လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, January 8, 2014

ဘာမြူဒါတြိဂံနယ်မြေ (သို့) သေမင်းခံတွင်း

Photo

ဘာမြူဒါတြိဂံနယ်မြေဟာ ပုံပြင်တစ်ပုဒ်လိုပါပဲ။အဲဒီနေရာကိုရောက်သွားရင် သင်္ဘောတွေလေ ယာဉ်ပျံတွေ ပျောက် သွား တတ် ကြ တယ်။ သူဟာ အန္တလန်တိတ်သမုန္ဒရာရဲ့မြောက်ပိုင်းတွင် တည် ရှိသည်။ အ မေ ရိ ကန် ရေ တပ် (US Navy) က တော့ ဒီ ဘာမြူဒါတြိဂံနေ မြေ ဟာ တကယ် မရှိဘူး ဆိုပြီး တရားဝင် သတ်မှတ်ထားတဲ့ နေရာများ(US Board Of Geographic Names) တွင် ထည့် သွင်း ထား ခြင်းမရှိပါဘူး။လေယာဉ်တွေ သ င်္ဘော တွေ ဘာ လို့ ပျောက်သွားကြတာလဲ?
ဘာမြူဒါတြိဂံနယ်မြေ ရဲ့ ပ ဟေဋ္ဌိကို သိပ္ပံပညာရှင် များ (Melbourne Researchers)က ၂၀၀၃ ခုနှစ်က ဒီလိုမျိုးဖြေရှင်းခဲ့ကြပါတယ်။
ဒီလိုမျိုး သ င်္ဘော တွေ ပျောက် ဆုံး ခြင်း ရဲ့ အဓိကတရားခံ က တော့ပင်လယ်ရေအောက် မြေကြီးက ထွက်ပေါ်လာတဲ့ အလွန်ကြီးမားတဲ့ ဓါတ်ငွေ့ပူဖောင်းတွေ(Massive Gas Bubbles)ကြာင့်ဖြစ်ပါသည်။
သ င်္ဘောတွေကို နစ် မြုပ်စေတဲ့ ဒီ ပူဖောင်းလေးတွေ ဘာကြောင့်ထွက်ပေါ်ရတာလဲဆိုတော့ အနှစ်နှစ် အလလမှ ပင်လယ်ရေအောက်တွင် တည်ရှိနေတဲ့ မီသိန်းဓါတ်ငွေ့(Methane Gas) တွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒီဓါတ်ငွေ့တွေဟာ လေယာဉ်အင်ဂျင်နဲ့ ထိတွေ့တဲ့အခါ လေယာဉ်ကို ပေါက်ကွဲစေနိုင် တယ် လို့ ဆို ပါ တယ်။
သူတို့နောက် တစ်ခုတွေ့ရှိချက်ကတော့ ဒီပူဖောင်း လေးတွေရဲ့ အ ပေါ်တည့်တည့်မှာ သင်္ဘောရပ်မိ ရင် အန္တရာယ်ကင်းပြီး ဘေးအစွန်မှာ ဖြတ်သွားမိရင်တော့ နစ်မြုပ်စေနိုင်ပါတယ်။
သင်္ဘောတွေဘာလို့ နစ်မြုပ်တာလဲဆိုတော့ ပင်လယ်မြေအောက်က ဓါတ်ငွေ့ပူဖောင်းတွေ ရေ မျက်နှာပြင်ကို ရောက်လာတဲ့အခါ ကြီးမားတဲ့ ရေလှိုင်းတွေ ဖြစ်ပေါ်လာတတ်သောကြောင့် ဖြစ်ပါ သည်။'
Ref: (Bermuda Triangle/Devil's Triangle)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..