မိနစ် ၈၀အထိ တာရီနိုဗီအသင်း (၄-၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘာဂျီရီယာအနေဖြင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့် တက်နိုင်ရန်အတွက် တစ်မှတ်ရရှိရန် လိုအပ်နေရာတွင် တာရီနိုဗီ အသင်းက (၂)ဂိုးဆက်တိုက် ထပ်သွင်းခဲ့သည်။

ထို့နောက် လက်ကျန်ပွဲချိန် ၁၀မိနစ်အတွင်း ဘာဂျီရီယာ ကစားသမားများက OG ရှစ်ဂိုးသွင်းခဲ့ပြီး (၁၄-၃)ဆိုသည့် ရလဒ်ကြောင့် တာရီနိုဗီအသင်း နောက်တစ်ဆင့် တက်နိုင်ခဲ့သည်။ (၅-၃)ဂိုးဖြင့်သာ ပွဲပြီးမည်ဆိုပါက ပါတီနီကောဒေ့အသင်း နောက်တစ်ဆင့် တက်နိုင်မည် ဖြစ်သော်လည်း ဘာဂျီရီယာ ကစားသမားများက တာရီနိုဗီကိုသာ နောက်တစ်ဆင့် တက်စေလိုသောကြောင့် ယခုကဲ့သို့ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်မှာ လုပ်ပွဲကစားမှု ဖြစ်နိုင်ဖွယ်ရှိနေသည်ဟု အီတလီ ဘောလုံးအဖွဲ့ချုပ်မှ ယူဆပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ၂၀၀၂ခုနှစ်က အေအက်စ်အဒီမာနှင့် အမ်မြန်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အမ်ရာနီ ကစားသမားများက OG ၁၄၉ ဂိုး သွင်းယူပြီး ကမ္ဘာ့စံချိန်တင်ခဲ့ဖူးသည်။

(ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..