လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, February 3, 2014

Nok Air မှာ လေယာဉ်စီးမယ်၊ အင်တာနက်လည်း သုံးမယ်

Photo: Nok Air မှာ လေယာဉ်စီးမယ်၊ အင်တာနက်လည်း သုံးမယ်

လေယာဉ်စီးနေတုန်း အင်တာနက်သုံးနိုင်တယ် ဆိုတာက ဇိမ်ခံလေယာဉ် ကြီးတွေ၊ တန်ဘိုးများလေကြောင်းလိုင်းတွေမှာပဲ ဖြစ်နိုင်ချေ ရှိခဲ့တာပါ။

အခုတော့ ထိုင်းနိုင်ငံရဲ့ တန်ဘိုးနည်းလေကြောင်းလိုင်းတချို့မှာလည်း ဒီအခွင့်အရေး ရနိုင်ပါတော့မယ်လို့   ဘန်ကောက်ပို့စ် သတင်းတပုဒ်က ဆိုပါ တယ်။

ချွေတာရေးလေကြောင်းတွေဖြစ်တဲ့ AirAsia နဲ့ Nok Air တို့က မြန်မာတွေနဲ့ မစိမ်းပါဘူး။ အဲဒီလိုင်းတွေမှာ အင်တာနက်သုံးနိုင်ရေးကို လာမယ့်လ အနည်း ငယ်အတွင်း အကောင်အထည်ဖော်မယ်လို့ ဆိုတယ်။

နောက်တပုဒ်မှာတော့ Nok Air လိုင်းက မတ်လဆိုရင် လေယာဉ်ထဲ အွန်လိုင်း သုံးနိုင်မယ်တဲ့။ သူတို့လိုင်းက လေယာဉ်အားလုံး အဲသလိုသုံးနိုင်ဖို့ကိုတော့ ၂ နှစ်အတွင်း  အကောင်အထည်ဖော်မယ်လို့ ရေးထားပါတယ်။

ခေတ်ပြောင်းပြီဆိုတော့ ခရီးသည်တို့ရဲ့ နေထိုင်မှုပုံစံလည်း ပြောင်းပါပြီ။ ဒီခေတ်ခရီးသည် အများအပြားက အင်တာနက် စွဲလန်းမှုအားကြီး လွန်းတယ် မဟုတ်လား။ ဒီလိုပရိသတ်ရဲ့လိုအင်ကို ဖြည့်တဲ့နည်းနဲ့ လေကြောင်းလိုင်းတွေ က ဝန်ဆောင်မှု နာမည်ကောင်းရအောင် လုပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။

ပြည်တွင်းခရီးစဉ်မှာ ခရီးသည်တယောက် အင်တာနက်သုံးချင်ရင် ကုန်ကျ စရိတ်က ဘတ် ၁၀၀ ဝန်းကျင် ကျသင့်မယ်လို့ ကနဦး ခန့်မှန်းထားပါတယ်။ ကျပ်သုံးထောင်ဝန်းကျင် ဆိုပါတော့။

AirAsia က ထိုင်းမှာတင်မကဘဲ အင်ဒို၊ မလေးတို့မှာလည်း ဒီအစီအစဉ် ဖြစ်လာမယ်တဲ့။ ဒါဆို မြန်မာပြည်လာတဲ့ AirAsia ခရီးစဉ်တွေမှာလည်း အင်တာနက်ဆိုတာ ဖြစ်နိုင်ချေရှိပါလိမ့်မယ်။

ပြည်တွင်းခရီးစဉ်ဆိုတာက တနာရီဝန်းကျင်လောက်ပဲ ကြာတတ်တဲ့အတွက် ဒီအစီအစဉ်က ဆွဲဆောင်မှု ရှိပါ့မလားလို့လည်း မေးခွန်းထုတ်နိုင်ပါတယ်။
နာရီပေါင်းများစွာစီးရတဲ့ ပြည်ပခရီးစဉ်တွေမှာပဲ အင်တာနက်ဆိုတာကို ခရီးသည်တွေ ၀ယ်သုံးကြမှာမဟုတ်ဘူးလား။

အခုခေတ်လူသားတို့ရဲ့ အင်တာနက်ရူးသွပ်မှုက ကြောက်ခမန်းလိလိ အခြေ အနေ ဖြစ်နေပြီ ဆိုတော့ လေယာဉ်ထဲ ကြိုးမဲ့ အင်တာနက် မိတ်ဆက်တဲ့ အစီ အစဉ်က အောင်မြင်သွားနိုင်ပါတယ်။

စမတ်ဖုန်းကိုသို့မဟုတ် ကွန်ပျူတာကို အမြဲတမ်း စိုက်ကြည့်နေကြသူတွေ မဟုတ်လား။ အခု ဒီအကြောင်း ဖတ်နေသူတွေထဲမှာလည်း Facebook နဲ့ မျက်နှာသစ်သူ၊ မျက်နှာမသစ်ခင် Facebook သုံးသူတွေ အများအပြား ပါပါလိမ့်မယ်။

ဒီတော့ အင်တာနက်နဲ့ အမြဲတမ်းလိုလို ချိတ်ဆက်ထားလိုသူများက လေယာဉ် စီးနေဆဲ အင်တာနက်သုံးရေး ဆိုတာကို စိတ်ဝင်စားမှာ အသေ အချာပါပဲ။

လောလောဆယ် အင်တာနက်သုံးနိုင်တဲ့ လေယာဉ်က ကမ္ဘာတလွှားမှာ အစီး ၃,ဝဝဝ ရှိနေတယ်၊ ၈ နှစ်အကြာမှာ အစီး ၁၅,ဝဝဝ ဖြစ်လာမယ်လို့ ခန့်မှန်း ထားကြောင်း အစီရင်ခံစာတခုကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။
လေယာဉ်စီးနေတုန်း အင်တာနက်သုံးနိုင်တယ် ဆိုတာက ဇိမ်ခံလေယာဉ် ကြီးတွေ၊ တန်ဘိုးများလေကြောင်းလိုင်းတွေမှာပဲ ဖြစ်နိုင်ချေ ရှိခဲ့တာပါ။
အခုတော့ ထိုင်းနိုင်ငံရဲ့ တန်ဘိုးနည်းလေကြောင်းလိုင်းတချို့မှာလည်း ဒီအခွင့်အရေး ရနိုင်ပါတော့မယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်က ဆိုပါ တယ်။ချွေတာရေးလေကြောင်းတွေဖြစ်တဲ့ AirAsia နဲ့ Nok Air တို့က မြန်မာတွေနဲ့ မစိမ်းပါဘူး။ အဲဒီလိုင်းတွေမှာ အင်တာနက်သုံးနိုင်ရေးကို လာမယ့်လ အနည်း ငယ်အတွင်း အကောင်အထည်ဖော်မယ်လို့ ဆိုတယ်။နောက်တပုဒ်မှာတော့ Nok Air လိုင်းက မတ်လဆိုရင် လေယာဉ်ထဲ အွန်လိုင်း သုံးနိုင်မယ်တဲ့။ သူတို့လိုင်းက လေယာဉ်အားလုံး အဲသလိုသုံးနိုင်ဖို့ကိုတော့ ၂ နှစ်အတွင်း အကောင်အထည်ဖော်မယ်လို့ ရေးထားပါတယ်။

ခေတ်ပြောင်းပြီဆိုတော့ ခရီးသည်တို့ရဲ့ နေထိုင်မှုပုံစံလည်း ပြောင်းပါပြီ။ ဒီခေတ်ခရီးသည် အများအပြားက အင်တာနက် စွဲလန်းမှုအားကြီး လွန်းတယ် မဟုတ်လား။ ဒီလိုပရိသတ်ရဲ့လိုအင်ကို ဖြည့်တဲ့နည်းနဲ့ လေကြောင်းလိုင်းတွေ က ဝန်ဆောင်မှု နာမည်ကောင်းရအောင် လုပ်တဲ့သဘော ဖြစ်ပါလိမ့်မယ်။

ပြည်တွင်းခရီးစဉ်မှာ ခရီးသည်တယောက် အင်တာနက်သုံးချင်ရင် ကုန်ကျ စရိတ်က ဘတ် ၁၀၀ ဝန်းကျင် ကျသင့်မယ်လို့ ကနဦး ခန့်မှန်းထားပါတယ်။ ကျပ်သုံးထောင်ဝန်းကျင် ဆိုပါတော့။

AirAsia က ထိုင်းမှာတင်မကဘဲ အင်ဒို၊ မလေးတို့မှာလည်း ဒီအစီအစဉ် ဖြစ်လာမယ်တဲ့။ ဒါဆို မြန်မာပြည်လာတဲ့ AirAsia ခရီးစဉ်တွေမှာလည်း အင်တာနက်ဆိုတာ ဖြစ်နိုင်ချေရှိပါလိမ့်မယ်။

ပြည်တွင်းခရီးစဉ်ဆိုတာက တနာရီဝန်းကျင်လောက်ပဲ ကြာတတ်တဲ့အတွက် ဒီအစီအစဉ်က ဆွဲဆောင်မှု ရှိပါ့မလားလို့လည်း မေးခွန်းထုတ်နိုင်ပါတယ်။
နာရီပေါင်းများစွာစီးရတဲ့ ပြည်ပခရီးစဉ်တွေမှာပဲ အင်တာနက်ဆိုတာကို ခရီးသည်တွေ ၀ယ်သုံးကြမှာမဟုတ်ဘူးလား။

အခုခေတ်လူသားတို့ရဲ့ အင်တာနက်ရူးသွပ်မှုက ကြောက်ခမန်းလိလိ အခြေ အနေ ဖြစ်နေပြီ ဆိုတော့ လေယာဉ်ထဲ ကြိုးမဲ့ အင်တာနက် မိတ်ဆက်တဲ့ အစီ အစဉ်က အောင်မြင်သွားနိုင်ပါတယ်။

စမတ်ဖုန်းကိုသို့မဟုတ် ကွန်ပျူတာကို အမြဲတမ်း စိုက်ကြည့်နေကြသူတွေ မဟုတ်လား။ အခု ဒီအကြောင်း ဖတ်နေသူတွေထဲမှာလည်း Facebook နဲ့ မျက်နှာသစ်သူ၊ မျက်နှာမသစ်ခင် Facebook သုံးသူတွေ အများအပြား ပါပါလိမ့်မယ်။

ဒီတော့ အင်တာနက်နဲ့ အမြဲတမ်းလိုလို ချိတ်ဆက်ထားလိုသူများက လေယာဉ် စီးနေဆဲ အင်တာနက်သုံးရေး ဆိုတာကို စိတ်ဝင်စားမှာ အသေ အချာပါပဲ။

လောလောဆယ် အင်တာနက်သုံးနိုင်တဲ့ လေယာဉ်က ကမ္ဘာတလွှားမှာ အစီး ၃,ဝဝဝ ရှိနေတယ်၊ ၈ နှစ်အကြာမှာ အစီး ၁၅,ဝဝဝ ဖြစ်လာမယ်လို့ ခန့်မှန်း ထားကြောင်း အစီရင်ခံစာတခုကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။
ကန

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..