လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Monday, September 23, 2013

Mandrake ပင်

Photo: Mandrake ပင်
Monday, September 23, 2013

ဒီအပင်ကို သိကြမှာပါ။ 
Mandrake ပင်လို့ခေါ်ပြီး ရာဇ၀င် ထဲမှာတော့ သူ့ကို ဆွဲနှုတ် လိုက်ရင် အော်ပြီး သူ့အော်သံက လူတွေကို သေစေနိုင် ပါတယ်တဲ့။ 

သူ့ရဲ့ အမြစ်၊ အရွက် စတာတွေ အားလုံးက အဆိပ်ရှိပြီး အသီး ကတော့ အဆိပ် မရှိပါဘူးတဲ့။ သူ့ရဲ့အမြစ် တွေက နှစ်ခုကွဲ နိုင်စွမ်း (bifurcations) ရှိတာကြောင့် လူပုံစံ လိုလို ထင်နေရပြီး စားမိရင် အော့အန်တာ၊ ၀မ်းလျော တာတွေ၊ အဆိပ်သင့် တာတွေပါ ဖြစ်တတ် ပါတယ်။

 မှော်ပညာရပ် နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ သူ့ကို အသုံးပြု တတ်ကြပါတယ်။ Hitler ကသူ့ရဲ့ good luck charm အဖြစ်တောင် Mandrake ကိုသုံးခဲ့တယ် ဆိုတဲ့ ပါးစပ် ရာဇ၀င် ရှိဖူးပါတယ်။ 

၁၉၃၃ လောက်မှာ Hitler ကအရာရာကို ဆုံးရှုံး နေတဲ့ အချိန်မှာ ဗေဒင်ဆရာ Erik Jan Hanussen နဲ့တွေ့ဆုံ ခဲ့ပြီး သူ့အကြံ ပေးချက် အတိုင်း Mandrake ကိုဆောင်ခဲ့ ရာက ရက်၃၀အတွင်း အာဏာရ လာခဲ့တယ်လို့ ဆိုကြပါတယ်။

[source: wiki, national geographic]
Myanmar Youth Media Club

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..