လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 2, 2014

ရာဇာမင်း ခရီးသည်တင်မှန်လုံကား တိမ်းမှောက်၍ ခရီးသည်(၇)ဦးဒဏ်ရာရ

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီ အချိန်တွင် မြ၀တီ -ကော့ကရိတ် ကားလမ်း၊ တောင်ပေါ်လမ်း တွင် ရာဇာမင်းခရီးသည်တင်မှန်လုံယာဉ်(၁)စီးတိမ်းမှောက်ကြောင်း သတင်းရရှိ၍ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးမင်းထွန်း၊ တပ်ကြပ်ကြီး အောင်စိန်တို့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃၀ နေ့လည် ၁၂း၃၀ အချိန်ခန့်တွင် ယာဉ်မောင်း စိုးမောင်(၄၉)နှစ်(ဘ)ဦးတင်အေး၊ ဗမာ/ဗုဒ္ဓ ဘဏ် ရိပ်သာရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း နေသူသည် ၈ဈ/……… ရာဇာမင်းခရီးသည် တင်မှန်လုံ ယာဉ်အား မြ၀တီမှ ရန်ကုန်သို့သွားရန် ခရီးသည် ၂၇ဦး၊ သံဃာ ၂ပါး၊ နိုင်ငံခြားသား ၂ဦး တို့ကို တင် ဆောင် မောင်းနှင်လာစဉ် မြ၀တီ-ကော့ကရိတ်ကားလမ်း၊ မိုင်တိုင်အမှတ် ၈၂/၁ နှင့် ၈၂/၂ ကြားအရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ညာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ခရီးသည်များမှ မဖြိုးအိအောင်(၁၉)နှစ်၊ မျိုးကို(၂၄) နှစ်၊ ဒေါ်စိုးစိုးကြည် (၅၈)နှစ်၊ ဒေါ်ရင်ရင်(၆၃)နှစ်၊ ကိုစိုးနိုင်(၄၂)နှစ်၊ အရှင်ဦးဆန္ဒ(၃၀)နှစ် တို့ ဒဏ်ရာ အသီးသီး (မစိုးရိမ်ရ) ရရှိ၍ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားရှိပြီး ကျန်ခရီးသည်များမှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိပေ။

သို့ပါ၍ ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် ခရီးသည်များ ဒဏ်ရာရရှိခဲ့၍ ယာဉ်မောင်းစိုးနိုင်အား ဥပဒေအရ အရေးယူ ပေးပါရန် ဒုရဲအုပ်မျိုးမင်းထွန်းမှ တရားလိုပြု တိုင်တန်း ခဲ့သဖြင့် ကော့ကရိတ်မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက် လျက်ရှိကြေင်း သိရှိရပါသည်။

MOI Webportal Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..