လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 15, 2013

US တွင် တားမြစ်ထားတဲ့ ဂျပန်ငါး Fugu

Photo: US တွင် တားမြစ်ထားတဲ့ ဂျပန်ငါး Fugu
Sunday, September 15, 2013

ကမ္ဘာပေါ်မှ အသီးသီးသော နိင်ငံတွေဟာ နေရာဒေသတွေ၊
ယဉ်ကျေးမူတွေ ကွဲပြားလေ့ ရှိတဲ့ အပြင် သူတို့ ရဲ့ ယဉ်ကျေးမူ တွေ၊ ယူဆမူ အတွေးအခေါ်တွေဟာ လည်း အံ့ သြစရာကောင်း လောက် အောင်ကွဲပြား တတ်ကြပါတယ်။ ဒီထဲမှာ မှ တစ်နိင်ငံအတွက် အလေးထားရတဲ့ အရာတွေ ဟာ လည်း နောက် နိင်ငံများအတွက် ရယ် စရာ လို လိုဖြစ်နေတတ်တာ ရှိပါတယ်။ အစားစားတွေထဲမှာလည်း ဒီလို ပါပဲ ..

တစ်နိင်ငံသော လူတွေ အတွက် စားသုံးမူအများဆုံး ဟင်းလျာတွေဟာ အခြားနိင်ငံတွေ မှာ အန္တာရယ်များ လို့ တားမြစ်ထားတဲ့  အစားအသောက်တွေ ဖြစ်နေသလိုမျိုးပေါ့ ။
ယခု အ တွက် ကတော့  အမေရိကန် နိင်ငံရဲ့ ဥပဒေအရ တားမြစ်ထားတဲ့  အစားအစားတွေအကြောင်းပဲဖြစ်ပါတယ်။

ဂျပန်လို ဖူဂူး လို့ ခေါ်တဲ့  Blowfish ဟာ အဆိပ်ပြင်းတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ သူကိုသေသေချာချာ ဟင်းချက်ဖို့  ပြင်ဆင် မပြုလုပ်တတ်ရင် သေစေနိင်တဲ့  အထိ ဒုက္ခ ပေးတတ်ပါတယ်။ ဒါကြောင့်  ဂျပန် မှာ တော့  လုံးဝ ကျွမ်းကျင်တဲ့  စာဖိုမူးတွေ ကို သာ ကိုင်တွယ်ချက်ပြုတ်ဖို့  ခွင့် ပြုထားပါတယ်။ အဲဒီ ဟင်းလျာ ဟာလည်း ဂျပန်တွေရဲ့ အခမ်းအနားအချို့ မှာ မပါ မဖြစ်တဲ့ ဟင်းလျာ တစ်မျိုးဖြစ်ပြီး အချို့ သော စားသောက်ဆိုင်ကြီးတွေမှာသာ ရလေ့ ရှိ တဲ့  ဈေကြီးတဲ့  ဟင်းစာ တစ်မျိုးဖြစ်ပါတယ်။ ဒီငါးကိုတော့  ဂျပန်ဆာရှီမိ (ငါးအစိမ်းကို ပဲငံပြာရည်ဖြင့် တို့ စားခြင်း) အနေနှင့် စားသုံးကြပါတယ်။

အဲဒီဆာရှီမိ တစ်ပန်းကန်အတွက်US Dollar 50$...ခန့်  ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီလို အန္တရယ်များတဲ့  ငါးကို ဘာလို့  နှစ်ခြိုက်စွာ စားသုံးနေရသလဲဆိုတော့ အသားကနူးညံကာ ပိုအာဟာရဖြစ်ခြင်း၊ ပိုမို အရသာရှိခြင်းတို့ ကြောင့် ပါတဲ့ ။ အမေရိက မှာတော့  မစားဖို့ ဥပဒေအရ တားမြစ်ထားပါတယ် ။ သို့ ပေမဲ့  အချို့ နေရာ တွေ မှာ လိုင် စင် မဲ့  ရောင်းချမူတွေ ရှိတာကြောင့် သင့် အနေနှင့်  စား မယ်ဆိုရင် စားသုံးနိင်မှာ ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြှေ့ ကြပါစေ ။
Aung Heine ( MM Social Sky)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..