လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, October 1, 2013

ဆီးဂိမ်းမှာ ကြက်ခြေနီ ဗိုလ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်သွားမယ့် ဝေဠုကျော်

Photo: ဆီးဂိမ်းမှာ ကြက်ခြေနီ ဗိုလ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်သွားမယ့် ဝေဠုကျော်
Tuesday, October 1, 2013

သွေးမေတ္တာပရဟိတအသင်း (ရန်ကုန်)မှာ ဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ ဝေဠုကျော်က သြဂုတ်လမှစတင်ပြီး ရန်ကုန်တိုင်း ကြက်နေခြနီတပ်ဖွဲ့မှာ ဗိုလ်ကြီးအဖြစ် စတင်တာ ဝန်ယူ ထမ်းဆောင်နေပြီလို့ သိရပါတယ်။ ငယ်ငယ်တည်းက ကြက်ခြေနီအဖွဲ့ဝင် တစ်ယောက်ဖြစ်ခဲ့တဲ့ ဝေဠုကျော်က ပြန်လည်ဝင်ရောက် တာဝန်ထမ်း ဆောင်ဖြစ်တာနဲ့ပတ်သက်ပြီး ” ကျွန်တော်တို့ သွေးမေတ္တာအဖွဲ့က လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး ၂၄ နာရီ အရေးပေါ်လှူပေးနေပါတယ်။ ကျွန်တော်က ကျောင်းသားဘဝ တုန်းကတော့ ကြက်ခြေနီအဖြစ် တာဝန်ထမ်း ဆောင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ အနုပညာ လုပ်ငန်း တွေရော တခြားအ ရာတွေရှိေ နတော့ ကြက်ခြေနီ နဲ့ အလှမ်းဝေးခဲ့တယ်။ အရင်ထဲက သာကေတမြို့ နယ်မှာ ကြက်ခြေနီအဖွဲ့ဝင်ခဲ့တဲ့ အခြေခံစိတ်ဓာတ်လေးတွေကြောင့် ပရဟိတလုပ် ငန်းတွေ အများကြီး လုပ်ဖြစ်ခဲ့တယ်။

သွေးမေတ္တာပရဟိတအသင်း အနေနဲ့ အရေးပေါ်တွေကို လုပ်တာတော့ ရိုးရိုး လူနာတွေရော၊ အရေးပေါ်ကို ကယ်ဖို့က ရိုးရိုး NGO အဆင့်နဲ့က အဆင်မပြေဘူးလေ။ ကူညီရုံ တင်မဟုတ်ဘူး။ ကယ်ဆယ်ရေးပါ လုပ်ချင်တဲ့ အတွက် ကြက်ခြေနီပြန်ပြီးလုပ်မယ်လို့ စိတ်ကူး တဲ့အချိန်မှာပဲ ရန်ကုန်တိုင်း ကြက်ခြေနီတိုင်း တပ်ဖွဲ့က ကြက်ခြေနီ မှာပြန်ပြီးတာဝန်ထမ်းပေးဖို့ ပြောတယ်။ ကျွန်တော့်စိတ်ကလည်း လုပ်ချင်တော့ အမြန်ဆုံးပြန်ပြီး တာဝန်ထမ်းဆောင်ဖြစ်တယ်။ ကျွန်တော်တို့လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးက NGO ပါပဲ။ ကြက်ခြေနီဆိုတာလည်း ကမ္ဘာ့ အသိအမှတ်ပြု ကူညီကယ်ဆယ်ရေးအဖွဲ့ပေါ့။ ဒီလို ပြန်လည်တာဝန်ထမ်းဆောင်ရတဲ့အတွက် အရင်က ထက် အများ အတွက်ပိုပြီး လုပ်နိုင်မယ် လို့ ခံယူပါ တယ်” လို့ ပြောပြပါတယ်။ ဒီလိုကြက် ခြေနီတပ်ဖွဲ့မှာ ဝေဠုကျော်နဲ့အတူ အနုပညာရှင် တွေ ပူးပေါင်းပါဝင်လာဖို့နဲ့လည်း ပတ် သက်ပြီး ” ကမ္ဘာမှာရှိတဲ့ ကြက်ခြေနီအဖွဲ့တွေမှာ အထင်ကရ ပုဂ္ဂိုလ်ကြီးတွေ၊ သရုပ်ဆောင်တွေ၊ မော်ဒယ်တွေက ကြက်ခြေနီအဖွဲ့တွေ ဝင်ကြတယ်။ ကုလသမဂ္ဂနဲ့ ပတ် သက်ပြီး သံတမန်အဖြစ်ကို ကြက်ခြေနီအဖွဲ့က နေသွားပြီးလုပ်ကြတာ အများကြီးပါပဲ။ ကျွန်တော်တို့ အနုပညာမောင်နှမတွေပါဝင်လာတဲ့ အခါ ပိုပြီးကူညီ ကယ်ဆယ် သွားနိုင်မှာပေါ့” လို့ ပြောပြပါတယ်။

ကြက်ခြေနီတာဝန်ကို ထမ်းဆောင်ပြီး ဆီးဂိမ်း မှာ ပါဝင်ဆောင်ရွက်သွားဖို့လည်းရှိသလို အရေးပေါ် နေရာတွေကိုလည်း ကူညီဆောင်ရွက်သွားမယ် လို့ပြောပြတာကြောင့် ” ကျွန်တော်တို့ တပ်ဖွဲ့ကနေ ဆီးဂိမ်းကို လွှတ်မယ်လို့ပြောပါတယ်။ အကြောင်း ကြောင်းကြောင့် ရန်ကုန်တိုင်း ပြင်ပခရီးတွေမှာ ကူညီကယ်ဆယ်ရေးတွေ အရေးပေါ် သွားရ မယ် ဆိုရင်လည်း လိုက်နိုင်အောင် ပြင်ဆင်ထားဖို့ တပ်ဖွဲ့ကတာဝန်ပေးထားပါတယ်။ ကျွန်တော် ရန်ကုန်မှာရှိရင်လည်း တစ်ခုခုဖြစ်တိုင်း ကျွန်တော် ပါဝင်သွားမှာ ပါ။ ဆီးဂိမ်းမှာလည်း ကြက်ခြေနီတပ်ဖွဲ့အနေနဲ့ ပါဝင်ကူညီသွားမှာပါ”  လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

Popular Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..