လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, October 30, 2013

အချုပ်ထဲရောက်သွားသည့် ဘန်လေအသင်း၏ လာဘ်ကောင်လေး

Photo: အချုပ်ထဲရောက်သွားသည့် ဘန်လေအသင်း၏ လာဘ်ကောင်လေး
Wednesday, October 30, 2013

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အင်္ဂလန် ချန်ပီယံရှစ် ပွဲစဉ်တွင် ဘန်လေက QPRကို (၂-၀)ဖြင့် အနိုင်ရခဲ့ကာ Bertie Beeကို အသင်း၏ လုံခြုံရေး ဝန်ထမ်းများ ကိုယ်တိုင်ကပင် ဆွဲထုတ်သွားကာ အကျဉ်းခန်းထဲ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဘန်လေအသင်း ပရိသတ်အနေဖြင့် ၎င်းတို့၏ လာဘ်ကောင်ရုပ်လေး ထောင်ထဲရောက်နေသည့် မြင်ကွင်းကို တွေ့မြင်လိုဖွယ် မရှိချေ။ သို့သော်လည်း လာဘ်ကောင်ရုပ်လေး Bertie Beeသည် အမှန်တကယ်ပဲ အချုပ်ခန်းထဲ ရောက်သွားပြီး စိတ်ပျက်လက်ပျက် အခြေအနေနှင့် ကြုံနေခဲ့ရရှာသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က အင်္ဂလန် ချန်ပီယံရှစ် ပွဲစဉ်တွင် ဘန်လေက QPRကို (၂-၀)ဖြင့် အနိုင်ရခဲ့ကာ Bertie Beeကို အသင်း၏ လုံခြုံရေး ဝန်ထမ်းများ ကိုယ်တိုင်ကပင် ဆွဲထုတ်သွားကာ အကျဉ်းခန်းထဲ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်ပုံမှာ Bertie Bee အနေဖြင့် ဒိုင်အဖွဲ့ဝင် တစ်ဦးကို စော်ကား နှောင့်ယှက်သည့် အနေအထား ပြုလုပ်ခဲ့၍ဟု သိရသည်။

ယင်းပွဲစဉ်တွင် တာဝန်ယူသည့် စည်းကြပ်ဒိုင်မှာ ဘန်လေအသင်း နစ်နာလောက်သည့် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ချမှတ်နေရာ Bertie Beeက ၎င်းထံသို့ မျက်မှန်တစ်လက် သွားပေးခဲ့သည်။ အဓိပ္ပါယ်မှာ စည်းကြပ်ဒိုင်အနေဖြင့် ပွဲကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လောက်အောင် အမြင်မကြည်လင်ဟု လှောင်ပြောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒိုင်လူကြီး ဆိုင်မွန်ဟူးပါးက ၎င်းကို ကွင်းထဲမှ ထွက်ခွာရန် မောင်းထုတ်ခဲ့ပြီး လုံခြုံရေး အစောင့်အကြပ်များ ခြံရံလျှက် အချုပ်ခန်းသို့ မြန်းခဲ့ရခြင်း ဖြစ်သည်။ Bertie Beeကို လူရမ်းကား ပရိသတ်များအတွက် ထားရှိသည့် ယာယီအချုပ်ခန်းတွင် ချုပ်နှောင်ထားခြင်းဟု သိရသည်။

ဘန်လေအသင်း၏ လာဘ်ကောင် အရုပ်လေးကို မီဒီယာများ သတိပြုမိစေသည့် ပေါက်တီးပေါက်ရှာ ပြဿနာမျိုးမှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ (၂၀၀၂)ခုနှစ်ကလည်း ပရက်စ်တန် နော့သ်အန်းနှင့် ကစားနေစဉ် ကွင်းထဲသို့ အဝတ်ဗလာဖြင့် ပြေးဝင်လာသည့် ပရိသတ်တစ်ဦးကို Bertie Beeက သယ်ထုတ်သွားသည့် ဓာတ်ပုံကို သတင်းများက ရယ်စရာပုံရိပ်အဖြစ် ဖော်ပြခဲ့ဖူးသည်။

Planet Myanmar Network
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အင်္ဂလန် ချန်ပီယံရှစ် ပွဲစဉ်တွင် ဘန်လေက QPRကို (၂-၀)ဖြင့် အနိုင်ရခဲ့ကာ Bertie Beeကို အသင်း၏ လုံခြုံရေး ဝန်ထမ်းများ ကိုယ်တိုင်ကပင် ဆွဲထုတ်သွားကာ အကျဉ်းခန်းထဲ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ဘန်လေအသင်း ပရိသတ်အနေဖြင့် ၎င်းတို့၏ လာဘ်ကောင်ရုပ်လေး ထောင်ထဲရောက်နေသည့် မြင်ကွင်းကို တွေ့မြင်လိုဖွယ် မရှိချေ။ သို့သော်လည်း လာဘ်ကောင်ရုပ်လေး Bertie Beeသည် အမှန်တကယ်ပဲ အချုပ်ခန်းထဲ ရောက်သွားပြီး စိတ်ပျက်လက်ပျက် အခြေအနေနှင့် ကြုံနေခဲ့ရရှာသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က အင်္ဂလန် ချန်ပီယံရှစ် ပွဲစဉ်တွင် ဘန်လေက QPRကို (၂-၀)ဖြင့် အနိုင်ရခဲ့ကာ Bertie Beeကို အသင်း၏ လုံခြုံရေး ဝန်ထမ်းများ ကိုယ်တိုင်ကပင် ဆွဲထုတ်သွားကာ အကျဉ်းခန်းထဲ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်ပုံမှာ Bertie Bee အနေဖြင့် ဒိုင်အဖွဲ့ဝင် တစ်ဦးကို စော်ကား နှောင့်ယှက်သည့် အနေအထား ပြုလုပ်ခဲ့၍ဟု သိရသည်။

ယင်းပွဲစဉ်တွင် တာဝန်ယူသည့် စည်းကြပ်ဒိုင်မှာ ဘန်လေအသင်း နစ်နာလောက်သည့် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ချမှတ်နေရာ Bertie Beeက ၎င်းထံသို့ မျက်မှန်တစ်လက် သွားပေးခဲ့သည်။ အဓိပ္ပါယ်မှာ စည်းကြပ်ဒိုင်အနေဖြင့် ပွဲကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်လောက်အောင် အမြင်မကြည်လင်ဟု လှောင်ပြောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒိုင်လူကြီး ဆိုင်မွန်ဟူးပါးက ၎င်းကို ကွင်းထဲမှ ထွက်ခွာရန် မောင်းထုတ်ခဲ့ပြီး လုံခြုံရေး အစောင့်အကြပ်များ ခြံရံလျှက် အချုပ်ခန်းသို့ မြန်းခဲ့ရခြင်း ဖြစ်သည်။ Bertie Beeကို လူရမ်းကား ပရိသတ်များအတွက် ထားရှိသည့် ယာယီအချုပ်ခန်းတွင် ချုပ်နှောင်ထားခြင်းဟု သိရသည်။

ဘန်လေအသင်း၏ လာဘ်ကောင် အရုပ်လေးကို မီဒီယာများ သတိပြုမိစေသည့် ပေါက်တီးပေါက်ရှာ ပြဿနာမျိုးမှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ (၂၀၀၂)ခုနှစ်ကလည်း ပရက်စ်တန် နော့သ်အန်းနှင့် ကစားနေစဉ် ကွင်းထဲသို့ အဝတ်ဗလာဖြင့် ပြေးဝင်လာသည့် ပရိသတ်တစ်ဦးကို Bertie Beeက သယ်ထုတ်သွားသည့် ဓာတ်ပုံကို သတင်းများက ရယ်စရာပုံရိပ်အဖြစ် ဖော်ပြခဲ့ဖူးသည်။

Planet Myanmar Network

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..