လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, September 29, 2013

၇ ၅% +၁ = ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ရှိသည်


လတ်တလော ကြားနေရတဲ့ နိုင်ငံရေးသတင်းတွေက ကျွန်တော်တို့ မြန်မာနိုင်ငံသားတစ်ဦးချင်းအဖို့ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မိသိန်းကြည်လို့ မေးရမလို ဖြစ်ကိန်း ဆိုက်နေပါပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်မယ်၊ အချို့ကလည်း အသစ်ရေးဆွဲမှ ရမယ်၊ ပြင်ဆင်စရာမလိုဘူးလို့ ပြောသူတွေလည်းရှိတယ်။ ကျွန်တော်တို့ပြည်သူ တွေက ဘာကိုနားလည်လက်ခံရမှန်းမသိအောင် အာရုံတွေနောက်နေရပါပြီ။ NLD ဥက္ကဌ ဒေါ်စုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကိုပြင်ကိုပြင်ရမယ်လို့ ပြောကြားထားတာရှိသလို တိုင်းရင်းသား အဖွဲ့အစည်းပါတီတွေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး စနေနေ့တိုင်း တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူခရီးစဉ်မှာလည်း အတိအလင်း ပြောဆိုခဲ့တာရှိပါ တယ်။ ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ
ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် ယုံကြည်မှု တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲမှာ NLD အခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဆင်ဖို့ အပြစ်အနာအဆာများလွန်းနေတာကြောင့် အသစ်ရေးဆွဲဖို့ လိုကြောင်း ထင်မြင်မိတယ်လို့ ပြောသွားပြန်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေရဲ့ အတွေးထဲမှာ ဖွဲ့စည်းပုံ ပြင်တော့မယ့်ကိစ္စကို အားလုံးထောက်ခံနေပြီလားဆိုတဲ့ အဖြေကို သိချင်နေခဲ့မိပါတယ်။ ဒါပေမယ့် အချို့ပါတီတွေက လက်မခံတာတွေ့ရပြန်ပါတယ်။ (၂၅) နှစ်ပြည့် တစညပါတီရဲ့ ငွေရတုနှစ်ပတ်လည်အခမ်းအနားမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တစညက လက်မခံဘူးဆိုပြီး စကားသံတွေ ပေါ်ထွက်လာ ပါတယ်။ ထို့အတူ ပြည်ခိုင်ဖြိုးပါတီမှ ဦးဌေးဦး ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရန် မလိုဘူးဆိုပြီး အတိအလင်းပြောဆိုလိုက်ပြန်ပါတယ်။ ဒီတော့ ကျွန်တော်လည်း စိတ်ဝင်စားလာတာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အသိမိတ်ဆွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆီ အပြေး သွားပြီး မေးကြည့်ခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် လွှတ်တော်ထဲက ၇၅% ကျော် ထောက်ခံမှုရရှိမှသာပြင်နိုင်မယ်လို့ ရှင်းပြပါတယ်။ သူကတော့ ၇၅%+၁ ဆိုတဲ့ ရလဒ်ဟာ စိတ်ကူးယဉ်သလိုဖြစ်နေတယ်ဆိုပြီး ပြောလိုက်ပါတယ်။ ကျွန်တော့် အိမ်အပြန်လမ်းမှာ အတွေးပေါင်းစုံဝင်ရောက်လာပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ် စားလှယ် ၂၅ % ပါတော့ ကျန်တဲ့ ၇၅% အပြည့်အ၀ ထောက်ခံ မယ်ဆိုရင်တောင် တပ်မတော်သား ၂၅%က မထောက်ခံဘူးဆိုရင် ၇၅%+၁ ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ လတ်တလော အခြေအနေအရ ပြည်ခိုင်ဖြိုး မထောက်ခံဘူးဆိုရင် ၇၅% ထဲကအနှုတ်လက္ခဏာပြသွားမှာပါ။ ဒါဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ NLD တစ်ခုတည်းနဲ့ မပြီးဘူးဆိုတဲ့ အဖြေထွက်လာပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တစညကိုလည်း ပါဝင်စေရမှာဖြစ်သလို သူတို့ ၂ ဖွဲ့ထောက်ခံတယ်ပဲထားဦး ၇၅% အပြည့်ရလာမယ်။ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးရဲ့ ထောက်ခံမှုကလည်း မရှိမဖြစ် လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် နားလည်မှုတွေ လွဲနေသမျှ ၇၅ % ဖြစ်လာနိုင်စရာအကြောင်း မရှိပါ။ တပ်မတော်ကို နိုင်ငံရေးလောကထဲကနေ လုံးဝကန်ထုတ်ဖို့ ကြိုးစားမယ်ဆိုရင် ၇၅%+၁ လည်း မျှော်လင့်စရာမရှိပါ။ ၇၅%+၁= ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခွင့်ရှိသည်ဆိုတာ သင်္ချာတွက်ကိန်းဖြစ်ပါတယ်။ ၂၀၁၅ မတိုင်ခင် အဲဒီ အဖြေထွက်၊ မထွက်ဆိုတာကို ကျွန်တော်တို့ အားလုံး တွက်ချက်စဉ်းစားရင်း စောင့်မျှော် နေကြရပါဦးမယ်။ စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပါယ် သက်ရောက်နိုင်သည့် အတွက် လက်တွေ့မကျသည့် တောင်းဆိုမှုတွေသည် အန္တရာယ်တွေများကြောင်း RNDP မှ ဦးဦးလှစော၏ ပြောဆိုချက် ကိုလည်း အလေးထားသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

 နေ၀န်းသစ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..