ဂျပန်ဘုရားကျောင်း တစ်ကျောင်းကနေ အခိုးခံခဲ့ရတဲ့ ဘုရားတစ်ဆူကို ပြန်လည် လွှဲပြောင်းပေးဖို့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးပြီးခဲ့တဲ့ သောကြာနေ့မှာ
ဂျပန်-တောင်ကိုရီးယား နှစ်နိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီးတွေဟာ
တောင်ကိုရီးယား ဂွမ်ဂျူမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဆွေးနွေးပွဲမှာ ဂျပန်ယဉ်ကျေးမှုဌာန ၀န်ကြီးက ဘုရားရုပ်တုကို ဂျပန်နိုင်ငံကို
ပြန်ပို့ပေးရန် တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလ
အတွင်း တောင်ကိုရီးယားက အဖွဲ့တစ်ဖွဲ့ဟာ ဂျပန်နိုင်ငံ တာဆူရှီးမားနဲ့
နာဂါဆာဂီ စီရင်စုတွေက ဘုရားကျောင်းနဲ့ နတ်ကွန်းတွေကနေ ဘုရားရုပ်တု ၂ဆူ
ခိုးယူခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလမှာတော့ တောင် ကိုရီးယားရဲတပ်ဖွဲ့ဟာ
သူခိုးများ ကို ဖမ်းမိခဲ့ပြီး ဘုရားရုပ်တုများကိုလည်း သိမ်းဆည်းရမိခဲ့တာ
ဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလအတွင်း တောင်ကိုရီးယား တရားရုံးတစ်ရုံးဟာ
ဘုရားတစ်ဆူရဲ့ မူလပိုင်ရှင်ဟာ တောင်ကိုရီးယား ဘုရားကျောင်းတစ်ကျောင်း
ဖြစ်ကြောင်း လျှောက်တင်ချက်ကို ရရှိခဲ့ပါတယ်။
ဒါကြောင့် တရားရုံးဟာ တောင်ကိုရီးယား အစိုးရကို ဂျပန်ဘုရားကျောင်းက ရုပ်တုပိုင်ဆိုင်ကြောင်း သက်သေမပြနိုင်သရွေ့ ဘုရားကိုဂျပန်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်းကို ဆိုင်းငံ့ထားရန် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရဟာ ဖြေရှင်းပေးသွားမှာ ဖြစ်ကြောင်း တောင်ကိုရီးယား လွှတ်တော် အမတ်တစ်ဦးက ပြောကြားခဲ့ပြီး ဒီလို ဖြစ်ရပ်မျိုးကို အစိုးရတာဝန်ရှိသူတစ်ဦးက ပထမဆုံးအကြိမ် ထုတ်ပြန်တာ ဖြစ်တယ်လို့ သိရပါတယ်။
Mrtv-4

No comments:
Post a Comment