လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, February 28, 2014

မန်ယူနှင့်ပွဲ၌ ဆွာရက်ဇ် ကမ္ဘာ့ပထမဆုံး ချည်သားဖိနပ် ၀တ်ဆင်မည်

လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်မှာ မန်ယူနှင့် ကစားမည့် ပွဲစဉ်တွင် Adidas ကုမ္ပဏီမှ ထုတ်လုပ်သည့် ကမ္ဘာ့ပထမဆုံး ချည်သားဖိနပ် ၀တ်ဆင်သွားမည်ဟု သိရသည်။အရံ ၁၅၀သာ ထုတ်လုပ်မည့် ကမ္ဘာ့ပထမဆုံး ချည်သားဖိနပ်ကို မတ်လ ၁၇ရက်မှသာ ဈေးကွက်တွင်း
ရောင်းချသွားမည်ဖြစ်ပြီး ပေါင် ၂၂၀ တန်ကြေးရှိကြောင်း ဒေးလီးမေးလ်မှ ဖော်ပြခဲ့သည်။
ချည်သားဖြင့် ချုပ်လုပ်ထားခြင်းကြောင့် ပါးလွာသည့် အဆိုပါဖိနပ်များကို ၀တ်ဆင်ပါက ကစားသမားများ ထိခိုက်ဒဏ်ရာ ရနိုင်သည်ဟု ဝေဖန်မှုများ ပေါ်ထွက်ခဲ့သော်လည်း ဘောလုံးအားကစားဆိုင်ရာ Adidas ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ မားကပ်စ်ဘားမန်းက မိမိတို့၏ ထုတ်ကုန်ပစ္စည်းများမှာ ကစားသမားများ၏ လိုအပ်ချက်အတွက်ဖြစ်ပြီး သက်သောင့်သက်သာ ရှိစေသလို အံ့ဝင်ခွင်ကျဖြစ်စေမည်ဟုလည်း ပြောကြားခဲ့သည်။ Adidas ချည်သားဖိနပ်ကို

ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်မီ ဆန်းသစ်မှုများပြုလုပ်၍ ထပ်မံထုတ်လုပ်သွားဖွယ်ရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် Nike ကုမ္ပဏီထုတ် မက်ဂျီစတာဖိနပ်နှင့် ယှဉ်ပြိုင်ရလိမ့်မည်ဟု ဒေးလီးမေးလ်မှ သုံးသပ်ထားသည်။

http://yoyarlay.com/sport/football/40174-2014-02-27-17-24-54

@z (ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..