လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, January 7, 2014

တရုတ်နိုင်ငံတွင် ဗလီတစ်ခု၌ လူအုပ်ပြို၍ (၁၄)ဦးသေဆုံး

Photo: တရုတ်နိုင်ငံတွင် ဗလီတစ်ခု၌ လူအုပ်ပြို၍ (၁၄)ဦးသေဆုံး
Monday, January 6, 2014

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အဆိုပါ ဗလီတွင် ဘာသာရေးအရ အစားအသောက် ဝေငှမှု အစီအစဉ်တစ်ခုကို ကျင်းပနေစဉ် မတော်တဆ လူအုပ်ပြိုခဲ့ခြင်းဟု Xinhua သတင်းအေဂျင်စီက ဖော်ပြခဲ့သည်

တရုတ်နိုင်ငံ၊ နင်ဇီအာ ဒေသတွင် လူအုပ်ပြိုဆင်းမှုတစ်ခု ဖြစ်ပွားရာ လူ(၁၄)ဦးထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အဆိုပါ ဗလီတွင် ဘာသာရေးအရ အစားအသောက် ဝေငှမှု အစီအစဉ်တစ်ခုကို ကျင်းပနေစဉ် မတော်တဆ လူအုပ်ပြိုခဲ့ခြင်းဟု Xinhua သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါ ဖြစ်ရပ်မျိုး အဘယ်ကြောင့် ပေါ်ပေါက်လာသည်ဆိုသော အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ ရှီဂျီမြို့ခံ ရဲတပ်ဖွဲ့သည် ဂိုင်ယွမ်စီးတီးမှ (၃၅)မိုင်မျှ အကွာတွင် ဖြစ်ပွားသော လူအုပ်ပြိုမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။ ဖြစ်ရပ်တွင် လူ(၁၀)ဦးမျှ ဒဏ်ရာရခဲ့ပြီး (၄)ဦးမှာ အခြေအနေ ဆိုးရွားကြောင်းလည်း BBCက ဖော်ပြခဲ့သည်။

တနင်္ဂနွေနေ့၊ ဒေသစံတော်ချိန် နေ့လယ်(၁)နာရီခန့်တွင် အဆိုပါ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဟုလည်း သိရှိရသည်။ အခင်းဖြစ်ရာ နေရာတစ်ဝိုက်ကို မှတ်တမ်းယူ ရိုက်ကူးထားသော ဓာတ်ပုံများတွင် အဝတ်စများ၊ ဖိနပ်များ ဖရိုဖရဲ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။ ယင်းဒေသတွင် ဟိုင်တိုင်းရင်းသား အများစုနေထိုင်ပြီး ယင်းတို့သည် ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။ ထို့အပြင် မွတ်ဆလင် ဘာသာဝင် အရေအတွက် အတော်များများလည်း ပျံ့နှံ့အခြေချ နေထိုင်ကြောင်း Xinhuaက ဖော်ပြထားသည်။ 

Planet Myanmar Network
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အဆိုပါ ဗလီတွင် ဘာသာရေးအရ အစားအသောက် ဝေငှမှု အစီအစဉ်တစ်ခုကို ကျင်းပနေစဉ် မတော်တဆ လူအုပ်ပြိုခဲ့ခြင်းဟု Xinhua သတင်းအေဂျင်စီက ဖော်ပြခဲ့သည်တရုတ်နိုင်ငံ၊ နင်ဇီအာ ဒေသတွင် လူအုပ်ပြိုဆင်းမှုတစ်ခု ဖြစ်ပွားရာ လူ(၁၄)ဦးထက်မနည်း သေဆုံးသွားကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ အဆိုပါ ဗလီတွင် ဘာသာရေးအရ အစားအသောက် ဝေငှမှု အစီအစဉ်တစ်ခုကို ကျင်းပနေစဉ် မတော်တဆ လူအုပ်ပြိုခဲ့ခြင်းဟု Xinhua သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါ ဖြစ်ရပ်မျိုး အဘယ်ကြောင့် ပေါ်ပေါက်လာသည်ဆိုသော အကြောင်းရင်းကိုမူ တိတိကျကျ မသိရသေးချေ။ ရှီဂျီမြို့ခံ ရဲတပ်ဖွဲ့သည် ဂိုင်ယွမ်စီးတီးမှ (၃၅)မိုင်မျှ အကွာတွင် ဖြစ်ပွားသော လူအုပ်ပြိုမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။ ဖြစ်ရပ်တွင် လူ(၁၀)ဦးမျှ ဒဏ်ရာရခဲ့ပြီး (၄)ဦးမှာ အခြေအနေ ဆိုးရွားကြောင်းလည်း BBCက ဖော်ပြခဲ့သည်။

တနင်္ဂနွေနေ့၊ ဒေသစံတော်ချိန် နေ့လယ်(၁)နာရီခန့်တွင် အဆိုပါ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဟုလည်း သိရှိရသည်။ အခင်းဖြစ်ရာ နေရာတစ်ဝိုက်ကို မှတ်တမ်းယူ ရိုက်ကူးထားသော ဓာတ်ပုံများတွင် အဝတ်စများ၊ ဖိနပ်များ ဖရိုဖရဲ ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။ ယင်းဒေသတွင် ဟိုင်တိုင်းရင်းသား အများစုနေထိုင်ပြီး ယင်းတို့သည် ဟိန္ဒူဘာသာဝင်များ ဖြစ်ကြသည်။ ထို့အပြင် မွတ်ဆလင် ဘာသာဝင် အရေအတွက် အတော်များများလည်း ပျံ့နှံ့အခြေချ နေထိုင်ကြောင်း Xinhuaက ဖော်ပြထားသည်။

Planet Myanmar Network

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..