လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, February 3, 2014

ဗန်ကောက်နှင့် အန်ကောဝပ်သို့ အဝေးပြေးကားကြီးများ ခရီးစဉ်သစ် ထပ်တိုးပြေးဆွဲမည်

Photo: ဗန်ကောက်နှင့် အန်ကောဝပ်သို့ အဝေးပြေးကားကြီးများ ခရီးစဉ်သစ် ထပ်တိုးပြေးဆွဲမည်

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဗန်ကောက်နှင့် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ အဝေးပြေး ကားကြီးများ ပြေးဆွဲခြင်းကို လွန်ခဲ့သောလက စတင်ဆောင် ရွက်ခဲ့ရာ အဆင်ပြေချောမွေ့ ခဲ့သောကြောင့် ယခုအခါနောက်ထပ် ခရီးစဉ် သစ်များကိုလည်း ထပ်မံတိုးချဲ့ ပြေးဆွဲသွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်စသည့် မြို့ကြီးသုံးမြို့မှ ဗန်ကောက် နှင့် အန်ကောဝပ်သို့ အဝေးပြေးယာဉ်လိုင်း ခရီးစဉ်ခြောက်ခုကို စတင်ပြေးဆွဲ ပေးနေပြီး အဆိုပါ ခရီးစဉ်များမှာ ရန်ကုန်-ဗန်ကောက်၊ ရန်ကုန်- အန်ကော ဝပ်၊ ဘားအံ- ဗန်ကောက်၊ ဘားအံ-အန်ကောဝပ်၊ မော်လမြိုင်- ဗန်ကောက်နှင့် မော်လမြိုင်- အန်ကောဝပ် ခရီးစဉ်များ ပြေးဆွဲရာတွင်လည်း နိုင်ငံတကာ အဆင့်မီ လေအိတ် အဝေးပြေးကားကြီးများကို အသုံးပြုခြင်း၊ ခရီးသည်များ ကို အိမ်တိုင်ရာရောက် လိုက်ခေါ်ပေးခြင်း၊ ဗန်ကောက်နှင့် အန်ကောဝပ် ဆီသို့ ရောက်သောအခါ၌လည်း ခရီးသည်များ သွားလိုသည့် နေရာအထိလိုက်လံ ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့်လက်ရှိတွင် ခရီး စဉ်များကို အတက်အဆင်း တစ်ရက်ခြားစီ ပြေးဆွဲပေးနေကြောင်း သိရသည်။

ထို့အတူ VNT Business Group Yangon Air Bus Taxi ယာဉ်လိုင်းသစ် ကလည်း ခရီးစဉ် ကြာချိန် ၁၂ နာရီခန့်ဖြင့် ရန်ကုန်- ဗန်ကောက်နေ့ချင်း ရောက်ခရီးစဉ် တစ်ခုကို ခရီးသည် ၁၂ဝ နီးပါးဆံ့သည့် နှစ်ထပ်အဲကွန်း ဘတ်စကားများ အသုံးပြုကာ မကြာမီစတင်ပြေး ဆွဲသွားရန် အစီအစဉ်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဗန်ကောက်နှင့် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ အဝေးပြေး ကားကြီးများ ပြေးဆွဲခြင်းကို လွန်ခဲ့သောလက စတင်ဆောင် ရွက်ခဲ့ရာ အဆင်ပြေချောမွေ့ ခဲ့သောကြောင့် ယခုအခါနောက်ထပ် ခရီးစဉ် သစ်များကိုလည်း ထပ်မံတိုးချဲ့ ပြေးဆွဲသွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။လက်ရှိတွင် ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်စသည့် မြို့ကြီးသုံးမြို့မှ ဗန်ကောက် နှင့် အန်ကောဝပ်သို့ အဝေးပြေးယာဉ်လိုင်း ခရီးစဉ်ခြောက်ခုကို စတင်ပြေးဆွဲ ပေးနေပြီး အဆိုပါ ခရီးစဉ်များမှာ ရန်ကုန်-ဗန်ကောက်၊ ရန်ကုန်- အန်ကော ဝပ်၊ ဘားအံ- ဗန်ကောက်၊ ဘားအံ-အန်ကောဝပ်၊ မော်လမြိုင်- ဗန်ကောက်နှင့် မော်လမြိုင်- အန်ကောဝပ် ခရီးစဉ်များ ပြေးဆွဲရာတွင်လည်း နိုင်ငံတကာ အဆင့်မီ လေအိတ် အဝေးပြေးကားကြီးများကို အသုံးပြုခြင်း၊ ခရီးသည်များ ကို အိမ်တိုင်ရာရောက် လိုက်ခေါ်ပေးခြင်း၊ ဗန်ကောက်နှင့် အန်ကောဝပ် ဆီသို့ ရောက်သောအခါ၌လည်း ခရီးသည်များ သွားလိုသည့် နေရာအထိလိုက်လံ ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့်လက်ရှိတွင် ခရီး စဉ်များကို အတက်အဆင်း တစ်ရက်ခြားစီ ပြေးဆွဲပေးနေကြောင်း သိရသည်။

ထို့အတူ VNT Business Group Yangon Air Bus Taxi ယာဉ်လိုင်းသစ် ကလည်း ခရီးစဉ် ကြာချိန် ၁၂ နာရီခန့်ဖြင့် ရန်ကုန်- ဗန်ကောက်နေ့ချင်း ရောက်ခရီးစဉ် တစ်ခုကို ခရီးသည် ၁၂ဝ နီးပါးဆံ့သည့် နှစ်ထပ်အဲကွန်း ဘတ်စကားများ အသုံးပြုကာ မကြာမီစတင်ပြေး ဆွဲသွားရန် အစီအစဉ်ရှိ ကြောင်း သိရသည်။
ကန

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..