လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, February 3, 2014

ပြည်တွင်းက မိုဘိုင်းလ်ဖုန်းတွေ အာရှ ၉ နိုင်ငံကို သယ်ဆောင်အသုံးပြုနိုင်ပြီ

Photo: ပြည်တွင်းက မိုဘိုင်းလ်ဖုန်းတွေ အာရှ ၉ နိုင်ငံကို သယ်ဆောင်အသုံးပြုနိုင်ပြီ
--------------
အာရှဒေသတွင်း ကိုးနိုင်ငံမှာ ပြည်တွင်းက ပို့စ်ပိတ်စနစ်သုံး မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်သူတွေ အင်တာနေရှင်နယ် အောက်ဘောင်းရွှန်းမင်း (International Outbond Roming) စနစ်ကို အသုံးပြုနိုင်ပြီ လို့လည်း သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက ‘အာရှ ဒေသတွင်း ကိုးနိုင်ငံမှာ အင်တာနေရှင်နယ် အောက်ဘောင်းရွှန်းမင်းစနစ်ကို စမ်းသပ်ပြီး ဖြစ်တဲ့အတွက် ပြည်တွင်းက မိုဘိုင်းလ်ဖုန်းတွေ ပြည်ပမှာ သယ်ယူအသုံးပြုနိုင်ပါပြီ၊ ဒီကိုးနိုင်ငံအပြင် တခြားနိုင်ငံတွေမှာ သယ်ယူအသုံးပြုနိုင်ဖို့ နိုင်ငံတကာ တယ်လီကွန်အော်ပရေတာတွေနဲ့ ဆွေးနွေးနေပါတယ်’ လို့ ပြောပါတယ်။

ပြည်တွင်း မိုဘိုင်းလ်ဖုန်းတွေ ပြည်ပမှာ သယ်ယူအသုံးပြုနိုင်ဖို့ စက်မှုပိုင်းနဲ့ ခေါ်ဆိုမှုတွေအတွက် တွက်ချက် ကောက်ခံနိုင်ရေး ပထမအဆင့်အဖြစ် ပို့စ်ပိတ် (postpaid) အသုံးပြုသူတွေအတွက် စမ်းသပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သယ်ယူအသုံးပြုနိုင်မယ့် နိုင်ငံတွေက ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်ဟောင်ကောင် (အထူးဒေသ)၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတွေ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..