လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, September 13, 2013

ကွမ်ကျိုး ရဲဘက်စခန်းရှိ အကျဉ်းသားများအား ယခုနှစ်ကုန်ပိုင်းတွင် လွှတ်ပေးမည်

Photo: ကွမ်ကျိုး ရဲဘက်စခန်းရှိ အကျဉ်းသားများအား 
ယခုနှစ်ကုန်ပိုင်းတွင် လွှတ်ပေးမည်
Friday, September 13, 2013

တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့တစ်မြို့ ဖြစ်သော ကွမ်ကျိုးမြို့ ရဲဘက် စခန်း များရှိ အကျဉ်းသား တစ်ရာအား ယခု နှစ်ကုန်ပိုင်း၌ လွှတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာ ၏ ဖော်ပြချက် အရသိရသည်။

အဆိုပါ အငြင်းပွားမှုများမှ ပေါ်ထွက်နေသော ရဲဘက် စခန်းများသို့ အကျဉ်းသား ပို့ဆောင်ခြင်းကို မတ်လ က စတင် ရပ်ဆိုင်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင် များသည် အကျဉ်း သား များအား တရား စီရင်မှု မရှိဘဲ လေးနှစ်နှင့် အထက် ပြန် လည်လေ့ကျင့် သင်ကြားမှုများ ပြုလုပ် ရန် အဆိုပါ ရဲဘက် စခန်းသို့ ပို့ဆောင် ကြသည်။

နိုင်ငံနဲ့ အဝှမ်း စနစ်သစ် ပြုပြင် ပြောင်းလဲရန် ရည်ရွယ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သော်လည်း ရဲဘက် စခန်းများမှာ နေရာဒေသ များ ပျံ့နှံ့လျက် ဖွင့်လှစ် ထားဆဲ ဖြစ်သည်။

”ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက လောင်ကျောင်း စနစ်ကို ပြန် စဉ်းစားစေချင် တဲ့ အပြင် ဖျက်သိမ်းဖို့ တောင်းဆိုထားတယ်” ဟု ကွမ်ကျိုးဒေသ ဆိုင်ရာ စီနီယာ တရား သူကြီးတစ်ဦးက ပြောကြားသည်။ လောင်ကျောင်း ဆိုသည်မှာ တရုတ် အသံထွက် ဖြစ်ပြီး ပညာရေးမှ တစ်ဆင့် ပြုပြင်ပြောင်း လဲခြင်း စနစ် ဖြစ်သည်။

အဆိုပါ စနစ်အား အာဏာရ ကွန်မြူနစ် ပါတီမှ ၁၉၅ဝ ခုနှစ်များ၌ မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ရာဇဝတ်မှု အသေးအမွှားမျှ ကျူးလွန်မိ သူများကို အချုပ် ချထားခြင်း ဖြစ် သည်။ ၄င်းစနစ်သည် ရဲတပ်ဖွဲ့ဝင်များကို လိုသည်ထက် ပို၍ လုပ်ပိုင်ခွင့် အာဏာ ပေးထားသကဲ့သို့ ဖြစ်ကြောင်းနှင့် ၄င်းတို့သည် ထင်ရာ စိုင်း လုပ်ဆောင် တတ်ကြောင်း အများက ထောက်ပြ ပြောဆိုခဲ့ကြသည်။

အဆိုပါ စနစ်အား ပြန်လည် ပြုပြင်သွားရန် ရည်ရွယ် ထားကြောင်း လွန်ခဲ့သည့် နှစ်အနည်းငယ် ကတည်းက အာဏာပိုင် များက ပြောကြား ခဲ့သော်လည်း ၄င်းကဲ့သို့ ရဲဘက် စခန်း ၃၅ဝ ရှိပြီး အကျဉ်းသား တစ်သိန်းခွဲ ရှိကြောင်း သိရသည်။

သိင်္ဂီဝင်း
Popular Myanmar News Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..