လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, September 13, 2013

Chicken Sioh

Photo: Chicken Sioh
Friday, September 13, 2013

အိမ်မှာ ကြက်သားဟင်းချက်နည်းတွေ ထပ်နေရင် ဒီနည်းလေးကို 
အပြောင်းအလဲလေးဖြစ်အောင် စမ်းချက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ 
Chicken Sioh လို့ ခေါ်တဲ့ Nyonya ရိုးရာဟင်းတစ်မျိုးပါ။ 
ချက်ရတာလည်း မြန်ဆန်ပြီး အရသာလည်းရှိပါတယ်။
ထူးဆန်းတဲ့အချက်က ဆီလုံးဝမပါတာပါ။ 
ကျွန်မတို့ သာမန်ဟင်းချက်နည်း တွေက အနည်းနဲ့အများတော့ 
ဆီပါကြတာပဲလေ။ ဒီနည်းကတော့ လုံးဝဆီ မသုံးတာပါ။ 
ဆီမပါလည်း စားလို့ ကောင်းတဲ့ ဒီဟင်းကို အိမ်ကအိမ်သား 
တွေကတော့ နှစ်သက်ကြပါတယ်။ 
FOOD Magazine စာဖတ်သူများ လည်း သဘောကျလိမ့်မယ်
ထင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ
......................
• ကြက် - တစ်ခြမ်း (ခပ်သေးသေးတုံးပါ)
• ကြက်သွန်နီဥအကြီး - ၂ လုံး (နုပ်နုပ်စဉ်းပါ)

Seasoning
.................
• နံနံမှုန့် - စားပွဲဇွန်း ၁ ဇွန်းခွဲ
• ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၂ ဇွန်း 
• ပဲငံပြာရည်အနောက် - လက်ဖက်ရည် ဇွန်းတစ်ဝက်
• သကြား - စားပွဲဇွန်း ၁ ဇွန်းခွဲ
• မန်ကျည်းရည် - ကွမ်းသီးလုံးတစ်ဝက်ခန့်
(မန်ကျည်းနှစ်ကို ရေတရုတ်ပန်းကန်လုံး ၁ လုံးခွဲခန့်နှင့် ဖျော်ထားပါ)

ချက်ပြုတ်နည်း
......................
၁။ ပထမဆုံး ကြက်သားကို ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ဖြူးကာ
နှပ်ထားပေးပါ။

၂။ နောက် နံနံမှုန့်ကို အနံ့မွှေးလာအောင် အိုးပူတိုက်ပေးပါ။

၃။ အနံ့တွေမွှေးတက်လာပြီဆိုရင် ပါဝင်ပစ္စည်းအား လုံးကို ရောမွှေပေးပြီး 
မီးပြင်းပြင်းမှာ ဆူအောင်တည်ပါ။

၎။ ဆူလာတာနဲ့ မီးလျော့ပြီး မီးနည်းနည်းနဲ့ ကြက်သားတွေနူးအိပြီး 
အနှစ်ခပ်ပျစ်ပျစ်တွေ ရလာတဲ့အထိတည်ပါ။ 

၅။ ပြီးရင်တော့ ထမင်းဖြူလေးနဲ့ စားဖို့အသင့်ဖြစ်ပါပြီ။ 
အစပ်ကြိုက်ပါက ငရုတ်သီးစိမ်းဖြူးကာ သုံးဆောင်နိုင်ပါတယ်။

..................
Evy Kitchen
..................
http://evyfoodlover.com/

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..