ဘရက်စ်ချီဝစ်ဂ်ကို အားပေးသူ ADAC ဒါရိုက်တာ တစ်ဦးသည် အရေးပေါ်
လူနာတင်ယာဉ်အဖြစ် သတ်မှတ်ထားသည့် ရဟတ်ယာဉ် တစ်စင်းကို ကလပ်အသင်းထံ လွှဲပေးကာ
မြက်ခင်းပြင် ရေခြောက်စေမည့် လေမှုတ်အခြောက်ခံစက်အဖြစ် အသုံးပြုစေခြင်းဟု ဆိုသည်။
မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဘောလုံးကွင်းထဲ ရေဝပ်နေသော အခြေအနေကို ရှင်းလင်းဖယ်ရှားရာတွင် အိန့်ထရက်ခ်ျ ဘရက်စ်ချီဝစ်ဂ် အသင်း၏ လုပ်ဆောင်ပုံက သမားရိုးကျ လမ်းဟောင်းများမှ သိသိသာသာ ခွဲထွက်လျှက်ရှိသည်။ သာမန်အားဖြင့် ဘောလုံးကွင်းများတွင် ရေဝပ်သည့်အခါ ရေများကို လမ်းကြောင်းပြောင်း ဖောက်ထုတ်ပစ်လေ့ ရှိသော်လည်း ဘရက်စ်ချီဝစ်ဂ်ကမူ ယင်းတို့ကို အခြောက်ခံပစ်ရန် ဆုံးဖြတ်ခဲ့သည်။
ကြီးမားသော ဘောလုံးကွင်း မြက်ခင်းပြင်ကြီးကို လေမှုတ်အခြောက်ခံရန် အစီအစဉ်အရ ကြီးမားသည့် ပန်ကာကြီးတစ်လက် လိုအပ်မည်ဖြစ်သည်။ ထို့အတွက် ဘရက်စ်ချီဝစ်ဂ် အသင်းက ရွေးချယ်လိုက်သော လေမှုတ်စက်သည် ရဟတ်ယာဉ်တစ်စင်း ဖြစ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးမားဆုံး အော်တိုမိုဘိုင်းလ် ကလပ်ဖြစ်သည့် ADAC၏ အတွင်းပိုင်း ခြစားမှုများကို ဂျာမန်ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ရင်း ယခုဖြစ်စဉ်ကို သိရှိလာခြင်း ဖြစ်သည်။
ဘရက်စ်ချီဝစ်ဂ်ကို အားပေးသူ ADAC ဒါရိုက်တာ တစ်ဦးသည် အရေးပေါ် လူနာတင်ယာဉ်အဖြစ် သတ်မှတ်ထားသည့် ရဟတ်ယာဉ် တစ်စင်းကို ကလပ်အသင်းထံ လွှဲပေးကာ မြက်ခင်းပြင် ရေခြောက်စေမည့် လေမှုတ်အခြောက်ခံစက်အဖြစ် အသုံးပြုစေခြင်းဟု ဆိုသည်။ လတ်တလောတွင် ဘရက်စ်ချီဝစ်ဂ်သည် ဘွန်းဒစ်လီဂါ ပြိုင်ပွဲမှ တန်းဆင်းရမည့် အခြေအနေမျိုးဖြင့် ရုန်းကန်နေရဆဲ ဖြစ်သည်။
Planet Myanmar Network

No comments:
Post a Comment