ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်
နှိမ်နင်းမှုကြောင့် လွန်ခဲ့သည့် ဖေဖော်ဝါရီလ မှစ၍ ဆန္ဒပြသူ အနည်းဆုံး ၁၅၀ ဦး
သေဆုံးခဲ့ပြီး ၂၀၀၀ ကျော် ထိခိုက်
ဒဏ်ရာရရှိ ခဲ့ကြောင်း နှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည့် ကာလတွင် လုံခြုံရေး
တပ်ဖွဲ့အင်အား ကို ပိုမိုတိုးမြှင့် ချထားကြောင်း အမေရိကန် အခြေစိုက်
လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က သြဂုတ်လ ၁ ရက်တွင် ထုတ်ဖော်
ပြောကြား ခဲ့သည်ဟု ၁-၈-၂၀၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ
သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဆန္ဒပြသူများအား အင်အား အလွန်အကျွံသုံး နှိမ်နင်းမှုကြောင့် လမ်းပေါ်တွင် သွေးချောင်းစီး နေသည် ဆိုသည့် အစီရင်ခံစာကို ရေးသား တင်ပြသူ Mark Dummett က အဆိုပါ ဆန္ဒပြမှု များတွင် သေဆုံးမှုနှုန်း သည် စိုးရိမ်ဖွယ်ရာ အခြေအနေ တစ်ရပ်တွင် ရောက်ရှိနေကြောင်း ပြောကြား ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် Jamaat-e-Islami အစ္စလာမ္မစ်ပါတီ က ၄င်း၏ ထိပ်တန်း ခေါင်းဆောင်များ စစ်ရာဇ၀တ် မှုဖြင့် တရားစွဲဆို အရေးယူ ခံနေရခြင်းကို ကန့်ကွတ်သည့် အနေဖြင့် ဖေဖော်ဝါရီ လမှစ၍ နိုင်ငံတစ်ဝန်း တွင် ဆန္ဒပြမှုများ ဦးဆောင် ပြုလုပ် ခဲ့ကြောင်း ၊ ဒေသဆိုင်ရာ တရားရုံး တစ်ခုက အစ္စလာမ် ဘာသာရေး အစွန်းရောက်သူ ၆ ဦးကို စစ်ရာဇ၀တ် မှုဖြင့် တရားစွဲဆို ထားပြီး ၄ ဦးအား သေဒဏ် ပေးခဲ့ကြောင်း သိရှိရသည်။

No comments:
Post a Comment