ဆိုင်ကယ်စီးနင်းရာတွင် ဦးထုပ်ဆောင်းကာ စီးနင်းသည့်အခါ မတော်တဆဖြစ်စဉ်
တစ်စုံတစ်ခု ကြုံတွေ့ချိန်တွင် သေဆုံးမှုကို ၄၀ ရာခိုင်းနှုန်း လျော့ကျစေနိုင်ကြောင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ 2013 Global Road Safety တွင်
ဖော်ပြထားကြောင်း ဆိုင်ကယ်နှင့် ပတ်သက်၍ လေ့လာနေသူတစ်ဦးက ပြောကြားသည်။
ဆိုင်ကယ်စီးနင်းရာတွင် ဆိုင်ကယ်စီးဦး ထုပ်ဆောင်းကြရန် မြန်မာအပါအဝင် နိုင်ငံပေါင်း ၉၀၌ ဥပဒေများ ထုတ်ပြန် ထားလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေများ အခန်း (၇) ပုဒ်မ ၁၇၄ တွင် ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် အချက်များကို ပြဋ္ဌာန်းပေးထားပြီးလည်းဖြစ်သည်ဟု သိရသည်။
ထိုသို့ ဂရုတစိုက်လိုက်နာ စီးနင်းလုပ်ဆောင်ခြင်းဖြင့် ထိခိုက်သေဆုံးမှု ဖြစ်စဉ်များ လျော့ကျစေပြီး သေဆုံးခြင်းကြောင့် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်များ ပြုန်းတီးပျောက်ဆုံးသွားခြင်းကိုလည်း ကာကွယ်ရာ ရောက်စေနိုင်ကြောင်း သိရသည်။

Myawady News

No comments:
Post a Comment