လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, February 7, 2014

အမျိုးသမီးတစ်ဦးကို ရက်စက်စွာ အသတ်ခံရသည့်အမှု (၃)ရက်အတွင်း ခက်ခက်ခဲခဲ ဖော်ထုတ်နိုင်ခဲ့

Photo: အမျိုးသမီးတစ်ဦးကို ရက်စက်စွာ အသတ်ခံရသည့်အမှု (၃)ရက်အတွင်း ခက်ခက်ခဲခဲ ဖော်ထုတ်နိုင်ခဲ့

မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်၊ မကွေးမြို့၊ ခွေးတိုင်းရိုး သုသာန်ဟောင်း၏ တောင်ဘက် ရှိ ကန္တာရတောထဲတွင် အမျိုး သမီးတစ်ဦးကိုရက်စက်စွာအသတ် ခံရမှုကို မကွေးခရိုင်ရဲတပ်ဖွဲ့က (၃)ရက်အတွင်း လူသတ်တရားခံ ကို ခက်ခက်ခဲခဲ ဖော်ထုတ်ဖမ်းဆီး ရမိကြောင်း သတင်းရသည်။
ဖြစ်စဉ်မှာ -၂၉.၁.၂၀၁၄ ရက် မွန်းတည့် ၁၂ နာရီအချိန် ခန့် မကွေးမြို့၊ ချမ်းမြေ့သာယာ ကျေးရွာအနီးခွေးတိုင်းရိုးသုသာန် ဟောင်း၏ တောင်ဘက်ရှိကန္တာရ တောထဲတွင် အမျိုးသမီးတစ်ဦး အလောင်း တွေ့ရှိကြောင်း သေ ဆုံးသူမှာ မနီနီမြင့် (၂၅)နှစ် (ဘ) ဦးဘမော်၊ ဈေးရောင်းအမှတ် ၁၀ က/၂ မေတ်္တာလမ်း၊ စိုးပေါ် မင်းရပ်ကွက် နေထိုင်သူဖြစ် ကြောင်း၊ ၄င်းသည် ကျောက်ပန်း တောင်းမြို့နယ် ပွေးကျစ်ရွာမှ မကွေးမြို့သို့ ပြောင်းရွှေ့နေထိုင် သည်မှာ တစ်လခွဲခန့်သာ ရှိပြီ ဖြစ်ကြောင်း သူမတွင် အသက် (၄)နှစ်အရွယ် သားတစ်ယောက် ရှိကြောင်း၊ သူမ၏ခင်ပွန်းမှာသက် နိုင်လင်း ယာဉ်နောက်လိုက်ဖြစ် ကြောင်း၊ ခင်ပွန်းဖြစ်သူမှာ ညီဝမ်း ကွဲတော်စပ်သူ ကိုနေလင်းထွန်း ၏ ယာဉ်တွင် ယာဉ်နောက်လိုက် လုပ်ရန် ခရီးထွက်သွားကြောင်း ရဲက စုံစမ်းသိရသည် ဆို၏။
သေဆုံးသူ မနီနီမြင့်၏ ၀ဲ ဘက်မေးရိုးအောက်တွင်ထိုးသွင်း ဒဏ်ရာတစ်ချက်၊၀မ်းဗိုက်အလယ် ၌ ထိုးသွင်းဒဏ်ရာ တစ်ချက်နှင့် ယာဘက်ရင်အုံအထက် ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံး နေကြောင်း၊ သေဆုံးသူ၏ အလောင်းအနီးတွင် အရိုးမပါ သော ငါးမန်းသွား ဓားဦးချွန် (၈) လက်မခန့် ဓားတစ်ချောင်း ပုဆိုး ဟောင်း အနီကွက်တစ်ထည်နှင့် နီညိုရောင် ကတ်္တီပါ အမျိုးသမီးစီး ၀ဲဘက်ဖိနပ် တစ်ဖက်ကို စစ်ဆေးတွေ့ရှိရရကြောင်း သိရ သည်။
၎င်းမနီနီမြင့် အသတ်ခံရမှု နှင့်ပတ်သက်၍ ၄င်း၏ခဲအိုဖြစ်သူ ကိုနေလင်းထွန်း ရန်ကင်းရပ်ကွက် (၁)လမ်း အမှတ်(၁၀၃)နေထိုင်သူ မှ လူသတ်တရားခံကို ဥပဒေနှင့် အညီ အရေးယူပေးပါရန် တရား လိုပြုလုပ် တိုင်တန်းသဖြင့် မကွေး မြို့မရဲစခန်းက (ပ)၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားပြီးလူသတ်တရားခံ ကို အမြန်ဆုံးဖမ်းဆီး ရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၁-၂-၂၀၁၄ ရက်တွင် ထူးခန့်ကျော် (၂၀)နှစ်၊ ရွာသစ်ရပ်ကွက်၊ (၁၈) လမ်း၊ မကွေးမြို့နေထိုင်သူကို မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့၌ လက်ရဖမ်းဆီးရမိခဲ့ပြီး ၄င်း ထူးခန့်ကျော်ကလည်း မိမိတစ်ဦး တည်း ပြစ်မှုကျူးလွန်ခဲ့မိကြောင်း ၀န်ခံထွက်ဆိုခဲ့ကြောင်း သတင်း ရသည်။

Credit to Myawady news

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..