လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 22, 2013

တောမီးလောင်မှုကြောင့် ကလေး ၂ယောက် ဖမ်းဆီးခံရ

Photo: တောမီးလောင်မှုကြောင့် ကလေး ၂ယောက် ဖမ်းဆီးခံရ
Tuesday, October 22, 2013

သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ အရင်တပတ်က
ဖြစ်ခဲ့တဲ့ တောမီးလောင်မှုနဲ့ ပတ်သက်ပြီး ကလေးငယ်နှစ်ယောက်ကို တရားစွဲဆိုထားပြီ ဖြစ်ပါတယ်။

တောမီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ရဲတွေက အသက် ၁၁ နှစ်အရွယ်နဲ့ ၁၅ နှစ်အရွယ် ကလေးနှစ်ယောက်ကို ဖမ်းဆီးလိုက်
တာဖြစ်ပါတယ်။

ကလေးငယ်နှစ်ဦးရဲ့ လက်ချက်ကြောင့် အဆောက်အဦးတချို့နဲ့ တော
ရိုင်းမြေဧကပေါင်း တစ်သောင်းခွဲနီးပါး မီးထဲပါသွားခဲ့ပါတယ်။

အသက် ၁၁ နှစ်အရွယ် ကလေးကိုတော့ စွဲချက်နှစ်ချက်နဲ့ တရားစွဲဆိုထားပြီး အာမခံမပေးပဲ ကလေးများဆိုင်ရာ တရားရုံးမှာ ထိန်းသိမ်းထားပါတယ်။

အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကိုတော့ မီးကို တမင်ရှို့မှု တရားစွဲထားပြီး အာမခံနဲ့ လွတ်ပေးလိုက်ပါတယ်။

လောလောဆယ် Blue Mountains ဒေသတလျောက်မှာ လောင်နေတဲ့ မီးတွေ တစ်ခုနဲ့ တစ်ခု ပူးပေါင်းပြီး မဟာမီးလောင်မှုကြီး မဖြစ်အောင် မီးသတ်သမားတွေက အစွမ်းကုန် ကြိုးစားနေကြပါတယ်။

မဟာမီးလောင်မှုကြီးမဖြစ်အောင် ကြိုးစားနေချိန်မှာတော့ တချို့နေရာမှာ ဒေသခံတွေရဲ့ နေအိမ်တွေအတွက် စိုးရိမ်နေရတဲ့အတွက် မီးသတ်သမားတွေ လူစုခွဲပြီး ကူညီပေးတာတွေ လုပ်ရတဲ့အတွက် ထင်သလောက် အရာမရောက်တာတွေ ဖြစ်နေရပါတယ်။

ဒီတပတ်အတွင်း ရာသီဥတုအခြေအနေ ပိုဆိုးမယ်လို့ ခန့်မှန်းထား
တဲ့အတွက် မီးသတ်သမား အယောက် ၂၀၀၀ အပြင် ရာနဲ့ချီတဲ့ မီးသတ်ကားတွေ၊ မီးသတ်ရဟတ်ယာဉ်တွေကို အသုံးပြုပြီး
အစွမ်းကုန် လုပ်ဆောင်နေကြပါတယ်။

ABC Radio
သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာ အရင်တပတ်က
ဖြစ်ခဲ့တဲ့ တောမီးလောင်မှုနဲ့ ပတ်သက်ပြီး ကလေးငယ်နှစ်ယောက်ကို တရားစွဲဆိုထားပြီ ဖြစ်ပါတယ်။
တောမီးလောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ရဲတွေက အသက် ၁၁ နှစ်အရွယ်နဲ့ ၁၅ နှစ်အရွယ် ကလေးနှစ်ယောက်ကို ဖမ်းဆီးလိုက်
တာဖြစ်ပါတယ်။ကလေးငယ်နှစ်ဦးရဲ့ လက်ချက်ကြောင့် အဆောက်အဦးတချို့နဲ့ တော
ရိုင်းမြေဧကပေါင်း တစ်သောင်းခွဲနီးပါး မီးထဲပါသွားခဲ့ပါတယ်။
အသက် ၁၁ နှစ်အရွယ် ကလေးကိုတော့ စွဲချက်နှစ်ချက်နဲ့ တရားစွဲဆိုထားပြီး အာမခံမပေးပဲ ကလေးများဆိုင်ရာ တရားရုံးမှာ ထိန်းသိမ်းထားပါတယ်။

အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကိုတော့ မီးကို တမင်ရှို့မှု တရားစွဲထားပြီး အာမခံနဲ့ လွတ်ပေးလိုက်ပါတယ်။

လောလောဆယ် Blue Mountains ဒေသတလျောက်မှာ လောင်နေတဲ့ မီးတွေ တစ်ခုနဲ့ တစ်ခု ပူးပေါင်းပြီး မဟာမီးလောင်မှုကြီး မဖြစ်အောင် မီးသတ်သမားတွေက အစွမ်းကုန် ကြိုးစားနေကြပါတယ်။

မဟာမီးလောင်မှုကြီးမဖြစ်အောင် ကြိုးစားနေချိန်မှာတော့ တချို့နေရာမှာ ဒေသခံတွေရဲ့ နေအိမ်တွေအတွက် စိုးရိမ်နေရတဲ့အတွက် မီးသတ်သမားတွေ လူစုခွဲပြီး ကူညီပေးတာတွေ လုပ်ရတဲ့အတွက် ထင်သလောက် အရာမရောက်တာတွေ ဖြစ်နေရပါတယ်။

ဒီတပတ်အတွင်း ရာသီဥတုအခြေအနေ ပိုဆိုးမယ်လို့ ခန့်မှန်းထား
တဲ့အတွက် မီးသတ်သမား အယောက် ၂၀၀၀ အပြင် ရာနဲ့ချီတဲ့ မီးသတ်ကားတွေ၊ မီးသတ်ရဟတ်ယာဉ်တွေကို အသုံးပြုပြီး
အစွမ်းကုန် လုပ်ဆောင်နေကြပါတယ်။

ABC Radio

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..