လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, February 8, 2014

သွားတိုက်ဆေးဗုံး အန္တရာယ် သတိပြုရန် ရုရှားသို့သွားသည့် လေကြောင်း လိုင်းများကို အမေရိကန် သတိပေး

Photo: သွားတိုက်ဆေးဗုံး အန္တရာယ် သတိပြုရန် ရုရှားသို့သွားသည့် လေကြောင်း လိုင်းများကို အမေရိကန် သတိပေး
Friday, February 7, 2014

ရုရှားနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည့် ၂၀၁၄ ဆောင်းရာသီ အိုလံပစ် ပွဲတော်သို့ ဦးတည် သွားရောက်သည့် လေကြောင်းလိုင်းများ သွားတိုက်ဆေးဗုံး အန္တရာယ် သတိပြုရန် အမေရိကန် ပြည်ထောင်စုက သတိပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံသို့ တိုက်ရိုက် ဦးတည် ပျံသန်းသည့် လေကြောင်းလိုင်းများ ဗုံးအန္တရာယ် သတိပြုရန် အမေရိက အမိမြေ လုံခြုံရေး ဝန်ကြီးဌာနက သတိပေးလိုက်ပြီး ပြည်တွင်း၌မူ လက်ရှိအချိန်ထိ ခြိမ်းခြောက်မှု အန္တရာယ် မတွေ့ရှိရသေးကြောင်း ပြောကြားလိုက်သည်။

အမေရိကန် ပြည်ထောင်စု၏ သတိပေးချက်မှာ နောက်ဆုံး ထွတ်ပေါ်လာသည့် ခြိမ်းခြောက်ခံရနိုင်မှု သတိပေးချက် ဖြစ်ပြီး အိုလံပစ်ပွဲတော် ကျင်းပမည့် ရုရှားဆိုချီ ဒေသဝန်းကျင်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေးတင်းကျပ်မှုများ လုပ်ဆောင်လျက် ရှိသည်။

အမေရိက အမိမြေ လုံခြုံရေး ဝန်ကြီးဌာနမှာ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနှင့် သတင်းအချက်အလက် ဖလှယ် အသုံးပြုမှုများ လုပ်ဆောင်နေသည့်အပြင် အိုလံပစ် ပွဲတော်ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အခမ်းအနားများတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း အမိမြေ လုံခြုံရေး ဝန်ကြီးဌာနက ပြောကြားသည်။

ဆိုချီအိုလံပစ် ပွဲတော်ကို ဖေဖော်ဝါရီ ၇-၂၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လုံခြုံရေးရာ အရေးပေါ် အခြေအနေများ ပေါ်ပေါက်လာက ကူညီပေးနိုင်ရန် အမေရိကန် ပြည်ထောင်စုက စစ်သင်္ဘော နှစ်စင်းကို ပင်လယ်နက်ဒေသသို့ စေလွှတ်ထားသည်။

သို့သော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဆိုချီမြို့အနီးရှိ ဗော်ဂိုဂရက်မြို့ (စတာလင်ဂရတ်မြို့) တွင် အသေခံ ဗုံးခွဲမှု နှစ်ရပ် ဖြစ်ပွားခဲ့ပြီး အစ္စလာမ္မစ် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုမျိုးစုံ ပေါ်ထွက်ခဲ့ခြင်းကြောင့် စိုးရိမ်မှုများ မြင့်တက်နေသည်။

လေကြောင်းလိုင်း အတွင်းသို့ ဖောက်ခွဲရေးပစ္စည်း လျှို့ဝှက် သယ်ဆောင်ရန် ပြီးခဲ့သည့် နှစ်များအတွင်း နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

မီယာမီသို့ ဦးတည် ပျံသန်းနေသည့် လေယာဉ် တစ်စင်းပေါ်တွင် ဗြိတိန်နိုင်ငံသား ရစ်ချက်ရီက ဖိနပ်အတွင်း သယ်ဆောင်လာသည့် ဗုံးကို ဖောက်ခွဲရန် ၂၀၀၁ ခုနှစ်တွင် ကြိုးပမ်းခဲ့ပြီး နိုင်ဂျီးရီးယား နိုင်ငံသား အဘူမူတယ်လတ်က ဒတ်ထရွိုက်သို့ ဦးတည် ပျံသန်းလာသည့် လေယာဉ်ပေါ်တွင် အတွင်းခံအတွင်း သယ်ဆောင်လာသည့် ဗုံးကို ဖောက်ခွဲရန် ၂၀၀၉ ခုနစ်တွင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..