လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, January 10, 2014

ဖတ်ကြည့်လိုက်ပါ အံ့သြဖို့မကောင်းရင် ကြိုက်သလိုပြော

Photo: ဖတ်ကြည့်လိုက်ပါ အံ့သြဖို့မကောင်းရင် ကြိုက်သလိုပြော

သိပ္ပံပညာနဲ့ ဖြေရှင်းလို့ မရခဲ့တဲ့ အထူးခြားဆုံး ဖြစ်ရပ်များပဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ လင်ကွန်း နဲ့ ကနေဒီ တို့ ရဲ့ သမိုင်းတစ်လျှောက် အထူး ခြားဆုံး တိုက်ဆိုင်တူညီမှုများကိုဖတ်ကြည့်လိုက်ပါ။ အင်မတန် အံ့သြဖို့ ကောင်းလှပါတယ်။

၁။ သမ္မတ နှစ်ယောက်စလုံးရဲ့ နာမည်မှာ စာလုံး (၇) လုံးပါရှိပါတယ်။

၂။ သမ္မတ နှစ်ယောက်စလုံးဟာ အရပ် ခြောက်ပေ ကျော်ရှည်ပါတယ်။

၃။ နှစ်ယောက်စလုံးဟာ ဥပဒေ ပညာကို လေ့လာသင်ယူခဲ့တယ်။

၎။ နှစ်ယောက်စလုံးဟာ မျက်လုံး တစ်ဖက်စီ စွေစောင်းနေကြတယ်။

၅။ နှစ်ယောက်စလုံးဟာ မျိုးရိုးလိုက်တဲ့ ရောဂါတစ်ခု စီ ခံစားခဲ့ရတယ်။

၆။ နှစ်ယောက်စလုံးဟာ စစ်တပ်မှာ အမှုထမ်းခဲ့ကြတယ်။

၇။ နှစ်ယောက်စလုံးဟာ ဘုတ်သဘောင်္ရဲ့ ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတယ်။

၈။ နှစ်ယောက်စလုံးဟာ သေမှာ မကြောက်တဲ့လူတွေဖြစ်ပြီး သက်တော် စောင့် မထားခဲ့ကြဘူး။

၉။ နှစ်ယောက်စလုံးဟာ သမ္မတ ကို ပစ်သတ်ချင်ရင် ဘယ်လောက် လွယ်ကူ တယ် ဆိုတဲ့အကြောင်း ပြောခဲ့ကြတယ်။

၁၀။ နှစ်ယောက်စလုံးဟာ သောကြာနေ့မှာ ဦးခေါင်းကို ပစ်သတ်ခံခဲ့ရတယ်။

၁၁။ သူတို့ ဇနီးဘေးနားမှာ ထိုင်နေတုန်း နှစ်ယောက်စလုံး ပစ်သတ်ခံခဲ့ ရတယ်။ ဒီဖြစ်ရပ်နှစ်ခုလုံးမှာ သမ္မတ ကတော် နှစ်ယောက်လုံး ဒဏ်ရာ တစ်ခုမှ မရရှိခဲ့ဘူး။

၁၂။ လုပ်ကြံမှုနှစ်ခုလုံးမှာ တစ်ယောက်မှ သေလောက်အောင် ဒဏ်ရာမရရှိခဲ့ ဘူး။ (သမ္မတက လွဲလို့ )

၁၃။ လင်ကွန်းဟာ ဖို့ ဒ် ကဇာတ်ရုံ၊ ခုံအမှတ်(၇)မှာ အပစ်ခံခဲ့ရတာဖြစ်ပြီး၊ ကနေဒီက ဒဲလက်စ်ယာဉ်တန်းရဲ့ ဖို့ဒ်ကုမ္ပဏီထုတ် ကားအမှတ်(၇)မှာ အပစ်ခံခဲ့ရတယ်။

၁၄။ လင်ကွန်းဟာ ဖို့ဒ်ဇာတ်ရုံမှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ကနေဒီကတော့   ဖို့ဒ်ကုမ္ပဏီထုတ် “လင်ကွန်း” လို့  အမည်ပေးထားတဲ့ ဇိမ်ခံကားထဲမှာ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်။

၁၅။ သမ္မတ ကိုလုပ်ကြံသူနှစ်ယောက်စလုံး နာမည် သုံးခု ဖြစ်တယ်။ John Wilkes Booth နဲ့ Lee Harvey Oswald

၁၆။ လုပ်ကြံသတ်ဖြတ်တဲ့ နှစ်ယောက်စလုံးရဲ့ နာမည်ဟာ ဆယ့်ငါးလုံး ဖြစ်နေတယ်။

၁၇။ Booth ကို ၁၈၃၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး Oswald ကို ၁၉၃၉ ခုနှစ်မှာ မွေးဖွားခဲ့တယ်။

၁၈။ သေနတ်သမားနှစ်ယောက်စလုံးဟာ ဖခင်ရဲ့ အုပ်ချုပ်မှုအောက်မှာ မနေခဲ့ ရဘုး။

၁၉။ သေနတ်သမားနှစ်ယောက်စလုံးဟာ ခြေလျင်တပ်သားတွေ ဖြစ်တယ်။

၂၀။ သေနတ်သမားနှစ်ယောက်လုံးကို တောင်ပိုင်းမှာ မွေးဖွားခဲ့တယ်။

၂၁။ Booth ဟာ လင်ကွန်းကို ဇာတ်ရုံထဲမှာ ပစ်ခတ်လုပ်ကြံခဲ့ပြီး ကုန်ပစ္စည်း သိုလှောင်ရုံတစ်ခုထဲ ၀င်ပြေးသွားခဲ့တယ်။ Oswald ဟာ ကနေဒီကို ကုန်ပစ္စည်းသိုလှောင်ရုံတစ်ခုကနေ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ကဇာတ်ရုံတစ်ခုထဲ ၀င်ပြေးသွားခဲ့တယ်။

၂၂။ သေနတ်သမားနှစ်ယောက်လုံးကို ကို့လ်တ် သေနတ်ရဲ့ ကျည်တစ်ချက် ထဲနဲ့အတူ အသေဖမ်းဆီးနိုင်ခဲ့တယ်။

၂၃။ သမ္မတ နှစ်ယောက်စလုံးဟာ ဒုတိယမြောက် သားတွေဖြစ်ပြီး သူတို့ အဘိုးရဲ့ နာမည်ကို ပြန်ယူသုံးထားတာဖြစ်တယ်။

၂၄။ လင်ကွန်း အတွင်းရေးမှူး နာမည်က ကနေဒီဖြစ်ပြီး ကနေဒီ အတွင်းရေး မှူး နာမည်က လင်ကွန်းဖြစ်တယ်။

၂၅။ လင်ကွန်းသေဆုံးပြီးနောက် ဆက်ခံတဲ့ သမ္မတ နာမည်က ဂျွန်ဆင်ဖြစ်ပြီး ၁၈၀၈ ခုနှစ်မှာ မွေးဖွားတယ်။ ကနေဒီကို ဆက်ခံတဲ့ သမ္မတ နာမည်ကလည်း ဂျွန်ဆင်ဖြစ်ပြီး ၁၉၀၈ ခုနှစ်မှာ မွေးဖွားခဲ့တယ်။

Trend Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..