လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, January 13, 2014

တယ်လီနောနှင့် အော်ရီဒူးတို့ကို လုပ်ငန်း လုပ်ကိုင်ခွင့် ထုတ်ပေး

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ပြည်တွင်းတွင် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် ရွေးချယ်ထားသော နော်ဝေ အခြေစိုက် တယ်လီနောနှင့် ကာတာအခြေစိုက် အော်ရီဒူးတို့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ဇန်နဝါရီလ ၈ ရက်နေ့တွင် လုပ်ငန်းလုပ်ကိုင်ခွင့် ပေးလိုက်ပြီ ဖြစ်ကြောင်း MIC တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဆက်သွယ်ရေးဘက်က ထောက်ခံချက်နဲ့ တင်ပြလာတဲ့အတွက် MIC က စိစစ်ပြီး ခွင့်ပြုမိန့် ချထားပေးတာပါ။ ဆက်သွယ်ရေး လိုင်စင်ကတော့ သူတို့ ဆွေးနွေးနေဆဲလို့ သိရပါတယ်” ဟု ၎င်းက
ဆိုသည်။ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် Ooredoo Myanmar Limited နှင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည့် Telenor Myanmar Limited တို့သည် မြန်မာတစ်နိုင်ငံလုံးတွင် မိုဘိုင်းလ် ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။
၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားသော ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနထံမှ သိရသည်။
The Voice Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..