လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, February 3, 2014

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များအသင်းနှင့် ပူးပေါင်းကာ အကြီးစားအဆင့်မြှင့်တင်မှု ပြုလုပ်မည်

Photo: ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များအသင်းနှင့် ပူးပေါင်းကာ အကြီးစားအဆင့်မြှင့်တင်မှု ပြုလုပ်မည်

ဇန်န၀ါရီ ၃၁ ရက် တရုတ်နှစ်သစ်ကူးနေ့က ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သူများကို တွေ့ရစဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များအသင်းနှင့် ပူးပေါင်းကာ အကြီးစားအဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက Weekly Eleven ဂျာနယ်သို့ ပြောကြားခဲ့သည်။

“မလေးရှားကို ဆွေးနွေးပွဲ သွားတက်တဲ့အခါမှာ ခင်မင်ခဲ့တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အရှေ့တောင်အာရှအသင်းက လူတွေကို အကူအညီ တောင်းခံခဲ့တာပါ။ အကူတောင်းတယ်ဆိုပေမယ့် ငွေကြေးကတော့ ကိုယ့်ဘာသာ အကုန်ကျခံရမှာပါ။ အခု သူတို့ဘက်က ပညာရှင်တွေကိုခေါ်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ဆာဗေးဆင်းပြီးသွားပြီ” ဟု ရန်ကုန်တိရစ္ဆာန် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကဆိုသည်။

“တိရစ္ဆာန်ဥယျာဉ်ကို အဆင့်မြှင့်တင်တယ်ဆိုတဲ့နေရာမှာ အခုပြသနေတဲ့ ပြကွက်တွေကို ပြောင်းလဲပြသသွားမှာပါ။ အဲဒီအတွက် သူတို့ဘက်က ကွန်ဒိုမြေပုံတောင်းတယ်။ ကွန်ဒိုမြေပုံ ထွက်လာဖို့အတွက် တိရစ္ဆာန်ဥယျာဉ်ကို နှစ်ပတ်လောက် အချိန်ယူ တိုင်းတာမှုတွေ လုပ်ခဲ့ရတယ်။ မြေပုံထွက်လာရင်တော့ သစ်တောဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းခံဖို့ စာတင်မှာပါ” ဟု ယင်းကဆက်လက် ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလတွင် BOT စနစ်ဖြင့် ထူးကုမ္ပဏီများအုပ်စုက ငှားရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လှော်ကားဥယျာဉ် (ရန်ကုန်) တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ ဆာဖာရီဥယျာဉ် (နေပြည်တော်)၊ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ် (မန္တလေး)တို့ကိုလည်း ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှစ၍ BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့သို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီမှ လွှဲပြောင်းလုပ်ကိုင်ပြီးနောက်ပိုင်း၂ဝ၁၂ ခုနှစ် ၊ ဧပြီတစ်ရက်နေ့တွင်မူ ယခင်ထက်ဝင်ကြေးနှစ်ဆ တိုးမြှင့်ကောက်ခံခဲ့ရာ လာရောက်လည်ပတ်သူဦးရေ သိသိသာသာ လျော့နည်းခဲ့သည်ဟု သိရသည်။ သို့ရာတွင် ၂ဝ၁၃ ခုနှစ်အတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း မျိုးစိတ်အသစ်များ ထပ်မံထည့်သွင်းပြသခြင်း၊ အကောင်သစ်များ ပေါက်ဖွားခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းတို့ကြောင့် လာရောက်လည်ပတ်သူ များပြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ နို့တိုက်သတ္တဝါ ၄၅ မျိုး၊ ကျေးငှက်သတ္တဝါ ၆၈ မျိုး၊ တွားသွားသတ္တဝါ ၁၈ မျိုး စုစုပေါင်း ၁၃၁ မျိုးကို ပြသထားပြီး ပြကွက်ပေါင်း ၄၆ ကွက် ပြသထားသည်ဟု သိရသည်။
ဇန်န၀ါရီ ၃၁ ရက် တရုတ်နှစ်သစ်ကူးနေ့က ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ်သူများကို တွေ့ရစဉ်ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား အရှေ့တောင်အာရှ တိရစ္ဆာန်ဥယျာဉ်များအသင်းနှင့် ပူးပေါင်းကာ အကြီးစားအဆင့်မြှင့်တင်မှု ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၊ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက Weekly Eleven ဂျာနယ်သို့ ပြောကြားခဲ့သည်။
“မလေးရှားကို ဆွေးနွေးပွဲ သွားတက်တဲ့အခါမှာ ခင်မင်ခဲ့တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အရှေ့တောင်အာရှအသင်းက လူတွေကို အကူအညီ တောင်းခံခဲ့တာပါ။ အကူတောင်းတယ်ဆိုပေမယ့် ငွေကြေးကတော့ ကိုယ့်ဘာသာ အကုန်ကျခံရမှာပါ။ အခု သူတို့ဘက်က ပညာရှင်တွေကိုခေါ်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ဆာဗေးဆင်းပြီးသွားပြီ” ဟု ရန်ကုန်တိရစ္ဆာန် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကဆိုသည်။

“တိရစ္ဆာန်ဥယျာဉ်ကို အဆင့်မြှင့်တင်တယ်ဆိုတဲ့နေရာမှာ အခုပြသနေတဲ့ ပြကွက်တွေကို ပြောင်းလဲပြသသွားမှာပါ။ အဲဒီအတွက် သူတို့ဘက်က ကွန်ဒိုမြေပုံတောင်းတယ်။ ကွန်ဒိုမြေပုံ ထွက်လာဖို့အတွက် တိရစ္ဆာန်ဥယျာဉ်ကို နှစ်ပတ်လောက် အချိန်ယူ တိုင်းတာမှုတွေ လုပ်ခဲ့ရတယ်။ မြေပုံထွက်လာရင်တော့ သစ်တောဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းခံဖို့ စာတင်မှာပါ” ဟု ယင်းကဆက်လက် ပြောကြားခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလတွင် BOT စနစ်ဖြင့် ထူးကုမ္ပဏီများအုပ်စုက ငှားရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လှော်ကားဥယျာဉ် (ရန်ကုန်) တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)၊ ဆာဖာရီဥယျာဉ် (နေပြည်တော်)၊ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ် (မန္တလေး)တို့ကိုလည်း ၂ဝ၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှစ၍ BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့သို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီမှ လွှဲပြောင်းလုပ်ကိုင်ပြီးနောက်ပိုင်း၂ဝ၁၂ ခုနှစ် ၊ ဧပြီတစ်ရက်နေ့တွင်မူ ယခင်ထက်ဝင်ကြေးနှစ်ဆ တိုးမြှင့်ကောက်ခံခဲ့ရာ လာရောက်လည်ပတ်သူဦးရေ သိသိသာသာ လျော့နည်းခဲ့သည်ဟု သိရသည်။ သို့ရာတွင် ၂ဝ၁၃ ခုနှစ်အတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း မျိုးစိတ်အသစ်များ ထပ်မံထည့်သွင်းပြသခြင်း၊ အကောင်သစ်များ ပေါက်ဖွားခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းတို့ကြောင့် လာရောက်လည်ပတ်သူ များပြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ နို့တိုက်သတ္တဝါ ၄၅ မျိုး၊ ကျေးငှက်သတ္တဝါ ၆၈ မျိုး၊ တွားသွားသတ္တဝါ ၁၈ မျိုး စုစုပေါင်း ၁၃၁ မျိုးကို ပြသထားပြီး ပြကွက်ပေါင်း ၄၆ ကွက် ပြသထားသည်ဟု သိရသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..