Super Bowl Party တွင် ဖျော်ဖြေ ပေးရန် R&B အဆိုတော် အန်မီနမ် ကို
ပွဲစီစဉ် သူများက သွားရောက် ဆွေးနွေးခဲ့ရာ အန်မီနန် တောင်းသော
ကြေးကြီးလွန်း သောကြောင့် မငှားရမ်း နိုင်ခဲ့ကြောင်း သိရသည်။Super Bowl Party တွင်
ဖျော် ဖြေပေးရန် ဒေါ်လာ နှစ်သန်းပေးရ မည်ဟု အန်မီနမ်က တောင်းခဲ့ ကြောင်း
သိရသည်။ အသက် ၄၁ နှစ် အရွယ် R&B အဆိုကျော် သည် နောက်ဆုံး ထုတ် The
Marshall Mathers LP 2 အယ်ဘမ်ဖြင့် အောင်မြင်မှု အမြင့်ဆုံး ရောက်ရှိ
လျက်ရှိသည်။ ဝေဖန် ရေးသမားများ ကလည်း ယခု သီချင်း အယ်ဘမ် ကို အပြု
သဘောဖြင့် ချီး ကျူးလိုက်မှုကြောင့် အန်မီနမ် အဖို့ ဖျော်ဖြေပွဲ
ကြေးကြီးကြီး တောင်းလို့ ပိုကောင်း ခဲ့ကြောင်း တွေ့ရသည်။
နောက်ထပ် R&B အဆိုတော် တစ်ဦးဖြစ် သော ကန်းနီ ၀က်စ်သည် လည်း ကြေးကြီးကြီး တောင်းသူ များထဲတွင် ပါဝင် လျက်ရှိသည်။ ကန်းနီ ၀က်စ်တောင်း သော ဈေးသည် အန်မီနမ် ထက် နည်းသည့် တိုင် ပွဲစီစဉ်သူ များအတွက်ကား မြင့်လွန်း နေသဖြင့် မငှားရမ်း နိုင်ခဲ့ကြောင်း သိရသည်။ ကန်းနီ ၀က်စ်သည် လည်း ဖျော်ဖြေ ပေးရန် အတွက် ဒေါ်လာ တစ်သန်း ကျော် တောင်းခဲ့ ကြောင်း သိရသည်။
Super Bowl ပါတီ ကို ၂၀၁၄ ဇန်န၀ါရီ လကုန်ပိုင်း တွင် ကျင်းပ ပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။ R&B သမားများ အပြင် DJ သမားများ သည် လည်း ကြေးကြီးကြီး တောင်းသူများ ထဲတွင် ပါ ၀င်ပြီး နာမည်ကြီး ပွဲ များတွင် ဖျော်ဖြေရန် ဒေါ်လာခုနစ် သိန်းခွဲ မှ တစ် သန်း ကြား တောင်းခံ ကြ ကြောင်း သိရသည်။
Myanmar News Media

No comments:
Post a Comment