လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 22, 2013

အက်ဖ်အေနှင့်ပွဲမှ အပြုအမူများကြောင့် မော်ရင်ဟိုကို အက်ဖ်အေမှ အရေးယူပြီ

Photo: အက်ဖ်အေနှင့်ပွဲမှ အပြုအမူများကြောင့် မော်ရင်ဟိုကို အက်ဖ်အေမှ အရေးယူပြီ
Tuesday, October 22, 2013

ကာဒစ်ဖ်နှင့်ပွဲစဉ်တွင် ထုတ်ပယ်ခံခဲ့ရသည့် ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကို အက်ဖ်အေမှ အရေးယူတော့မည်ဖြစ်ကြောင်းသိရသည်။ ချဲလ်ဆီးမှာ အဆိုပါပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ပွဲချိန်(၁၀)မိနစ်ကတည်းက အဖွင့်ဂိုး စပေးခဲ့ရပြီး ပွဲချိန်နှောင်းပိုင်း သွင်းဂိုးများကြောင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ သို့သော် မော်ရင်ဟိုမှာ ကာဒစ်ဖ်အသင်း၏ အချိန်ဆွဲသည့် လုပ်ရပ်နှင့် ပတ်သက်၍ ကွင်းလယ်ဒိုင်ကို စောဒကတက်
ခဲ့ခြင်းကြောင့် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရကာ ယခုအခါတွင် အက်ဖ်အေမှ ဒဏ်ငွေ ပေါင်(၈၀၀၀) ချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါပွဲစဉ်မှ အဖြစ်အပျက်နှင့် ပတ်သက်၍ မော်ရင်ဟိုက “ ကျွန်တော့်ဘာသာ အလုပ်လုပ်နေတာကို ဒိုင်က ဘာလို့ဟန့်တားခဲ့သလဲ မသိပါဘူး။ ကစားသမားတွေနဲ့ ဆက်သွယ်ချင်ပေမယ့် အဆက်အသွယ်မလုပ်နိုင်ခဲ့တဲ့အတွက်စိတ်ပျက်ပါတယ်။ ဘေးထွက်ဘော
ဖြစ်လိုက်၊ နောက်ပြန်ပေးလိုက်နဲ့ အချိန်ကုန်နေပြီး ဒါဟာ လက်မှတ်ခပေးကြည့်ရတဲ့ ပရိသတ်တွေရဲ့ ပိုက်ဆံကို ဖြုန်းတီးသလိုပါပဲ။ တစ်မိနစ်ကို (၂၁.၅)စက္ကန့်လောက် အချိန်ဆွဲနေလို့ မိနစ်(၉၀) ကစားရတဲ့ပွဲမှာ ပရိသတ်တွေ ကြည့်ရတာက (၅၅)မိနစ်၊ မိနစ်(၆၀)လောက်ပဲ ရှိပြီး ဒါဟာ ကျွန်တော့်အမြင်အရတော့စည်းမျဉ်းချိုးဖောက်တာပါပဲ”
ဟု ရှော်လ်ကေးနှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဂျာမနီ လေဆိပ်တွင် ပြောကြားခဲ့သည်။

မော်ရင်ဟိုမှာ ရီးရဲလ်တွင် နည်းပြခဲ့စဉ်က အက်သလက်တီကိုနှင့် ကစားခဲ့သည့် စပိန်ဘုရင့်ဖလား ပွဲစဉ်တွင်လည်း ကွင်းလယ်ဒိုင်ကို ကန့်ကွက်ခဲ့ခြင်းကြောင့် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရကာ ၎င်းအနေဖြင့် ယခုချမှတ်ခံရသည့် ဒဏ်ငွေပြစ်ဒဏ်အတွက် အောက်တိုဘာ (၂၄)ရက်နေ့အထိ အယူခံဝင်ခွင့် ရှိနေကြောင်း သိရသည်။

http://yoyarlay.com/sport/football/38403-2013-10-22-06-46-28
ဇော်ထွန်း(ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..