လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, January 7, 2014

အကယ်ဒမီဆုအတွက် ရွေးချယ်ခြင်းဟာ ရုပ်ရှင်အစည်းအရုံးနဲ့ လုံးဝမဆိုင်ပါဘူးလို့ ဖွင့်ဟသွားတဲ့ လူမင်း

Photo: အကယ်ဒမီဆုအတွက် ရွေးချယ်ခြင်းဟာ ရုပ်ရှင်အစည်းအရုံးနဲ့ လုံးဝမဆိုင်ပါဘူးလို့ ဖွင့်ဟသွားတဲ့ လူမင်း
Monday, January 6, 2014

အကယ်ဒမီပေးပွဲ စကာတင်စရင်းမှာ ၁ ပြေးနေပြီးမှ လွဲချော်သွားခဲ့တဲ့ လူမင်းကို ပြီးဆုံးသွားတဲ့ အကယ်ဒမီပေးပွဲအကြောင်းနဲ့ သူ့ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်းတွေ တီးခေါက်ကြည့်မိခဲ့တဲ့အခါ ‘အခုလတ်တလောကတော့ မိတစ်ကွဲ ဖတစ်ကွဲဆိုတဲ့ ကားလေးရိုက်နေတယ်။ ၂၀၁၄ ထဲမှာတော့ ရုပ်ရှင်ကားကြီးတွေ ပိုရိုက်ဖို့ရှိသလို ဒါရိုက်တာအနေနဲ့လဲပိုရိုက်သွားဖြစ်ဖို့တွေရှိပါတယ်။’လို့ သူက ပြောပါတယ်။

ပြီးဆုံးသွားတဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့လဲ ‘ကိုယ်က လောကသားတစ်ယောက်အနေနဲ့ပဲ ပြောချင်ပါတယ်။ ဆုတွေကို စီစစ်ရွေးချယ် အကဲဖြတ်အဖွဲ့ဆိုတာရှိတယ်။ အဲဒီအဖွဲ့ကနေ စီစစ်ရွေးချယ်ပြီး ဒီဆုတွေကိုပေးတာ။ အစည်းအရုံးကနေ ပေးတာမဟုတ်ဘူး။ တချို့ကရော နေကြတယ်။ အမှန်က ကိုယ်တို့ပေးတာ မဟုတ်ဘူး။ ကိုယ်တို့က ကျင်းပတဲ့အပိုင်းပဲ တာဝန်ယူရတာ။ ရွေးချယ်တဲ့အဖွဲ့မှာ ဒီဆု၃ ဆုမပါလာလို့ပေါ့။ နားလည်အောင် ပြောရရင်တော့ ဒီလိုပဲပေါ့။ မပါတာက ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့မင်းသားဇာတ်ပို့ဆုမပါဘူး။ 

ပရိသတ်မှန်းတဲ့သူတွေ မရကြတဲ့အပိုင်းကို ကိုယ့်အမြင်ပြောရရင် ရသွားတဲ့သူတွေအားလုံးကလဲ သူ့ဟာနဲ့သူ ထိုက်တန်တဲ့သူတွေကြီးပါပဲ။ ဒါပေမဲ့ သတင်းကြီးပြီးတော့ မရတဲ့သူတွေအနေနဲ့ကလဲ သူတို့ကို ရစေချင်တဲ့ပရိသတ်တွေလဲ ရှိမှာပေါ့။ ကိုယ်ကိုယ်တိုင်လဲ သတင်းကြီးခဲ့တာပဲလေ။ ကိုယ့်ကိုရစေချင်တဲ့ ပရိသတ်တွေလဲရှိတာပေါ့လေ။ အဲလိုဆိုတော့ ပရိသတ်တွေကြားထဲမှာ မကျေနပ်တာလေးတွေတော့ ရှိမှာပေါ့နော်။ ကိုယ်ကိုယ်တိုင်ဆိုရင်လဲ မော်ကင်းဥဒါန်းဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ဦးကျော်တို့ ဦးညွှန့်ဝင်းတို့ဆို တော်တော်ကြီးကို ကောင်းတာပါ။ တကယ်လဲ ပင်ပန်းခဲ့တဲ့ကားပါ။ ဒါပေမဲ့ ဘာတစ်ဆုမှ မချိတ်ခဲ့ဘူးဆိုတော့ ကိုယ်တို့အနေနဲ့တောင်မှ ပြောစရာတွေရှိတယ်။ ကိုယ်တို့ပွဲပြီးတဲ့အခါမှာ ကျင်းပပြုလုပ်တဲ့ ကော်မတီအသီးသီးကို အားနည်းချက်၊ အားသာချက်တွေ နှိုင်းယှဉ်ကြည့်တယ်။ ဘာတွေပြန်ရလဲ။ သုံးသပ်ထားတဲ့ သုံးသပ်ချက်တွေ ထွက်ထားတယ်။ အဲလိုပဲ စီစစ်ရွေးချယ်ရေးအဖွဲ့ကိုလဲ အကယ်ဒမီဆုတွေကို ဘာကြောင့် ဘယ်လိုရွေးချယ်ပြီးပေးရလဲ ဆိုတာရယ်၊ ဒီ၃ဆုကျန်ခဲ့တဲ့ကိစ္စရယ်ကို ကိုယ်တို့ဖက်က အတည်ပြုဖော်ပြပေးပါ့မယ်။ ဒါပေမယ့် အခုလိုဟာသကားတွေ ပေးလာတဲ့အပေါ်မှာတာ့ ကျေနပ်ပါတယ်’ လို့ သူက ပြောပြပေးခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar
အကယ်ဒမီပေးပွဲ စကာတင်စရင်းမှာ ၁ ပြေးနေပြီးမှ လွဲချော်သွားခဲ့တဲ့ လူမင်းကို ပြီးဆုံးသွားတဲ့ အကယ်ဒမီပေးပွဲအကြောင်းနဲ့ သူ့ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်းတွေ တီးခေါက်ကြည့်မိခဲ့တဲ့အခါ ‘အခုလတ်တလောကတော့ မိတစ်ကွဲ ဖတစ်ကွဲဆိုတဲ့ ကားလေးရိုက်နေတယ်။ ၂၀၁၄ ထဲမှာတော့ ရုပ်ရှင်ကားကြီးတွေ ပိုရိုက်ဖို့ရှိသလို ဒါရိုက်တာအနေနဲ့လဲပိုရိုက်သွားဖြစ်ဖို့တွေရှိပါတယ်။’လို့ သူက ပြောပါတယ်။ပြီးဆုံးသွားတဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သတ်ပြီးတော့လဲ ‘ကိုယ်က လောကသားတစ်ယောက်အနေနဲ့ပဲ ပြောချင်ပါတယ်။ ဆုတွေကို စီစစ်ရွေးချယ် အကဲဖြတ်အဖွဲ့ဆိုတာရှိတယ်။ အဲဒီအဖွဲ့ကနေ စီစစ်ရွေးချယ်ပြီး ဒီဆုတွေကိုပေးတာ။ အစည်းအရုံးကနေ ပေးတာမဟုတ်ဘူး။ တချို့ကရော နေကြတယ်။ အမှန်က ကိုယ်တို့ပေးတာ မဟုတ်ဘူး။ ကိုယ်တို့က ကျင်းပတဲ့အပိုင်းပဲ တာဝန်ယူရတာ။ ရွေးချယ်တဲ့အဖွဲ့မှာ ဒီဆု၃ ဆုမပါလာလို့ပေါ့။ နားလည်အောင် ပြောရရင်တော့ ဒီလိုပဲပေါ့။ မပါတာက ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့မင်းသားဇာတ်ပို့ဆုမပါဘူး။

ပရိသတ်မှန်းတဲ့သူတွေ မရကြတဲ့အပိုင်းကို ကိုယ့်အမြင်ပြောရရင် ရသွားတဲ့သူတွေအားလုံးကလဲ သူ့ဟာနဲ့သူ ထိုက်တန်တဲ့သူတွေကြီးပါပဲ။ ဒါပေမဲ့ သတင်းကြီးပြီးတော့ မရတဲ့သူတွေအနေနဲ့ကလဲ သူတို့ကို ရစေချင်တဲ့ပရိသတ်တွေလဲ ရှိမှာပေါ့။ ကိုယ်ကိုယ်တိုင်လဲ သတင်းကြီးခဲ့တာပဲလေ။ ကိုယ့်ကိုရစေချင်တဲ့ ပရိသတ်တွေလဲရှိတာပေါ့လေ။ အဲလိုဆိုတော့ ပရိသတ်တွေကြားထဲမှာ မကျေနပ်တာလေးတွေတော့ ရှိမှာပေါ့နော်။ ကိုယ်ကိုယ်တိုင်ဆိုရင်လဲ မော်ကင်းဥဒါန်းဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ဦးကျော်တို့ ဦးညွှန့်ဝင်းတို့ဆို တော်တော်ကြီးကို ကောင်းတာပါ။ တကယ်လဲ ပင်ပန်းခဲ့တဲ့ကားပါ။ ဒါပေမဲ့ ဘာတစ်ဆုမှ မချိတ်ခဲ့ဘူးဆိုတော့ ကိုယ်တို့အနေနဲ့တောင်မှ ပြောစရာတွေရှိတယ်။ ကိုယ်တို့ပွဲပြီးတဲ့အခါမှာ ကျင်းပပြုလုပ်တဲ့ ကော်မတီအသီးသီးကို အားနည်းချက်၊ အားသာချက်တွေ နှိုင်းယှဉ်ကြည့်တယ်။ ဘာတွေပြန်ရလဲ။ သုံးသပ်ထားတဲ့ သုံးသပ်ချက်တွေ ထွက်ထားတယ်။ အဲလိုပဲ စီစစ်ရွေးချယ်ရေးအဖွဲ့ကိုလဲ အကယ်ဒမီဆုတွေကို ဘာကြောင့် ဘယ်လိုရွေးချယ်ပြီးပေးရလဲ ဆိုတာရယ်၊ ဒီ၃ဆုကျန်ခဲ့တဲ့ကိစ္စရယ်ကို ကိုယ်တို့ဖက်က အတည်ပြုဖော်ပြပေးပါ့မယ်။ ဒါပေမယ့် အခုလိုဟာသကားတွေ ပေးလာတဲ့အပေါ်မှာတာ့ ကျေနပ်ပါတယ်’ လို့ သူက ပြောပြပေးခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..