လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, January 13, 2014

တပ်မတော် မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်) ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ရန်ကုန်မြို့မှ ထွက်ခွာ

Photo

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တပ်မတော် မြစ်တွင်းသွား ဆေးရုံ ရေယာဉ် (ရွှေပုဇွန်)သည် ဧရာဝတီတိုင်း ဒေသကြီး၊ မြစ်ဝကျွန်းပေါ် ဒေသရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးရန်အတွက် ယနေ့နံနက် ၁ဝနာရီတွင် ရန်ကုန်မြို့ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် အမှတ်(၄) ရေတပ် ဗောတံတားမှ ထွက်ခွာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ)မှ စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်နှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစု များက ပို့ဆောင် နှုတ်ဆက်ကြသည်။

Photo အဆိုပါ တပ်မတော် မြစ်တွင်းသွား ဆေးရုံ ရေယာဉ် နှင့်အတူ အမှတ်(၁) တပ်မတော် ဆေးရုံ ခုတင်- ၁ဝဝဝမှ ဗိုလ်မှူး မောင်မောင်ကြီး ဦးဆောင်သော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ အရာရှိ၊ စစ်သည် များသည် ဧရာဝတီမြစ်ရိုး တစ်လျှောက် မြစ်ဝကျွန်းပေါ် ဒေသရှိ ကျေးရွာ ၇၇ရွာမှ ဒေသခံ ပြည်သူများအား သတ်မှတ်နေရာ ၁၆ နေရာ ခွဲ၍ ရက်ပေါင်း ၃၅ရက်ကြာ လှည့်လည် ကုသ ပေးသွားမည် ဖြစ်သည်။

ထိုဆေးရုံ ရေယာဉ်သည် ပုံမှန် အခြေအနေတွင် လူနာ သုံးဦးအား ဆေးရုံတက် လူနာအဖြစ် ကုသနိုင်၍ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာပါက လူနာ ၃ဝ ဦးအထိ တင်ဆောင် ကုသနိုင်ပြီး ရေယာဉ်ပေါ်တွင် ခွဲစိတ်ခန်း၊ မီးယပ် သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်တို့ ပါဝင်၍ ဒေသခံ ပြည်သူများအား အထွေထွေ ရောဂါများ ကုသပေးခြင်း၊ ခွဲစိတ်ကုသ ပေးခြင်း၊ ကလေးမီးဖွား ပေးခြင်း၊ မီးယပ်ဆိုင်ရာ ကုသမှု လုပ်ငန်းများ၊ ကလေး ရောဂါများ ကုသ ပေးခြင်း၊ အရိုးရောဂါ ကုသမှုလုပ်ငန်း၊ မျက်စိခွဲစိတ် ကုသမှုလုပ်ငန်း၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် သွားရောဂါများ ကုသပေးခြင်း များ ဆောင်ရွက် ပေး သွားမည့် အပြင် X Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ဓာတ်ခွဲဆိုင်ရာ ရောဂါ ရှာဖွေ စစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက် ပေးနိုင်ကြောင်း သတင်းရရှိသည်။

www.myawady.net.mm

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..