လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, October 21, 2013

အောင် မြင် မှု ရဲ့ လျှို့ဝှက်ချက်

Photo: အောင် မြင် မှု ရဲ့ လျှို့ဝှက်ချက်
Monday, October 21, 2013

တစ်ခါတုန်းက လူတစ်ယောက်ဟာ
ဆို က ရေး တီး ကို
'အောင်မြင် မှု ရဲ့ လျှို့ဝှက်ချက်' က ဘာလဲ ဆိုပြီးမေးလေ၏

ဆို က ရေး တီး က သူ့ကို နောက်တစ်နေ့မှာ
မြစ်ကမ်းနားမှာ ဆုံကြဖို့မှာလိုက်၏

နောက်တစ်နေ့မြစ်ကမ်းဘေးမှာ ဆုံကြ တော့
မြစ်ထဲကို လမ်းလျှောက်ဖို့ခေါ်လေ၏

မြစ်ရေဟာ တစ်ဖြည်းဖြည်းနက်လာလို့ လည်ပင်းနားထိရောက်လာတဲ့ အချိန်မှာ
ဆို က ရေး တီး ဟာ ရုတ်တရက် ဟိုလူ့ကို ရေနှစ်လိုက်၏

ထိုလူဟာ ရေနှစ်တော့ ရုန်းကန်လှုပ် ရှားတာပေါ့
ဆို က ရေး တီး ဟာ သူ့ကို ခဏ စောင့်ကြည့်နေလိုက်တယ်

ထိုလူ မခံနိုင်လောက်တော့ဘူး ဆိုမှ ဆို က ရေး တီး ဟာ ထို လူ့ကို ကယ်လိုက်၏

ကမ်းပေါ်ရောက်တော့ ဆို က ရေး တီး ဟာ
ထိုလူ့ကို မေးလေ၏
'ခင် ဗျား ရေ နစ် နေ တုန်း က ခင် ဗျား ရဲ့ အ လို ချင် ဆုံး ဆန္ဒက ဘာလဲ'

'လေ' ဟု ထိုလူက ပြန်ဖြေ လေ ၏

ဆို က ရေး တီး က
'ခင် ဗျား လို ချင် တာ ရ အောင်
ယူ နိုင် ရင် ဒါ အောင် မြင် မှု ပဲ
အဲဒီအတွက် လိုချင် တဲ့ ဆန္ဒရှိဖို့တော့လိုတယ်
ပြင်းပြတဲ့ ဆန္ဒတစ်ခုဟာ အောင်မြင် မှု ရဲ့
လျှို့ဝှက်ချက်ပဲ
တစ်ခြား လျှို့ဝှက်ချက် မရှိဘူး' ဟုပြောပြ လေ ၏

ပြင်းပြတဲ့ ဆန္ဒတစ်ခုကသာ အောင်မြင် မှု ကို ရရှိစေနိုင်၏
ခပ်ပျော့ပျော့ ဆန္ဒ တစ်ခု က တော့ သင့် ကို အောင် မြင် မှု ဆီ ဆွဲခေါ် မသွားနိုင် ပါ ဘူး

ဒိုင်ယာရီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..