လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 2, 2013

တောင်ကိုရီးယား၏ ဆယ်စုနှစ် တစ်ခုအတွင်း အကြီးဆုံး စစ်ရေးပြ အခမ်းအနား ကျင်းပ

Photo: တောင်ကိုရီးယား၏ ဆယ်စုနှစ် တစ်ခုအတွင်း အကြီးဆုံး စစ်ရေးပြ အခမ်းအနား ကျင်းပ
Wednesday, October 2, 2013

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ်က တောင်ကိုရီးယား
အတွက် အလွန်စိုးရိမ်ဖွယ် ခြိမ်းခြောက်မှု ဖြစ်နေချိန်တွင် တောင်ကိုရီးယားက
ဆယ်စုနှစ် တစ်ခုအတွင်း အကြီးဆုံး စစ်ရေးပြ အခမ်းအနားကို
အောက်တိုဘာ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆိုးလ်တောင်ပိုင်းရှိ လေတပ်စခန်းတွင် ပြုလုပ်သော ယင်းစစ်ရေးပြ အခမ်းအနားတွင် တပ်ဖွဲ့ဝင် ၁၁၀၀၀ ခန့်နှင့် လေယာဉ် ၁၂၀ စင်း ပါဝင်ကာ မြောက်ကိုရီးယားကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်သော နျူထိပ်
ဖူးတပ် ဒုံးကျည်တစ်စင်း အပါအ၀င် တောင်ကိုရီးယား စစ်တပ်၏ အဆင့်မြင့်ဆုံး လက်နက်များကို ပြသခဲ့သည်။

"ကိုရီးယားကျွန်းဆွယ် အခြေအနေဟာ အရမ်းကို စိုးရိမ်ဖွယ် ဖြစ်နေပါ
တယ်။ မြောက်ကိုရီးယားက နျူကလီးယားလက်နက် တီထွင်မှု အဆင့်မြှင့်တင်မှုတွေကို ဆက်လက်လုပ်ဆောင် နေတယ်။ ဒီ့အတွက် တောင်ကိုရီးယားမှာ ကာကွယ်ရေးအင်အားကို မြှင့်တင်ဖို့က
လွဲပြီး ရွေးချယ်စရာ မရှိပါဘူး။ စစ်တပ်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ဟာ စစ်တိုက်ဖို့ မဟုတ်ဘဲ ကာကွယ်ဖို့လို့ ကျွန်မယုံကြည်ပါတယ်" ဟု ကိုရီးယားစစ်တပ် တည်ထောင်မှု ၆၅ နှစ်ပြည့် အခမ်းအနားတွင်
တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတ ပက်ကွမ်ဟီးက ပြောကြား
ခဲ့သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်မည့် ဒုံးခွင်းစနစ်များကို တီထွင်နေမှုကိုပက်က ရည်ညွှန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယား
က ပြည်တွင်းပစ်ဒုံးကျည် Hyenomu 3 ကို ပြသခဲ့သည်။ ယမန်နှစ် နိုဝင်
ဘာက ရေတပ်ဖျက် သင်္ဘောများတွင် ပထမဆုံး တပ်ဆင်ခဲ့သော ယင်းဒုံးကျည်ကို အများပြည်သူသို့ ပြသခဲ့ဖူးခြင်း မရှိသေးပေ။ မြောက်ကို
ရီးယားက တတိယ အကြိမ်မြောက် နျူစမ်းသပ်မှုကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြုလုပ်ပြီးနောက် နှစ်ရက်အကြာတွင် တောင်ကိုရီးယားက ယင်းဒုံးကျည်၏ စွမ်းရည်များအကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့
သည်။

ယင်းအခမ်းအနားကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ဧည့်သည်အဖြစ် တက်ရောက်ခဲ့သည်။ လောလောဆယ်တွင် တောင်ကို
ရီးယား၌ အမေရိကန် တပ်ဖွဲ့ဝင် ၂၈၅၀၀ တပ်စွဲထားသည်။

ယင်းတပ်ဖွဲ့များကို ၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယားက လွှဲပြောင်းယူရန် စီစဉ်ထားသော်လည်း ယင်းအတွက် ပြင်ဆင်ချိန် ထပ်မံလိုအပ်ကြောင်း ကာကွယ်ရေး မူဝါဒ ရေးဆွဲသူများက ပြောကြားခဲ့သည်။

eleven media group
မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ်က တောင်ကိုရီးယား
အတွက် အလွန်စိုးရိမ်ဖွယ် ခြိမ်းခြောက်မှု ဖြစ်နေချိန်တွင် တောင်ကိုရီးယားက
ဆယ်စုနှစ် တစ်ခုအတွင်း အကြီးဆုံး စစ်ရေးပြ အခမ်းအနားကို
အောက်တိုဘာ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ဆိုးလ်တောင်ပိုင်းရှိ လေတပ်စခန်းတွင် ပြုလုပ်သော ယင်းစစ်ရေးပြ အခမ်းအနားတွင် တပ်ဖွဲ့ဝင် ၁၁၀၀၀ ခန့်နှင့် လေယာဉ် ၁၂၀ စင်း ပါဝင်ကာ မြောက်ကိုရီးယားကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်သော နျူထိပ်
ဖူးတပ် ဒုံးကျည်တစ်စင်း အပါအ၀င် တောင်ကိုရီးယား

စစ်တပ်၏ အဆင့်မြင့်ဆုံး လက်နက်များကို ပြသခဲ့သည်။

"ကိုရီးယားကျွန်းဆွယ် အခြေအနေဟာ အရမ်းကို စိုးရိမ်ဖွယ် ဖြစ်နေပါ
တယ်။ မြောက်ကိုရီးယားက နျူကလီးယားလက်နက် တီထွင်မှု အဆင့်မြှင့်တင်မှုတွေကို ဆက်လက်လုပ်ဆောင် နေတယ်။ ဒီ့အတွက် တောင်ကိုရီးယားမှာ ကာကွယ်ရေးအင်အားကို မြှင့်တင်ဖို့က
လွဲပြီး ရွေးချယ်စရာ မရှိပါဘူး။ စစ်တပ်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်ဟာ စစ်တိုက်ဖို့ မဟုတ်ဘဲ ကာကွယ်ဖို့လို့ ကျွန်မယုံကြည်ပါတယ်" ဟု ကိုရီးယားစစ်တပ် တည်ထောင်မှု ၆၅ နှစ်ပြည့် အခမ်းအနားတွင်
တောင်ကိုရီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတ ပက်ကွမ်ဟီးက ပြောကြား
ခဲ့သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်မည့် ဒုံးခွင်းစနစ်များကို တီထွင်နေမှုကိုပက်က ရည်ညွှန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယား
က ပြည်တွင်းပစ်ဒုံးကျည် Hyenomu 3 ကို ပြသခဲ့သည်။ ယမန်နှစ် နိုဝင်
ဘာက ရေတပ်ဖျက် သင်္ဘောများတွင် ပထမဆုံး တပ်ဆင်ခဲ့သော ယင်းဒုံးကျည်ကို အများပြည်သူသို့ ပြသခဲ့ဖူးခြင်း မရှိသေးပေ။ မြောက်ကို
ရီးယားက တတိယ အကြိမ်မြောက် နျူစမ်းသပ်မှုကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြုလုပ်ပြီးနောက် နှစ်ရက်အကြာတွင် တောင်ကိုရီးယားက ယင်းဒုံးကျည်၏ စွမ်းရည်များအကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့
သည်။

ယင်းအခမ်းအနားကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ဧည့်သည်အဖြစ် တက်ရောက်ခဲ့သည်။ လောလောဆယ်တွင် တောင်ကို
ရီးယား၌ အမေရိကန် တပ်ဖွဲ့ဝင် ၂၈၅၀၀ တပ်စွဲထားသည်။

ယင်းတပ်ဖွဲ့များကို ၂၀၁၅ ခုနှစ်တွင် တောင်ကိုရီးယားက လွှဲပြောင်းယူရန် စီစဉ်ထားသော်လည်း ယင်းအတွက် ပြင်ဆင်ချိန် ထပ်မံလိုအပ်ကြောင်း ကာကွယ်ရေး မူဝါဒ ရေးဆွဲသူများက ပြောကြားခဲ့သည်။

eleven media group

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..