လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, November 6, 2013

ဆီးဂိမ်းဂုဏ်ပြုသီချင်းစီဒီချပ်များ အနုပညာရှင်များကိုယ်တိုင်လက် မှတ်ရေးထိုးရောင်းချ

Photo: ဆီးဂိမ်းဂုဏ်ပြုသီချင်းစီဒီချပ်များ အနုပညာရှင်များကိုယ်တိုင်လက် မှတ်ရေးထိုးရောင်းချ
Wednesday, November 6, 2013

မကြာမီကျင်းပတော့မည့် ဆီးဂိမ်းပွဲတော်အကြိုလှုံ့ဆော်မှုအစီအစဉ် တစ်ရပ်အနေဖြင့် ]]အရှေ့တောင်အာရှ သူရဲကောင်းများ}} ဆီးဂိမ်းပွဲတော်ဂုဏ် ပြုတေးသီချင်းစီးရီးအယ်လ်ဘမ်စီဒီချပ် များအား ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အနုပညာရှင်များက လက်မှတ်ရေးထိုး ရောင်းချပေးပွဲကို နိုဝင်ဘာ ၄ ရက်က စစ်ကိုင်းမြို့ ဈေးလမ်းရှိ တယ်လီဖုန်း အရောင်းဆိုင်၌ကျင်းပရာ စစ်ကိုင်းမြို့ သူမြို့သားများက တစ်ခဲနက်တိုးဝှေ့ ဝယ်ယူအားပေးကြကြောင်း သိရသည်။

တေးသီချင်းစီဒီချပ်ဝယ်ယူအားပေး ကြသည့် အနုပညာချစ်သူပရိသတ်များ အား ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဖြိုးငွေစိုး၊ စည်သူမောင်၊ ဇာနည်၊ ခင်ရူပ၊ ခရစ္စတီးနား၊ စိုးပြည့်ပြည့်စံ စသည့်အနုပညာရှင်များက ခင်မင် ရင်းနှီးစွာ လက်မှတ်ရေးထိုးရောင်းချ ပေးကြရာ တိုးဝှေ့ဝယ်ယူအားပေးကြ သည်။ တေးသီချင်းစီဒီခွေတစ်ချပ်အား ငွေကျပ် ၂၀ဝ၀ နှုန်းဖြင့်ရောင်းချပေး ကြောင်း၊ အားပေးကြသည့်ပရိသတ် များအား ကံစမ်းမဲလက်မှတ်များ ရောင်းချပေးခြင်း၊ အချိုရည်များ အခမဲ့တိုက်ကျွေး ဧည့်ခံခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

]]ကျွန်တော်တို့အဖွဲ့က နိုဝင်ဘာ ၁ ရက်က ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ရန်ကုန်ကနေ စတင်ထွက်လာခဲ့ကြတာပါ၊ လှည်းကူး၊ တောင်ငူ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့တွေကို ဝင်ခဲ့ ပါတယ်၊ နေပြည်တော်မှာ တစ်ည အိပ်ပြီး မန္တလေးမှာ နှစ်ညအိပ်ပါတယ်၊ ဒီနေ့ စစ်ကိုင်းကိုဝင်ပြီး မုံရွာကို ခရီးဆက်ကြမှာပါ}}ဟု အဖွဲ့ဝင်တစ်ဦး က ပြောပြသည်။ 

(နန္ဒာမင်းလွင်)
The Mirror Daily

မကြာမီကျင်းပတော့မည့် ဆီးဂိမ်းပွဲတော်အကြိုလှုံ့ဆော်မှုအစီအစဉ် တစ်ရပ်အနေဖြင့် ]]အရှေ့တောင်အာရှ သူရဲကောင်းများ}} ဆီးဂိမ်းပွဲတော်ဂုဏ် ပြုတေးသီချင်းစီးရီးအယ်လ်ဘမ်စီဒီချပ် များအား ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အနုပညာရှင်များက လက်မှတ်ရေးထိုး ရောင်းချပေးပွဲကို နိုဝင်ဘာ ၄ ရက်က စစ်ကိုင်းမြို့ ဈေးလမ်းရှိ တယ်လီဖုန်း အရောင်းဆိုင်၌ကျင်းပရာ စစ်ကိုင်းမြို့ သူမြို့သားများက တစ်ခဲနက်တိုးဝှေ့ ဝယ်ယူအားပေးကြကြောင်း သိရသည်။တေးသီချင်းစီဒီချပ်ဝယ်ယူအားပေး ကြသည့် အနုပညာချစ်သူပရိသတ်များ အား ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဖြိုးငွေစိုး၊ စည်သူမောင်၊ ဇာနည်၊ ခင်ရူပ၊ ခရစ္စတီးနား၊ စိုးပြည့်ပြည့်စံ စသည့်အနုပညာရှင်များက ခင်မင် ရင်းနှီးစွာ လက်မှတ်ရေးထိုးရောင်းချ ပေးကြရာ တိုးဝှေ့ဝယ်ယူအားပေးကြ သည်။ တေးသီချင်းစီဒီခွေတစ်ချပ်အား ငွေကျပ် ၂၀ဝ၀ နှုန်းဖြင့်ရောင်းချပေး ကြောင်း၊ အားပေးကြသည့်ပရိသတ် များအား ကံစမ်းမဲလက်မှတ်များ ရောင်းချပေးခြင်း၊ အချိုရည်များ အခမဲ့တိုက်ကျွေး ဧည့်ခံခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

]]ကျွန်တော်တို့အဖွဲ့က နိုဝင်ဘာ ၁ ရက်က ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ရန်ကုန်ကနေ စတင်ထွက်လာခဲ့ကြတာပါ၊ လှည်းကူး၊ တောင်ငူ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့တွေကို ဝင်ခဲ့ ပါတယ်၊ နေပြည်တော်မှာ တစ်ည အိပ်ပြီး မန္တလေးမှာ နှစ်ညအိပ်ပါတယ်၊ ဒီနေ့ စစ်ကိုင်းကိုဝင်ပြီး မုံရွာကို ခရီးဆက်ကြမှာပါ}}ဟု အဖွဲ့ဝင်တစ်ဦး က ပြောပြသည်။

(နန္ဒာမင်းလွင်)
The Mirror Daily

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..