လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, February 4, 2014

ပရိသတ်များ၏ ဂရုစိုက်မှုကြောင့် ပီတိဖြစ်ဟု ဦးဝင်းနိုင်(အနုပညာ)ဆို

Photo: ပရိသတ်များ၏ ဂရုစိုက်မှုကြောင့် ပီတိဖြစ်ဟု ဦးဝင်းနိုင်(အနုပညာ)ဆို

အနုပညာ လောကတွင် တစ်ခေတ်တစ်ခါက ထင်ရှားခဲ့သူ ဦးဝင်းနိုင် (နဂါး လေး) ကွယ်လွန်သွားသည့် သတင်းသည် လက်ရှိအချိန်တွင် အောင်မြင် ကျော်ကြားနေသည့် ဟာသသရုပ်ဆောင် လူရွှင်တော်ဦးဝင်းနိုင် (အနုပညာ)၏ဓာတ်ပုံဖြင့် မီဒီယာတစ်ခုက မှားယွင်းဖော်ပြခဲ့သည်။

ထို့ကြောင့် ဦးဝင်းနိုင်(အနုပညာ)ထံသို့ အသိမိတ်ဆွေများ၊ ပရိသတ်များက သတင်းမေးမြန်းခြင်းများရှိခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ၀မ်းသာပီတိ
ဖြစ်ရကြောင်း၊ ကျေးဇူးလည်းတင်ကြောင်း စံတော်ချိန်သို့ ဖေဖော်ဝါရီ 
၂ ရက်က လာရောက်ပြောကြားခဲ့သည်။

' ဒီလိုမှားယွင်းမှုကနေပြီးတော့ ကျွန်တော့်ကို ပရိသတ်တွေ ဘယ်လောက် ချစ်ခင်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သိလိုက်ရတဲ့အတွက်ကြောင့် အလွန်ကိုပီတိဖြစ်ရပါတယ်။ အမေရိကန်ကနေပြီးတော့တောင် သတင်းလှမ်းမေးမှုတွေရှိတော့ ကိုယ့်ရဲ့ပရိသတ်က ဒီလောက်တောင် ကျယ်ပြန့်နေကြောင်း သိလိုက်ရပါတယ် ' ဟု ၎င်းကပြောဆိုသည်။

အဆိုပါသတင်း မှားယွင်းထွက်ပေါ်လာချိန်တွင် ၎င်းမှာ နယ်မြို့ တစ်မြို့သို့ ရောက်ရှိနေခြင်းကြောင့် ဆက်သွယ်မရခဲ့ရာမှ အတည်သဖွယ်ဖြစ် သွားခဲ့ရကြောင်း၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ သတင်းမေးမြန်းခဲ့သူ ၂၀၀၀ ကျော်ခန့်ကို ပြန်လည်ဖြေကြားပေးခဲ့ရပြီး သတင်းထွက်ပေါ်ပြီးချိန်မှ ယခု အချိန်အထိဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားနေရဆဲ
ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးဝင်းနိုင် (အနုပညာ)သည် မကြာခင်အချိန်တွင် ဇာတ်ကားတစ်ကား ရိုက်ကူးရန်ရှိပြီး ရုပ်သံချန်နယ်လ်များမှ ထုတ်လွှင့်လျက်ရှိသည့် လူရွှင်တော် ပြိုင်ပွဲများ၊ ဟာသ တစ်ခန်းရပ်ဇာတ်လမ်းများတွင်ပါဝင်၍ အနုပညာလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။ ဦးဝင်းနိုင် (နဂါးလေး)သည် ဇန်န၀ါရီ ၂၉ ရက်က ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
အနုပညာ လောကတွင် တစ်ခေတ်တစ်ခါက ထင်ရှားခဲ့သူ ဦးဝင်းနိုင် (နဂါး လေး) ကွယ်လွန်သွားသည့် သတင်းသည် လက်ရှိအချိန်တွင် အောင်မြင် ကျော်ကြားနေသည့် ဟာသသရုပ်ဆောင် လူရွှင်တော်ဦးဝင်းနိုင် (အနုပညာ)၏ဓာတ်ပုံဖြင့် မီဒီယာတစ်ခုက မှားယွင်းဖော်ပြခဲ့သည်။
ထို့ကြောင့် ဦးဝင်းနိုင်(အနုပညာ)ထံသို့ အသိမိတ်ဆွေများ၊ ပရိသတ်များက သတင်းမေးမြန်းခြင်းများရှိခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ၀မ်းသာပီတိ
ဖြစ်ရကြောင်း၊ ကျေးဇူးလည်းတင်ကြောင်း စံတော်ချိန်သို့ ဖေဖော်ဝါရီ
၂ ရက်က လာရောက်ပြောကြားခဲ့သည်။' ဒီလိုမှားယွင်းမှုကနေပြီးတော့ ကျွန်တော့်ကို ပရိသတ်တွေ ဘယ်လောက် ချစ်ခင်တယ်၊ ဂရုစိုက်တယ်ဆိုတာကို သိလိုက်ရတဲ့အတွက်ကြောင့် အလွန်ကိုပီတိဖြစ်ရပါတယ်။ အမေရိကန်ကနေပြီးတော့တောင် သတင်းလှမ်းမေးမှုတွေရှိတော့ ကိုယ့်ရဲ့ပရိသတ်က ဒီလောက်တောင် ကျယ်ပြန့်နေကြောင်း သိလိုက်ရပါတယ် ' ဟု ၎င်းကပြောဆိုသည်။

အဆိုပါသတင်း မှားယွင်းထွက်ပေါ်လာချိန်တွင် ၎င်းမှာ နယ်မြို့ တစ်မြို့သို့ ရောက်ရှိနေခြင်းကြောင့် ဆက်သွယ်မရခဲ့ရာမှ အတည်သဖွယ်ဖြစ် သွားခဲ့ရကြောင်း၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ သတင်းမေးမြန်းခဲ့သူ ၂၀၀၀ ကျော်ခန့်ကို ပြန်လည်ဖြေကြားပေးခဲ့ရပြီး သတင်းထွက်ပေါ်ပြီးချိန်မှ ယခု အချိန်အထိဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားနေရဆဲ
ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးဝင်းနိုင် (အနုပညာ)သည် မကြာခင်အချိန်တွင် ဇာတ်ကားတစ်ကား ရိုက်ကူးရန်ရှိပြီး ရုပ်သံချန်နယ်လ်များမှ ထုတ်လွှင့်လျက်ရှိသည့် လူရွှင်တော် ပြိုင်ပွဲများ၊ ဟာသ တစ်ခန်းရပ်ဇာတ်လမ်းများတွင်ပါဝင်၍ အနုပညာလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။ ဦးဝင်းနိုင် (နဂါးလေး)သည် ဇန်န၀ါရီ ၂၉ ရက်က ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..