လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, February 28, 2014

ပြည်သူကိုဒူးထောက်တောင်းပန်ခဲ့ကြတဲ့ ယူကရိန်းအဓိက ရုန်းနှိမ်နင်းရေးရဲများ

ယူကရိန်းနိုင်ငံက အဓိကရုဏ်းနှိမ်နင်းရေးရဲတွေဟာ အစိုးရကိုဆန့် ကျင်ဆန္ဒပြသူတွေ ကို ပစ်ခတ် ရိုက်နှက်နှိမ် နင်းခဲ့တဲ့သူတို့ ရဲ့ တပ်ဖွဲ့ ဝင်များကိုခွင့်လွှတ်ပေးဖို့  ဒူးထောက်ပြီး ယူကရိန်းနိုင်ငံသားတွေ ကိုတောင်းပန်ခဲ့ကြပါတယ်။
မြို့ တော် ကိအက်ဗ်ကနေတာဝန်ပြီးဆုံး လို့  Lviv မြို့ ကိုပြန်လာကြတဲ့ဘာကွတ် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဝင်တွေဟာလူအုပ်ရှေ့ ကစင်မြင့်ပေါ်ကနေခုလိုတောင်းပန်ခဲ့ကြတာဖြစ်ပါတယ်။
ရဲအရာရှိတစ်ယောက်က "ကျနော်တို့ ကိုခွင့်လွှတ်ကြဖို့ တောင်းပန်ပါတယ်။သေဆုံးသွားခဲ့ရသူတွေအတွက်ကျနော် တို့ အားလုံးဒူးထောက်တောင်းပန်ပါတယ်" လို့ ပြောခဲ့ပါတယ်။
မြို့ လူထုက

"ရှက်စရာ""ခုံရုံးတင်" စတဲ့ စကားတွေနဲ့ ဝိုင်းဝန်းအော်ဟစ်ခဲ့ကြပါတယ်။
ဒါပေမယ့်ရဲ တွေကသတ်ဖြတ်၊ရိုက်နှက်မှုတွေလုပ်တဲ့အထဲမှာသူတို့ မပါခဲ့ဘူးဆိုတာကို အလေး အနက် ထားပြီးပြောခဲ့ပါတယ်။

ရဲအရှိတစ်ယောက်က
"ကျနော်တို့ ထဲကတစ်ဝက်လောက်ဟာ အပြစ်ကင်းစင်ပါတယ်။ ခုလိုဒူးထောက်တောင်းပန်သင့် တဲ့သူတွေ မဟုတ် ပါဘူး။ သူတို့ မှာအပြစ်မရှိပါဘူး။ယူကရိန်းလူထုကိုကာကွယ်ရမယ်ဆိုတဲ့ ကတိသစ္စာကို သူတို့ စောင့်ထိန်းခဲ့ကြပါတယ်။သူတို့ လူထုကိုသေနတ်နဲ့ မပစ်ခဲ့ဘူး။တုတ်နဲ့ မရိုက်ခဲ့ဘူး။ အခြေအနေ တစ်ခု ကိုမလွှဲမရှောင်သာရောက်ရှိသွားခြင်းသာဖြစ်ပါတယ်" လို့ ပြောပါတယ်။
ကြားဖြတ်အစိုးရပြည်ထဲရေးဝန်ကြီး အာဆန်အဗာကော့က ပြီးခဲ့တဲ့သီတင်း ပတ် က လွတ် လပ်ရေးရင်ပြင် မှာ ဒါဇင်နဲ့ ချီတဲ့ ဆန္ဒပြသူတွေသေဆုံးခဲ့ရတဲ့ကိစ္စနဲ့  ပတ်သက်ပြီး ရဲအရာရှိတချို့ ရဲ့ ပြုမူဆောင်ရွက်ပုံ ကိုစုံစမ်းစစ်ဆေးမယ်လို့ ပြောပါတယ်။

Lvivမြို့ လူထုနဲ့ ခြားနားစွာပဲသြဒက်ဆာနဲ့ ခရိုင်းမီးယား မြို့ ကို ပြန်ရောက်လာတဲ့ ဘာကွတ် ရဲတွေ ကို လူတွေက ရုရှားအလံတွေဝှေ့ ယမ်းပြီးကြိုဆိုခဲ့ကြပါတယ်။
ဒီအချက်က ယူကရိန်းနိုင်ငံသားတွေရဲ့ ကြားမှာ နက်နက်ရှိုင်းရှိုင်း ကွဲပြားမှုရှိနေတာကိုဖော်ပြနေပါတယ်။

the melting pot 4 U

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..