လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, January 6, 2014

ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ယခုလအတွင်း သွားမည်

Photo: ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ယခုလအတွင်း သွားမည်
Monday, January 6, 2014

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲများ ပြုလုပ်ရန်အတွက် ကရင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့သို့ ဇန်နဝါရီလအတွင်း သွားရောက်မည် ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားသည်။

အဆိုပါ ခရီးစဉ်များကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် ခရီးစဉ်များအပြီး ဇန်နဝါရီ တတိယပတ်အတွင်း စတင်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“လူထု တွေ့ဆုံပွဲတွေကို လွှတ်တော်နားတဲ့ အချိန်တွေနဲ့ ညှိပြီး လုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ကရင်ပြည်နယ် ခရီးစဉ်ကို ဇန်နဝါရီ ၁၈ ရက်နေ့မှ ၁၉ ရက်အထိ သွားရောက်မည် ဖြစ်ပြီး ဘားအံမြို့နှင့် လှိုင်းဘွဲ့မြို့များတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်မည် ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ခရီးစဉ်ကို ဇန်နဝါရီ ၂၅ နှင့် ၂၆ တွင် သွားရောက်မည် ဖြစ်ပြီး နမ့်ဆမ်မြို့၊ မိုးနဲမြို့နှင့် လင်ခေးမြို့များသို့ သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်သို့ သွားရောက်မည် ဖြစ်ပြီး ကလေးမြို့နှင့် ဟားခါးမြို့ များတွင် အခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန် ကြေညာထားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ တတိယပတ်အတွင်း ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး သာယာဝတီ မြို့နယ်တို့တွင် အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ဒေသခံလူထုနှင့် တွေ့ဆုံကာ မိန့်ခွန်း ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..