အကူ အညီ မဲ့နေသော လမ်းဘေး မှ လူ နာ များ တွေ့ ရှိပါ က အကြောင်း ကြား နိုင်ပြီး လူနာ တင် ယာဉ် ဖြင့် ဆေးရုံ သို့ ပို့ဆောင် ကူညီ ပေးမည် ဖြစ်ကြောင်း သွေးမေတ္တာ ပရဟိတ အဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ကျော် (အဘိဓမ္မာ) က The Messenger သတင်းစာ သို့ ပြောသည်။
သံသုမာ လမ်းမပေါ် ကြက်ဘဲဈေး အနီး ရှိ ဈေးကလေးမှတ်တိုင်တွင် တစ်လလျှင် စွန့် ပစ်လူနာ တစ်ဦး နှုန်း ခန့် တွေ့နေရ၍ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဦးမြတ်ကျော် က ပြောသည်။ မိသားစု တွေက မ တတ် နိုင်လို့ ဖြစ် မယ်။ ဘယ်သူတွေက လာစွန့်ပစ် သွားလဲ တော့ မသိဘူး။ အဲဒီလို စွန့်ပစ်ခံရတဲ့ လူနာ တွေက ရက်ပိုင်း အတွင်းမှာပဲ အားအင်ချိ နဲ့ပြီး သေဆုံး နေတာ တွေ့ရတယ်။ တခြား နေရာ တွေမှာ လည်း ဒီလို အဖြစ် မျိုးတွေ ရှိနေနိုင် တယ် ဟု ၎င်း က ပြောသည်။
အကူ အညီ မဲ့နေသော လမ်းဘေး လူနာ များ တွေ့ရှိ ပါက ဖုန်း နံပါတ် ၀၉ ၇၃၀ ၀၆၁၃၁ သို့ ဆက် သွယ် နိုင်ပြီး ဆေးရုံများမှာ လူနာ စောင့်မပါလျှင် လူနာအား လက်မခံသော ကြောင့် မိမိတို့မှာ အခမဲ့လူနာစောင့် (၁၂)ဦး ဖြင့် အလှည့်ကျ ကူညီစောင့်ရှောက်ပေးမည် ဖြစ်ကြောင်းနှင့် လမ်းဘေးတွင် အကူအညီမဲ့ နေသော လူ နာများအတွက် လူနာစောင့် အဖြစ် ကူညီလို ပါ ကလည်း အထက်ပါ ဖုန်း နံပါတ် သို့ ဆက်သွယ် နိုင်ကြောင်း ဦးမြတ်ကျော် က ဆက်ပြော သည်။

ကန

No comments:
Post a Comment