လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, September 16, 2013

ကမ္ဘာကြီး အေးခဲလာမှုကို မျက်ကွယ်ပြုမထားသင့်ဟု ပညာရှင်များ သတိပေး

Photo: ကမ္ဘာကြီး အေးခဲလာမှုကို မျက်ကွယ်ပြုမထားသင့်ဟု ပညာရှင်များ သတိပေး
Monday, September 16, 2013

(၂၀၀၇)ခုနှစ်က BBC သတင်းဌာနက သိပ္ပံပညာရှင် အချို့၏ အဆိုကို ကိုးကားပြီး ကမ္ဘာကြီး ပူနွေးလာမှုကြောင့် (၂၀၁၃)ခုနှစ် အရောက်၌ အာတိတ် ဒေသ၌ ရေခဲ တစ်စမျှ ရှိမနေဘဲ ဖြစ်သွားနိုင်ကြောင်း ဖော်ပြခဲ့ဖူးသည်။ 

ကမ္ဘာကြီး ပူနွေးလာမှုကို လူအများ စိတ်ပူနေကြသော်လည်း တစ်ဖက်တွင် ကမ္ဘာကြီး အေးခဲလာမှုကိုလည်း မျက်ကွယ် မပြုသင့်ကြောင်း သိပ္ပံ ပညာရှင်များက သတိပေးခဲ့သည်။ (၂၀၀၇)ခုနှစ်က BBC သတင်းဌာနက သိပ္ပံပညာရှင် အချို့၏ အဆိုကို ကိုးကားပြီး ကမ္ဘာကြီး ပူနွေးလာမှုကြောင့် (၂၀၁၃)ခုနှစ် အရောက်၌ အာတိတ် ဒေသ၌ ရေခဲ တစ်စမျှ ရှိမနေဘဲ ဖြစ်သွားနိုင်ကြောင်း ဖော်ပြခဲ့ဖူးသည်။ သို့သော်လည်း လက်တွေ့တွင်မူ တစ်နှစ်အတွင်း အာတိတ် ဒေသ၌ ရေခဲပြင် စတုရန်းမိုင် (၁)သန်းနီးပါး ကျယ်ပြန့် တိုးပွားလာကြောင်း သိရှိရသည်။ ကုလသမဂ္ဂ၏ ရာသီဥတု ပြောင်းလဲမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ လူသားများကြောင့် ကမ္ဘာကြီး ပူနွေးလာမှုသည် ယခုအခါ ရှေ့မတိုးတော့ဘဲ နောက်ပြန် ယုတ်လျော့လာနေကြောင်း ဖော်ပြ ပါရှိသည်။

(၂၀၁၂)ခုနှစ်နှင့် (၂၀၁၃)ခုနှစ်များအတွင်း အာတိတ် စက်ဝိုင်းကို အာကာသထဲမှ ရိုက်ကူးထားသော ဓာတ်ပုံများကို ယှဉ်ကြည့်ရာ (၁)နှစ်အတွင်း ရေခဲပြင်ပမာဏ အလွန်သိသာစွာ တိုးပွားလာနေသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ရသည်။ ယမန်နှစ် ဩဂုတ်လနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဩဂုတ်လ၌ အာတိတ်တွင် ရေခဲပြင် ပမာဏ (၆၀)ရာခိုင်နှုန်း နီးပါးမျှ ကျယ်ပြန့် ဖြစ်တည်လာကြောင်း ဂြိုဟ်တု ဓာတ်ပုံများက အတည်ပြုပေးခဲ့သည်။ ယခင်က လူတိုင်း၏ အသိအမြင်တွင် ကမ္ဘာကြီး ပူနွေးလာမှုသည် အနာဂတ် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှိခဲ့သော်လည်း ယခုအခါ ကမ္ဘာကြီး အေးခဲလာမှုကိုလည်း ထည့်တွက်ရန် လိုလာပြီဟု သုတေသီများက ပြောကြားခဲ့သည်။

ယခုနှစ် ဆောင်းဦးပေါက် ကာလ မတိုင်မီမှာပင် မကွဲပျက်နိုင်လောက်အောင် ခိုင်မာ သိပ်သည်းပြီး ဥရောပတိုက်၏ ထက်ဝက်မျှ ကျယ်ပြန့်သော ရေခဲပြင်ကြီးသည် ကနေဒါကမ်းလွန် ကျွန်းစုများမှ ရုရှား မြောက်ပိုင်း ကမ်းခြေထိ ပျံ့နှံ့ တည်ရှိနေသည်ကို တွေ့ရှိရသည်။ အတ္တလန္တိတ် သမုဒ္ဒရာမှ ပစိဖိတ် သမုဒ္ဒရာသို့ ကူးဖြတ်သည့် ကမ္ဘာ့မြောက်ပိုင်း ရေလမ်းကြောင်းသည် တစ်နှစ်လုံး ရေခဲပြီး ပိတ်ဆို့နေခဲ့သည်။ ယခုအခါ သုတေသီ အချို့က ကမ္ဘာကြီးသည် အနည်းဆုံး နှစ်ပေါင်း (၅၀)မျှ ကြာမြင့်သည်အထိ အပူချိန် လျော့ကျသော အပြောင်းအလဲထံ ဦးတည်လာမည်ဟု ယုံကြည်လျှက် ရှိသည်။ အာတိတ်ဒေသရှိ ရေခဲပြင်များသည် သမိုင်းတစ်လျှောက် အပြောင်းအလဲ အမျိုးမျိုး ကြုံခဲ့ဖူးပြီး (၁၉၂၀)ပြည့်လွန်မှ (၁၉၃၀)ပြည့်လွန် နှစ်များထိ ပမာဏ များပြားစွာ အရည်ပျော်ကျခဲ့ဖူးသည်။ သို့သော်လည်း (၁၉၇၉)ခုနှစ်တွင် ရှိရင်းစွဲထက် အေးခဲကျယ်ပြန့်သည့် အခြေအနေမျိုး တစ်ကြိမ် ပေါ်ပေါက်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..