လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, October 3, 2013

ဂိုးပြတ်အနိုင်ဖြင့် အုပ်စု(B)ကို ဆက်လက်ဦးဆောင်သည့် ရီးယဲလ်မက်ဒရစ်

Photo: ဂိုးပြတ်အနိုင်ဖြင့် အုပ်စု(B)ကို ဆက်လက်ဦးဆောင်သည့် ရီးယဲလ်မက်ဒရစ်
Thursday, October 3, 2013

ရီးယဲလ်မက်ဒရစ် အသင်းသည် ယခုရာသီ ချန်ပီယံလိဂ် အိမ်ကွင်း အဖွင့်ပွဲစဉ်တွင် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကို သက်တောင့်သက်သာ အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဆက်လက် ဦးဆောင်ခဲ့သည်။

ရီးယဲလ်တွင် ဒဏ်ရာကြောင့် ဂါရတ်သ်ဘေးလ် မပါဝင်သော်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကီရင်ဘန်ဇီးမား၊ အိန်ဂျယ်လ်ဒီမာရီယာ၊ လူကာမိုဒရစ်၊ အေဆာ အီလာရာမန်ဒီ၊ ဆမ်မီခီဒီရာ၊ မာဆယ်လို၊ ရာဖာရဲလ် ဗာရာနီ၊ ပီပီ၊ ဒန်နီရယ်လ် ကာဗာဂျယ်လ်တို့ဖြင့် လူစုံခဲ့သည်။ ကိုပင်ဟေဂင် အသင်းတွင်မူ နီကိုလိုင် ဂျော်ဂျန်ဆန်၊ ဒန်နီရယ်လ် ဘရတ်တန်၊ ယူဆွတ်ဖ်တူတော့ခ်ျ၊ ကလော်ဒီမာ၊ သောမတ်စ် ဒီလာနေး၊ ရူရစ်ခ် ဂီဆလာဆန်၊ အိုလက်ဇ်မဲလ်ဘာ့ဂ် အစရှိသည့် ကစားသမားများ ပါဝင်လာခဲ့သည်။

ပွဲချိန် (၂၁)မိနစ်တွင် ဘယ်ခြမ်းမှ မာဆယ်လို ဖြတ်တင်ပေးသော ဘောလုံးကို ရော်နယ်လ်ဒိုက အနီးကပ် ခေါင်းတိုက်ပြီး ရီးယဲလ်အတွက် ဦးဆောင်ဂိုး ရယူခဲ့သည်။ စပိန်လာလီဂါတွင် အတန်ငယ် ပုံစံကောင်း ပျောက်နေသော်လည်း ရီးယဲလ်အနေဖြင့် ချန်ပီယံလိဂ်တွင် ခြေတွေ့နေသလို ကိုပင်ဟေဂင်ကို ဆက်တိုက်ဖိကစားနိုင်ခဲ့သည်။ 

ပထမပိုင်းတွင် (၁)ဂိုးတည်းသာ သွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်း (၆၅)မိနစ်တွင် ဧရိယာထဲ ဘောလုံးဆွဲဝင်လာသည့် ဒီမာရီယာ ခုတ်တင်ပေးသော ဘောလုံးကို ရော်နယ်လ်ဒိုကပင် ခေါင်းတိုက်ကာ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြန်သည်။ (၇၁)မိနစ်တွင်မူ ဘန်ဇီးမား ထိုးပေးလိုက်သော ဘောလုံးကို ညာခြမ်းအတိုင်း ဒီမာရီယာ ဆွဲယူပြီး ဧရိယာ ထိပ်နားမှ အမြောက်ကန်သွင်းကာ ရီးယဲလ်တို့ (၃)ဂိုးပြတ် ဦးဆောင်ခဲ့သည်။ ရီးယဲလ်အတွက် နောက်ဆုံးဂိုးကိုမူ ပွဲပြီးခါနီးတွင် ကိုပင်ဟေဂင် ခံစစ်အမှားမှ ရရှိလာသည့် ဘောလုံးအား ဒီမာရီယာက ဧရိယာထဲ ဆွဲယူကာ စိတ်ကြိုက် တည်ကန် သွင်းယူသွားခြင်း ဖြစ်သည်။ 

ရီးယဲလ်သည် ချန်ပီယံလိဂ်တွင် (၂)ပွဲကစား (၁၀)ဂိုးသွင်းကာ လက်ရှိ တိုက်စစ်အကောင်းဆုံး အသင်းအဖြစ်လည်း ရပ်တည်လျှက်ရှိသည်။

Soccer Myanmar
ရီးယဲလ်မက်ဒရစ် အသင်းသည် ယခုရာသီ ချန်ပီယံလိဂ် အိမ်ကွင်း အဖွင့်ပွဲစဉ်တွင် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကို သက်တောင့်သက်သာ အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဆက်လက် ဦးဆောင်ခဲ့သည်။ရီးယဲလ်တွင် ဒဏ်ရာကြောင့် ဂါရတ်သ်ဘေးလ် မပါဝင်သော်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ကီရင်ဘန်ဇီးမား၊ အိန်ဂျယ်လ်ဒီမာရီယာ၊ လူကာမိုဒရစ်၊ အေဆာ အီလာရာမန်ဒီ၊ ဆမ်မီခီဒီရာ၊ မာဆယ်လို၊ ရာဖာရဲလ် ဗာရာနီ၊ ပီပီ၊ ဒန်နီရယ်လ် ကာဗာဂျယ်လ်တို့ဖြင့် လူစုံခဲ့သည်။ ကိုပင်ဟေဂင် အသင်းတွင်မူ နီကိုလိုင် ဂျော်ဂျန်ဆန်၊ ဒန်နီရယ်လ် ဘရတ်တန်၊ ယူဆွတ်ဖ်တူတော့ခ်ျ၊ ကလော်ဒီမာ၊ သောမတ်စ် ဒီလာနေး၊ ရူရစ်ခ် ဂီဆလာဆန်၊ အိုလက်ဇ်မဲလ်ဘာ့ဂ် အစရှိသည့် ကစားသမားများ ပါဝင်လာခဲ့သည်။

ပွဲချိန် (၂၁)မိနစ်တွင် ဘယ်ခြမ်းမှ မာဆယ်လို ဖြတ်တင်ပေးသော ဘောလုံးကို ရော်နယ်လ်ဒိုက အနီးကပ် ခေါင်းတိုက်ပြီး ရီးယဲလ်အတွက် ဦးဆောင်ဂိုး ရယူခဲ့သည်။ စပိန်လာလီဂါတွင် အတန်ငယ် ပုံစံကောင်း ပျောက်နေသော်လည်း ရီးယဲလ်အနေဖြင့် ချန်ပီယံလိဂ်တွင် ခြေတွေ့နေသလို ကိုပင်ဟေဂင်ကို ဆက်တိုက်ဖိကစားနိုင်ခဲ့သည်။

ပထမပိုင်းတွင် (၁)ဂိုးတည်းသာ သွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်း (၆၅)မိနစ်တွင် ဧရိယာထဲ ဘောလုံးဆွဲဝင်လာသည့် ဒီမာရီယာ ခုတ်တင်ပေးသော ဘောလုံးကို ရော်နယ်လ်ဒိုကပင် ခေါင်းတိုက်ကာ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြန်သည်။ (၇၁)မိနစ်တွင်မူ ဘန်ဇီးမား ထိုးပေးလိုက်သော ဘောလုံးကို ညာခြမ်းအတိုင်း ဒီမာရီယာ ဆွဲယူပြီး ဧရိယာ ထိပ်နားမှ အမြောက်ကန်သွင်းကာ ရီးယဲလ်တို့ (၃)ဂိုးပြတ် ဦးဆောင်ခဲ့သည်။ ရီးယဲလ်အတွက် နောက်ဆုံးဂိုးကိုမူ ပွဲပြီးခါနီးတွင် ကိုပင်ဟေဂင် ခံစစ်အမှားမှ ရရှိလာသည့် ဘောလုံးအား ဒီမာရီယာက ဧရိယာထဲ ဆွဲယူကာ စိတ်ကြိုက် တည်ကန် သွင်းယူသွားခြင်း ဖြစ်သည်။

ရီးယဲလ်သည် ချန်ပီယံလိဂ်တွင် (၂)ပွဲကစား (၁၀)ဂိုးသွင်းကာ လက်ရှိ တိုက်စစ်အကောင်းဆုံး အသင်းအဖြစ်လည်း ရပ်တည်လျှက်ရှိသည်။

Soccer Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..