ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ Edythe Kirchmaier ကို
တော်တော်များများ သိကြ ပါတယ်။ သူမဟာ လက်ရှိမှာ ကမ္ဘာ့အသက် အကြီးဆုံး
Facebook အသုံပြုသူ တစ်ဦးအဖြစ် စံချိန်တင်ထား လို့ ဖြစ်ပါ တယ်။သူမရဲ့ အသက် ၁၀၅ နှစ်ရှိပါပြီ။
ယနေ့အထိလည်း ကယ်လီဖိုးနီးယားပြည်နယ်မှာ အသက်အကြီးဆုံး ကား လိုင်စင် ရရှိထားသူ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သမီး အရွယ်ကတည်း က ကားမောင်းလိုင်စင် ရရှိထားသူ ဆိုတော့ ၁၀၅ နှစ်အထိ သက်တမ်းကို တွက်ရင် ၈၆ နှစ်ကျော်သွားပါပြီ။ လက်တလောကပဲ ကားမောင်းလိုင်စင် လုပ်ဖို့အတွက် စာမေးပွဲ ဝင်ဖြေခဲ့ပြီး အောင်သွားပါတယ်။ ဘာအက်ဆီးဒန့်မှ မဖြစ်ပါဘူး။ အသက်ကြီးပေမယ့် သူ့ရဲ့ 
မှတ်ဥာဏ်၊ ကိုယ်ဟန် လှုပ်ရှားမှုဟာ လူကောင်းတစ်ယောက်လိုရှိနေခြင်း ဖြစ်ပါတယ်။ သူ့ မူလကားကတော့ Ford Model T ပါ။ ယခုတော့ ကားအသစ်ဖြစ်သွားပါပြီ။ အမည်မဖော်လိုသူ လက်ဆောင်ပေးသူ တစ်ဦးက သူ့အတွက် ၂၀၁၃ မော်ဒယ် Honda Civic ကို လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။
ဒီတော့ သူမရဲ့  Facebook Page နဲ့ Account ကနေ ကားသစ်စီးနေတဲ့ပုံ၊ ကားသစ်ရတဲ့အတွက် ဝမ်းသာကြောင်း စာတွေ တင်ပြီး ပြသခဲ့ပါတယ်။ လက်ရှိမှာ Edthe Kirchmaier ဟာ ပရဟိတ လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း သိရပါတယ်။
Colay Automobile

No comments:
Post a Comment