လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 22, 2013

ချစ်မိ၍ သ၀န်တိုပါသည်

Photo: ချစ်မိ၍ သ၀န်တိုပါသည်
Tuesday, October 22, 2013

“အလကားနေ အလကား သ၀န်တိုနေပြန်ပါပြီ” 
ဒါ ကျွန်မချစ်သူ “ကို” ပြောနေကြစကား….
ဒီစကားစုကို ကျွန်မရင်းနှီးပတ်သက်ခွင့်ရခဲ့တာ ကိုရဲ့အချစ်ကို လက်ခံပြီးချိန်ကစခဲ့တာပါ။ ဒါတောင် ကိုက ကျွန်မကို အရမ်းချစ်၊ အရမ်းဂရုစိုက်တတ်တဲ့လူစား။ အေးဆေးတဲ့အပြောအဆို၊ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားလေးရှိတဲ့ကိုနဲ့ ကျွန်မတို့ချစ်ခရီး စတင်တွေ့ဆုံခဲ့ခြင်းက ကဗျာမဆန်ပေမဲ့ ရက်လနေ့တွေကုန်လွန်သည်ထိ ကျွန်မအပေါ် စိတ်အာရုံတွေစုစည်းပြီး ပိုမိုချစ်ခင်တွယ်တာပေးမှုက ရင်ခုန်ပျော်ရွှင်စရာအတိဖြစ်ခဲ့ပါတယ်။

ကိုကစာပေ၀ါသနာထုံသူ။ ကျွန်မ မတောက်တခေါက်ရေးတဲ့ စာတိုပေစလေးတွေကိုမငြီးမငြူဖတ်ရှုပေးတတ်သလို၊ အကြံဥာဏ်ပေးတတ်သူတယောက်ပေါ့။ အပြင်စာတွေလည်းမလွတ်တမ်းဖတ်ရင်း သူ့ဝါသနာအရ ကဗျာရသလေးတွေ အခါအခွင့်သင့်တိုင်း ဖန်ဆင်းတတ်သူ။ ကျွန်မနဲ့ပတ်သက်ရင် သူသဘောထားကြီးနိုင်သလောက် သူနဲ့ပတ်သက်ရင် အတိုအစလေးကအစ လိုက်လံသ၀န်တိုရင်း ကောက်တေးလုပ်တတ်သူက ကျွန်မပါ။ စာရေးတဲ့သူတယောက်အတွက် စာဖတ်သူရှိစမြဲမို့ သူ့စာတို၊ ကဗျာအစအနလေးတွေမှာများ မန့်ပေးချက်တွေက လိုအပ်သည်ထက်ပိုတယ်လို့(ကျွန်မစိတ်ထင်) ကောက်ချက်ချမိတာနဲ့ ဒီသ၀န်တိုခြင်းစကားစုက ကျွန်မအတွက်ဖြစ်လာရတော့တာပါပဲ။ အဲ့ဒီမှာတင် မိသားစုထဲမှာအငယ်ဆုံးဖြစ်တဲ့ ကျွန်မကောက်တေး သ၀န်တိုရောဂါ ထကြွသောင်းကျန်းတာပေါ့။ နောက်ဆုံးတော့လည်း သူ့ရဲ့ လူကြီးဆန်စွာ အေးဆေးတည်ငြိမ်သောစကားသံတွေ၊ နားချမှုတွေနဲ့ ရိုင်းတဲ့စိတ်က ယဉ်သွားရတာပါပဲ။

ဒါက တနည်း သ၀န်တိုခြင်း။ ရုံးပိတ်ရက်မို့ ချစ်သူနှစ်ဦး သွားလာကြတဲ့အခါမျိုးမှာလည်း အဲ့ဒီသ၀န်တိုမှုက အချိန်နဲ့တပြေးညီ ၀င်ဝင်လာတတ်ပြန်ပါတယ်။ ကျွန်မရဲ့အမျိုးမျိုးသော ပိတ်ပင်မှုအရ ချစ်သူဘ၀အမှတ်တရဓါတ်ပုံလေးတွေကိုတောင် ချစ်သူ “ကို” ရဲ့ကိုယ်ပိုင်စာမျက်နှာမှာ တင်ခွင့်မပေးခဲ့တဲ့အခါမျိုးမှာ သူ့ဆီကများ ချစ်စနိုးနဲ့ “အေးပေါ့လေ… ဘယ်တတ်နိုင်မှာလဲ… ဓါတ်ပုံတင်ခွင့်မပေးတော့လည်း တင်ခွင့်ပေးတဲ့ကောင်မလေးတယောက်ကိုပဲ” စကားစက မပြတ်သေးခင် ကျွန်မနှုတ်ခမ်းက တတောင်လောက်စူထွက်လာပြီ၊ မျက်ရည်ကကျလုကျခင်ဖြစ်လို့ ကိုယ့်စိတ်ကြိုက်မှာထားတဲ့အစားအသောက်တွေကိုထားပြီး စားပွဲကထဖို့ ခြေလှမ်းပြင်နေပြီ။ အချိန်မီလှမ်းဆွဲထားတဲ့သူ့လက်တဖက်သာ ရှေ့ပြေးမဖြစ်ခဲ့ရင် သေချာတယ် အဲ့ဒီဆိုင်ထဲက ကလေးတယောက်လို မျက်ရည်လည်ရွဲနဲ့ ပြေးထွက်မိမှာ။ ဒါကကျွန်မရဲ့ မိန်းကလေးတယောက်ယောက်နဲ့ ကိုယ့်ကိုယ်လာနှိုင်းယှဉ်ရင် ဖြစ်တတ်တဲ့ သ၀န်တိုမှုတခုပေါ့။

နောက် လမ်းမှာ၊ ဈေးဝယ်ချိန်မှာ၊ သူနဲ့ကျွန်မ စကားပြောနေချိန်မျိုးမှာ မိန်းကလေးတယောက်ယောက်က အကြောင်းတခုခု အရင်းပြုလို့ (သူ့ကိုတွေ့ဖူးမြင်ဖူးသူတယောက်ဖြစ်ချင်ဖြစ်မည်) စိတ်ဝင်တစားလှမ်းကြည့်တဲ့အခါ ကျွန်မချစ်တဲ့ကိုကသာ သူ့အာရုံနဲ့သူ ရှိနေနိုင်ပေမဲ့ ကျွန်မမျက်လုံးက သူမရဲ့မျက်လုံးတွေကို လိုက်လံအကဲခတ်ရတာ အလုပ်တခု။ ဒီမျက်လုံးတွေက ရိုးသားမှုမရှိဘူးလို့ ကိုယ်ထင်ကုတင်ရွှေနန်းမှတ်လိုက်လို့ကတော့ ကျီးကန်းတောင်းမှောက်ဖြစ်နေတဲ့ ထိုအမျိုးသမီးကို သိမသိကို့ကိုမေးမြန်စူးစမ်းရင်း “ မသိဘူး ”ဆိုတဲ့အဖြေကို စိတ်ထဲကတိတ်တိတ်ကြိတ် မျှော်လင့်တောင်းတနေမိပြန်ပါလေရော။ ကျွန်မအလိုစကားတခွန်းလောက်သာရခဲ့ရင် ကို့ချစ်သူသည်ကျွန်မသာဖြစ်ကြောင်း ကို့ပုခုံးကိုမှီ၍သော်လည်းကောင်း၊ ကို့လက်ကိုတွဲထား၍သော်လည်းကောင်း ကိုယ်ထင်ပြမိပြန်ပါတော့တယ်။ တချိန်က လူရှေ့မရှောင် ဒီလိုလက်ပွန်းတတီးနေနေတတ်တဲ့ ချစ်သူစုံတွဲတွေတွေ့ရင် အမြင်ကတ်မိသလောက် ကိုယ်ကိုယ်တိုင်ကြုံတွေ့လာရတဲ့အခါ သူတို့လေးတွေလည်း ငါ့လိုကြုံတွေ့ရလို့နေမှာဆိုတဲ့အတွေးနဲ့ ဖြည့်တွေးမိတတ်လာပါတော့တယ်။

တကယ်တော့ အချစ်တခုစတင်တဲ့အခါ သ၀န်တိုခြင်းက မသိမသာကနေ သိသိသာသာ ကပ်ရပ်လိုက်ပါလာတတ်ကြခြင်းမျိုးပါ။ ဒီအချက်က ကိုယ်ချစ်တဲ့သူအပေါ် မယုံကြည်ခြင်း၊ စိတ်မချခြင်း တစွန်းတစမရှိပေသည့် ကိုယ့်ချစ်သူကိုနစ်နစ်နဲနဲချစ်ရာက ဖြစ်ပေါ်လာတဲ့ အမှားတခုပဲဖြစ်ပါတယ်။ ဒီအမှားကို အထပ်ထပ်ကျူးလွန်တာမကောင်းမှန်းသိပေမဲ့ သ၀န်တိုခြင်းဆိုတဲ့စကားလုံးကြီးနဲ့တော့ အတတ်နိုင်ဆုံးမြိုသိပ်ထားရင်းက ကျွန်မ ကြိတ်ပုန်းရင်းနှီးနေမိမှာအမှန်ပါပဲ။ တကယ်တော့ “အလကားနေ အလကား သ၀န်တိုနေပြန်ပါပြီ” ဆိုတဲ့စကားလုံးဖြစ်တည်လာတာ ကျွန်မကို့ကို သိပ်ချစ်မိသွားလို့ပါကွယ်….။

Credit to ရေကြည်သူ
“အလကားနေ အလကား သ၀န်တိုနေပြန်ပါပြီ”
ဒါ ကျွန်မချစ်သူ “ကို” ပြောနေကြစကား….
ဒီစကားစုကို ကျွန်မရင်းနှီးပတ်သက်ခွင့်ရခဲ့တာ ကိုရဲ့အချစ်ကို လက်ခံပြီးချိန်ကစခဲ့တာပါ။ ဒါတောင် ကိုက ကျွန်မကို အရမ်းချစ်၊ အရမ်းဂရုစိုက်တတ်တဲ့လူစား။ အေးဆေးတဲ့အပြောအဆို၊ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ထားလေးရှိတဲ့ကိုနဲ့ ကျွန်မတို့ချစ်ခရီး စတင်တွေ့ဆုံခဲ့ခြင်းက ကဗျာမဆန်ပေမဲ့ ရက်လနေ့တွေကုန်လွန်သည်ထိ ကျွန်မအပေါ် စိတ်အာရုံတွေစုစည်းပြီး ပိုမိုချစ်ခင်တွယ်တာပေးမှုက ရင်ခုန်ပျော်ရွှင်စရာအတိဖြစ်ခဲ့ပါတယ်။ကိုကစာပေ၀ါသနာထုံသူ။ ကျွန်မ မတောက်တခေါက်ရေးတဲ့ စာတိုပေစလေးတွေကိုမငြီးမငြူဖတ်ရှုပေးတတ်သလို၊ အကြံဥာဏ်ပေးတတ်သူတယောက်ပေါ့။ အပြင်စာတွေလည်းမလွတ်တမ်းဖတ်ရင်း သူ့ဝါသနာအရ ကဗျာရသလေးတွေ အခါအခွင့်သင့်တိုင်း ဖန်ဆင်းတတ်သူ။ ကျွန်မနဲ့ပတ်သက်ရင် သူသဘောထားကြီးနိုင်သလောက် သူနဲ့ပတ်သက်ရင် အတိုအစလေးကအစ လိုက်လံသ၀န်တိုရင်း ကောက်တေးလုပ်တတ်သူက ကျွန်မပါ။ စာရေးတဲ့သူတယောက်အတွက် စာဖတ်သူရှိစမြဲမို့ သူ့စာတို၊ ကဗျာအစအနလေးတွေမှာများ မန့်ပေးချက်တွေက လိုအပ်သည်ထက်ပိုတယ်လို့(ကျွန်မစိတ်ထင်) ကောက်ချက်ချမိတာနဲ့ ဒီသ၀န်တိုခြင်းစကားစုက ကျွန်မအတွက်ဖြစ်လာရတော့တာပါပဲ။ အဲ့ဒီမှာတင် မိသားစုထဲမှာအငယ်ဆုံးဖြစ်တဲ့ ကျွန်မကောက်တေး သ၀န်တိုရောဂါ ထကြွသောင်းကျန်းတာပေါ့။ နောက်ဆုံးတော့လည်း သူ့ရဲ့ လူကြီးဆန်စွာ အေးဆေးတည်ငြိမ်သောစကားသံတွေ၊ နားချမှုတွေနဲ့ ရိုင်းတဲ့စိတ်က ယဉ်သွားရတာပါပဲ။

ဒါက တနည်း သ၀န်တိုခြင်း။ ရုံးပိတ်ရက်မို့ ချစ်သူနှစ်ဦး သွားလာကြတဲ့အခါမျိုးမှာလည်း အဲ့ဒီသ၀န်တိုမှုက အချိန်နဲ့တပြေးညီ ၀င်ဝင်လာတတ်ပြန်ပါတယ်။ ကျွန်မရဲ့အမျိုးမျိုးသော ပိတ်ပင်မှုအရ ချစ်သူဘ၀အမှတ်တရဓါတ်ပုံလေးတွေကိုတောင် ချစ်သူ “ကို” ရဲ့ကိုယ်ပိုင်စာမျက်နှာမှာ တင်ခွင့်မပေးခဲ့တဲ့အခါမျိုးမှာ သူ့ဆီကများ ချစ်စနိုးနဲ့ “အေးပေါ့လေ… ဘယ်တတ်နိုင်မှာလဲ… ဓါတ်ပုံတင်ခွင့်မပေးတော့လည်း တင်ခွင့်ပေးတဲ့ကောင်မလေးတယောက်ကိုပဲ” စကားစက မပြတ်သေးခင် ကျွန်မနှုတ်ခမ်းက တတောင်လောက်စူထွက်လာပြီ၊ မျက်ရည်ကကျလုကျခင်ဖြစ်လို့ ကိုယ့်စိတ်ကြိုက်မှာထားတဲ့အစားအသောက်တွေကိုထားပြီး စားပွဲကထဖို့ ခြေလှမ်းပြင်နေပြီ။ အချိန်မီလှမ်းဆွဲထားတဲ့သူ့လက်တဖက်သာ ရှေ့ပြေးမဖြစ်ခဲ့ရင် သေချာတယ် အဲ့ဒီဆိုင်ထဲက ကလေးတယောက်လို မျက်ရည်လည်ရွဲနဲ့ ပြေးထွက်မိမှာ။ ဒါကကျွန်မရဲ့ မိန်းကလေးတယောက်ယောက်နဲ့ ကိုယ့်ကိုယ်လာနှိုင်းယှဉ်ရင် ဖြစ်တတ်တဲ့ သ၀န်တိုမှုတခုပေါ့။

နောက် လမ်းမှာ၊ ဈေးဝယ်ချိန်မှာ၊ သူနဲ့ကျွန်မ စကားပြောနေချိန်မျိုးမှာ မိန်းကလေးတယောက်ယောက်က အကြောင်းတခုခု အရင်းပြုလို့ (သူ့ကိုတွေ့ဖူးမြင်ဖူးသူတယောက်ဖြစ်ချင်ဖြစ်မည်) စိတ်ဝင်တစားလှမ်းကြည့်တဲ့အခါ ကျွန်မချစ်တဲ့ကိုကသာ သူ့အာရုံနဲ့သူ ရှိနေနိုင်ပေမဲ့ ကျွန်မမျက်လုံးက သူမရဲ့မျက်လုံးတွေကို လိုက်လံအကဲခတ်ရတာ အလုပ်တခု။ ဒီမျက်လုံးတွေက ရိုးသားမှုမရှိဘူးလို့ ကိုယ်ထင်ကုတင်ရွှေနန်းမှတ်လိုက်လို့ကတော့ ကျီးကန်းတောင်းမှောက်ဖြစ်နေတဲ့ ထိုအမျိုးသမီးကို သိမသိကို့ကိုမေးမြန်စူးစမ်းရင်း “ မသိဘူး ”ဆိုတဲ့အဖြေကို စိတ်ထဲကတိတ်တိတ်ကြိတ် မျှော်လင့်တောင်းတနေမိပြန်ပါလေရော။ ကျွန်မအလိုစကားတခွန်းလောက်သာရခဲ့ရင် ကို့ချစ်သူသည်ကျွန်မသာဖြစ်ကြောင်း ကို့ပုခုံးကိုမှီ၍သော်လည်းကောင်း၊ ကို့လက်ကိုတွဲထား၍သော်လည်းကောင်း ကိုယ်ထင်ပြမိပြန်ပါတော့တယ်။ တချိန်က လူရှေ့မရှောင် ဒီလိုလက်ပွန်းတတီးနေနေတတ်တဲ့ ချစ်သူစုံတွဲတွေတွေ့ရင် အမြင်ကတ်မိသလောက် ကိုယ်ကိုယ်တိုင်ကြုံတွေ့လာရတဲ့အခါ သူတို့လေးတွေလည်း ငါ့လိုကြုံတွေ့ရလို့နေမှာဆိုတဲ့အတွေးနဲ့ ဖြည့်တွေးမိတတ်လာပါတော့တယ်။

တကယ်တော့ အချစ်တခုစတင်တဲ့အခါ သ၀န်တိုခြင်းက မသိမသာကနေ သိသိသာသာ ကပ်ရပ်လိုက်ပါလာတတ်ကြခြင်းမျိုးပါ။ ဒီအချက်က ကိုယ်ချစ်တဲ့သူအပေါ် မယုံကြည်ခြင်း၊ စိတ်မချခြင်း တစွန်းတစမရှိပေသည့် ကိုယ့်ချစ်သူကိုနစ်နစ်နဲနဲချစ်ရာက ဖြစ်ပေါ်လာတဲ့ အမှားတခုပဲဖြစ်ပါတယ်။ ဒီအမှားကို အထပ်ထပ်ကျူးလွန်တာမကောင်းမှန်းသိပေမဲ့ သ၀န်တိုခြင်းဆိုတဲ့စကားလုံးကြီးနဲ့တော့ အတတ်နိုင်ဆုံးမြိုသိပ်ထားရင်းက ကျွန်မ ကြိတ်ပုန်းရင်းနှီးနေမိမှာအမှန်ပါပဲ။ တကယ်တော့ “အလကားနေ အလကား သ၀န်တိုနေပြန်ပါပြီ” ဆိုတဲ့စကားလုံးဖြစ်တည်လာတာ ကျွန်မကို့ကို သိပ်ချစ်မိသွားလို့ပါကွယ်….။

Credit to ရေကြည်သူ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..