လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 29, 2013

လန်ဒန်တစ်ဖက်ခြမ်းက မန်ချက်စတာ ကမ္ဘာပျက်ည

Photo: လန်ဒန်တစ်ဖက်ခြမ်းက မန်ချက်စတာ ကမ္ဘာပျက်ည
Sunday, September 29, 2013

ပရီးမီးယားလိဂ် ပွဲစဉ်(၆)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ ရလဒ်မကောင်းခဲ့ပါဘူး။အစောပိုင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ချဲလ်ဆီးတို့ သရေတစ်မှတ်ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်သွားခဲ့ရတာပါ။ ဒါပေမဲ့ ထူးခြားတဲ့ မှတ်တမ်းကတော့ ချဲလ်ဆီးနောက်ခံလူ တယ်ရီဟာ ပရီးမီးယားလိဂ် နောက်ခံလူတွေထဲမှာ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်လာပြီး စုစုပေါင်း ဂိုး(၃၀)သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ သရေကျခဲ့တာကြောင့် ချဲလ်ဆီးဟာ (၆)ပွဲကစားပြီး (၁၁)မှတ် ရခဲ့ပြီး ဒီရမှတ်ဟာ ချဲလ်ဆီးကနေ မော်ရင်ဟို ထွက်ခွာမယ့် (၂၀၀၇)ခုနှစ်က ရမှတ်အတိုင်း ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင်မန်ချက်စတာ နှစ်သင်းစလုံးလည်းရှုံးပွဲကြုံသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ၀က်စ်ဘရွန်းနဲ့ ကစားခဲ့တဲ့ မန်ယူဟာ ဒုတိယပိုင်းမှာ အဖွင့်ဂိုး ပေးခဲ့ရပေမယ့် နောက်(၃)မိနစ်အကြာမှာ ရွန်နီရဲ့ တိုက်ရိုက် ပြစ်ဒဏ်ဘောကန်ချက်ကြောင့် ချေပဂိုးပြန်ရခဲ့ပါတယ်။ ဒါပေမယ့် နောက် (၁၀)မိနစ် အကြာမှာတော့ ဘရာဟီနိုရဲ့ လှပတဲ့ကန်ချက်ကြောင့် မန်ယူတို့ အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရပါတယ်။ ဒီပွဲရဲ့ ထူးခြားမှတ်တမ်းကတော့ ရွန်နီဟာ အခုရာသီမှာ ပြစ်ဒဏ်ဘောကနေ (၃)ဂိုးသွင်းယူနိုင်ခဲ့ပြီး သူ့ထက် ဂိုးပိုသွင်းနိုင်တာက(၂၀၀၈-၀၉)ရာသီက ဖရီးကစ်ကနေ (၄)ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုပဲဖြစ်ပါတယ်။ ဒါပေမဲ့ မန်ယူအတွက် ဆိုးရွားတဲ့မှတ်တမ်းတစ်ခုကတော့ အဖွင့်ပွဲ(၆)ပွဲမှာ (၃)ပွဲရှုံးခဲ့ရတာဖြစ်ပြီး ဒါဟာ (၁၉၈၉-၉၀)ရာသီနောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအတွက် စိုးရိမ်စရာရှိလာတာက မန်ယူဟာ အဖွင့်ပွဲ(၆)ပွဲမှာ (၃)ပွဲ (သို့မဟုတ်) (၃)ပွဲထက် ပိုရှုံးရင် ပရီးမီးယားလိဂ်ဖလား မရခဲ့ဖူးတာပဲဖြစ်ပါတယ်။

ဒါတင်မက ဗီလာနဲ့ ကစားတဲ့ပွဲမှာ မန်စီးတီးဟာ နှစ်ကြိမ်တိုင် အဖွင့်ဂိုးရခဲ့ပေမယ့် ပွဲအပြီးမှာတော့ (၃-၂)ဂိုးနဲ့ ရှုံးပွဲကြုံသွားခဲ့ရပါတယ်။ မန်စီးတီးအတွက် ပွဲချိန်(၄၅)မိနစ်မှာ တိုရေးက အဖွင့်ဂိုး သွင်းခဲ့ပေမယ့် (၅၁)မိနစ်မှာ အယ်လ်အာမက်ဒီက ပြန်ချေပခဲ့ပြီး (၅၆)မိနစ်မှာ ဒီဇီကို သွင်းခဲ့တဲ့ဂိုးကိုလည်း (၇၃)မိနစ်မှာ ဘာကူနာကို ချေပခဲ့ပြန်ပါတယ်။ ဒါ့အပြင် နောက်နှစ်မိနစ် အကြာမှာ ၀ိုင်မန်းက မန်စီးတီးအတွက် ရှုံးပွဲတွေ့စေမယ့်ဂိုး သွင်းယူခဲ့တာပါ။ ဒီအတွက် ထူးခြားချက်ကတော့ မန်ယူနဲ့ မန်စီးတီး နှစ်သင်းစလုံး ရှုံးပွဲကြုံခဲ့တာဖြစ်ပြီး ဒီနှစ်သင်းစလုံး တစ်ရက်ထဲ ရှုံးနိမ့်ခဲ့တာ (၂၀၀၈)ခုနှစ် စက်တင်ဘာ (၁၃)ရက်နေ့ကဆိုတာပါပဲ။

Swansea City 1 - 2 Arsenal

Aston Villa 3 - 2 Manchester City

Fulham 1 - 2 Cardiff Hull

City 1 - 0 West Ham

Manchester United 1 - 2 West Brom

Southampton 2 - 0 Crystal Palace

Tottenham 1 - 1 Chelsea

http://yoyarlay.com/sport/football/38187-2013-09-29-00-33-23
ဇော်ထွန်း(ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..