အမျိုးသမီးများထက် အမျိုးသားများက အိပ်ပျော်စဉ် ဟောက်တတ်ကြပြီး၊ ပျမ်းမျှအားဖြင့် အရွယ်ရောက်သူ အမျိုးသား ၄၅% က ဟောက်လေ့ရှိကြပါတယ်။ အိပ်ပျော်နေစဉ် ကိုယ်ဟန်အနေအထား ပုံစံမမှန်ခြင်းကြောင့် နှာချောင်း၊ လည်ချောင်းစတဲ့ အသက် ရှုလမ်းကြောင်းတလျှောက် တစ်ရှုးများကျဉ်းသွားကာ ဟောက်သံထွက်လာပါတော့တယ်။ အဲဒီလို ဟောက်သံကျယ်လောင်ခြင်း ကြောင့် အိပ်မောကျနေစဉ် မိမိအသံကြောင့် ရုတ်တရက်လန့် နိုးခြင်း၊ အသက်ရှုလမ်းကြောင်းပိတ်၍ မွန်းကြပ်လန့် နိုးခြင်းဖြစ် ကာ၊ ကြာလာတာနဲ့ အမျှ နှလုံးကိုပြသနာဖြစ်လာစေတတ်ပါတယ်။ ဒါ့ပြင် ဟောက်သံနဲ့ အလေ့အကျင့်မရှိသူ ဥပမာ ကြင်စဦး ဇနီးမောင်နှံများမှာ ထိုဆူဆူညံညံဟောက်သံကြောင့် အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပြန်ပါတယ်။
ဒါ့ကြောင့် ဟောက်………..
(၁) လူလတ်ပိုင်းအရွယ်ရောက်တဲ့အခါ လည်ချောင်းကြွက်သားများတင်းမာခြင်းမရှိဘဲ ပျော့တွဲကျဉ်းမြောင်းသွားလေ့ရှိလို့ ၊ အမျိုး သားများ သက်လတ်ပိုင်းအရွယ်မှာ စတင်ဟောက်တတ်ကြပါတယ်။ (၂) ကျားသဘာဝမျိုးရိုးဗီဇ ခန္ဓာကိုယ်ဖွဲ့ စည်းတည်ဆောက် ပုံအရ၊ အမျိုးသမီးများနဲ့ နှိုင်းယှဉ်ပါက အမျိုးသားတွေရဲ့ နှာခေါင်း နဲ့ လည်ချောင်းစပ်ကြားရှိ အရည်ကြိတ်ကကြီးမားနေတာ ကြောင့် လည်ချောင်းထဲရှိလေလမ်းကြောင်းက ပိုကျဉ်းမြောင်းသွားရာ၊ ဟောက်ခြင်းကိုဖြစ်လာစေပါတယ်။ (၃) နှာခေါင်းပေါက် နဲ့ ဆက်နေသော ဦးခွံရိုးအတွင်းမှအခေါင်းမှာ ပိတ်ဆို့ ၍သော်လည်းကောင်း၊ ထိပ်ကပ်နာစတဲ့ နာတာရှည်နှာခေါင်းရောဂါ အမျိုးမျိုးတို့ ကြောင့်လည်း ဟောက်စေတတ်ပါတယ်။ (၄) အ၀လွန်ခြင်းကြောင့် ခန္ဓာကိုယ်ထဲရှိ အဆီများတဲ့တစ်ရှုးတွေက အိပ် ပျော်နေစဉ် အသက်ရှုလမ်းကြောင်းကို ပိတ်ဆို့ ထားလို့  ဟောက်ခြင်းကိုဖြစ်စေပါတယ်။ (၅) အရက် နဲ့ ဆေးလိပ်အလွန်အကျွံ သောက်သုံးသူများက အတော်အသင့်သောက်သုံးသူတွေထက် ညအိပ်တဲ့အခါ ပိုမိုဟောက်တတ်ကြပါတယ်။
သဘာဝနည်းဖြင့် ဒီလိုကုသ……..
(၁) ကိုယ်အလေးချိန်လျော့ချပါ။ ပိန်တဲ့သူတွေလည်း ညအိပ်တဲ့အခါ ဟောက်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်များ ပြီးဝလာတဲ့အခါ၊ လည်ပင်းတ၀ိုက် ၀ိတ်တက်လာလို့  နေ့ ဘက်မှာမသိသာပေမယ့် ညအိပ်တဲ့အခါ လည်တိုင်ကြွက်သားများကို ညှစ်၍အသက်ရှုရခြင်းကြောင့် ဟောက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။
(၂) အရက် နဲ့ စိတ်ငြိမ်ဆေးဝါးများ မမှီဝဲရ။ ဟောက်တတ်သူများ ညအိပ်ယာဝင်ချိန်ထက် ၄(သို့ မဟုတ်) ၅-နာရီကြို၍ အရက် မသောက်သင့်ပါဘူး။ အရက်သောက်ခြင်းကြောင့် လည်တိုင်အတွင်းပိုင်းကြွက်သားများကိုလှုပ်ရှားစေကာ သိသိသာသာပို ဟောက်စေပါတယ်။ ထို့ နည်းတူ စိတ်ငြိမ်ဆေးဝါးများကလည်း လည်တိုင်အတွင်းပိုင်းကြွက်သားကို လှုံ့ ဆော်ပေးလို့ မမှီဝဲသင့် ပေ။
(၃) အိပ်စက်ပုံမှန်ကန်ပါစေ။ ပက်လက်လှန်အိပ်ခြင်းက လျှာတိုဝင်သွားပြီး၊ လည်ပင်းရဲ့ အတွင်းနံရံကို သွားထောက်မိကာ၊ အိပ် ပျော်သွားတဲ့အခါ ဟောက်သံထွက်ပေါ်လာပါတော့တယ်။ ဒါ့ကြောင့် ပက်လက်မအိပ်ဘဲ ဘေးသို့ စောင်းအိပ်ပေးပါ။
(၄) ပလုပ်(အာလုပ်)ကျင်းပါ။ ညအိပ်ခါနီး ရေအေး ၁-ဖန်ခွက်ထဲမှာ ပူစီနံရွက်အဆီတစ်စက်ချ၍ ပလုပ်(အာလုပ်)ကျင်းခြင်းက မဟောက်နိုင်အောင် အထောက်အပံ့ဖြစ်စေပါတယ်။
(၅) အိပ်ခန်းသန့် ရှင်းရေးလုပ်ပါ။ ခေါင်းအုံးစွပ်၊ အိပ်ယာခင်း၊ စောင်များ လျှော်ဖွပ်သန့် စင်ခြင်း နဲ့  အိပ်ခန်းအတွင်းအနံ့ အသက် ကောင်းမွန်းအောင်ထားခြင်းဖြင့် ဟောက်ခြင်းကိုကြိုတင်ကာကွယ်
ရာရောက်ပါတယ်။ အိပ်ခန်းထဲမှာ ခွေး၊ ကြောင်တို
့ဝင်ရောက် နေထိုင်ခွင့်မပြုပါနဲ့ ။
(၆) ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းကလည်း လည်မြိုတ၀ိုက်အမြှေးပါးများကို ရောင်ရမ်းပိတ်ဆို့ စေပါတယ်။ ညအိပ်စဉ် ဟောက်လေ့ရှိသူ အများစုဟာ ဆေးလိပ်ကြသူများဖြစ်လို့ ၊ ကျန်းမာရေးကို ဘက်စုံကောင်းမွန်စေအောင် ဆေးလိပ်ဖြတ်ပါ။
(၇) ရေနွေးငွေ့ ရှုပါ။ အသက်ရှုလမ်းကြောင်းပွင့်နေအောင် ညအိပ်ခါမ၀င်ခင် ရေနွေးငွေ့ ရှုပါ (သို့ မဟုတ်) ရေနွေးပူပူထဲမှာ ဆား ခတ်၍ အငွေ့ ရှုရိုက်ပါ။
(၈) ခေါင်းအုံးကိုဂရုစိုက်ပါ။ မမြင့်လွန်းမနိမ့်လွန်းဘဲ ဦးခေါင်း-လည်ပင်း-ဇက် တို့ နဲ့  အဆင်ပြေတဲ့ ခေါင်းအုံးမျိုးကို ရွေးချယ်တတ် ဖို့ လိုပါတယ်။ ကြာလာတဲ့အခါ ခေါင်းအုံးပျော့ပြီး အိပ်စက်ပုံအနေအထားမမှန်တော့ဘဲ ဟောက်ခြင်းကိုဖြစ်စေတဲ့အပြင် ဇက် ကြောတက်-အုံးလွဲ-လည်ပင်းနာ စသည့်နောက်ဆက်တွဲ ဝေဒနာများမဖြစ်ရအောင် ၆-လတစ်ကြိမ် ခေါင်းအုံးအသစ်လဲသင့်ပါ တယ်။ အထူးသဖြင့် ပန်းဂျုံ(ခေါ်)အမည်းရောင်နှံစားအစေ့တို့ ဖြင့် ပြုလုပ်ထားတဲ့ခေါင်းအုံးက ဟောက်ခြင်းကိုအထိုက်အ လျောက် သက်သာစေပါတယ်။
(၉) အားကစားလေ့ကျင့်ခဏ်းလုပ်ပါ။ လမ်းလျှောက်/စက်ဘီးစီး စတဲ့ပေါ့ပေါ့ပါးပါးလေ့ကျင့်ခဏ်းကစားခြင်းကလည်း ညဘက် ဟောက်ခြင်းကို လျော့ပါးသက်သာစေပါတယ်။
(၁၀) ညအိပ်ယာမ၀င်ခင်အစား များများမစားရ။ ညစာလျော့စားပါ။ အိပ်ယာဝင်ခါနီး ဗိုက်ပြည့်တဲ့ အစာများစားခြင်းက ကျယ် လောင်စွာဟောက်တတ်လို့  ဆင်ဆင်ခြင်ခြင်စားသောက်ပါ။
(၁၁) ရေသောက်ရင်းဖြင့် နှာခေါင်းထဲကိုရေဖြင့်မှုတ်ပါ။ ညအိပ်ယာမ၀င်ခင်(သို့ မဟုတ်)တရေးနိုးထလာတဲ့အခါများမှာ ရေ သောက်ရင်း နှာခေါင်းအတွင်းပေါက်ရှိရာ အာခေါင်အပေါ်ပိုင်း ကို ရေဖြင့်မှုတ်ထုတ်ပေးပါ။
(၁၂) ဆရာဝန်ဖြင့်တိုင်ပင်ပါ။ အကယ်၍ အထက်ပါနည်းလမ်းများဖြင့် ထိန်းမထားနိုင်သေးဘဲ၊ မိမိကိုယ်တိုင်ရော ဘေးလူကိုပါ အအိပ်ပျက်လောက်အောင် ဆူညံ၍ဟောက်မြဲတမ်းဟောက်နေသေးပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လိုအပ်ပါက CPAP စက်(ခေါ်)ညအိပ်စဉ်အဆက်မပြတ် လေလမ်းကြောင်းပွင့်စေသောစက်ဖြင့် တပ်ဆင်ရန် ဆရာဝန်ကညွှန်ကြားပါလိမ့်မယ်။
(ပေါက်ပေါက်….မျှဝေသည်)
(မှီငြမ်း Health Tips )
ကျန်းမာရေးစာတိုများစုစည်းမှု

No comments:
Post a Comment