လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, August 2, 2013

အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြောင်းလိုင်းများမှ ၃ နာရီကြိုရောက်ရန် သတိပေးထား

Photo: အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြောင်းလိုင်းများမှ ၃ နာရီကြိုရောက်ရန် သတိပေးထား 

***********************************************

ယနေ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ HARI RAYA ရုံးပိတ်ရက် အလည်ပြန်မည့် သူများအတွက် မြန်မာပြည်သို့တိုက်ရိုက်ပြေးဆွဲပေးနေသာ လေကြောင်းများဖြစ်သည့် MAI , MALAYSIA AIRLINES & AIRASIA လိုင်းတို့မှ လေဆိပ်များတွင် ခရီးသည်များ များပြားပြီး ကြန့်ကြာမှု့များရှိနိုင်သောကြောင့် ယခင် သတ်မှတ်ထားသော ၂ နာရီကြိုရောက်ရမည့်အစား ၃ နာရီကြိုတင် Check In လုပ်ထားကြရန် သတိပေးစာပေးပို့ထားပါသည် ။

အထူးသဖြင့် တန်ဖိုးနိမ့်လေကြောင်းအဖြစ် လူစီးများနေသော Airasia လေဆိပ်ဖြစ်သည့် LCCT လေဆိပ်သို့ Check In ဝင်မည့်သူများအားလုံး အတွက် လေဆိပ်သို့လာရာလမ်းကြောင်းတွင် ကားလမ်း ပိတ်ဆို့မှု့ ၊ လေဆိပ်တွင် ခရီးသည်များ များပြားမှု့တို့နှစ်စဉ်ရှိနေတာကြောင့် လေယာဉ်မမှီလိုက်သော ခရီးသည်များရှိကြောင်း ၊ သို့ကြောင့် Airasia လက်မှတ်ဝယ်ထားသော ခရီးသည်များအဖို့ 

၁ ။ မိမိတို့ ပြန်မည့်ရက်နှင့် ၂ ပတ်အလိုမှ တစ်ရက်အလိုအထိ Web Checkin ဝင်ရန် ။

၂ ။ Web Check In မဝင်ထားပါက လေဆိပ်သို့ ၃ နာရီစောရောက်ရန် နှင့် လေဆိပ်ရှိ Self Check In Counter များတွင် ကိုယ်တိုင် Check In ဝင်ထားရန် ။ နှင့် 

၃ ။ Luggage များအပ်နှံရန် Check In Counter များအား အချိန် ၃ နာရီကြိုတင်ဖွင့်ပေးထားမည်ဖြစ်ပြီး လေယာဉ်ထွက်ချန် နှင့် ၃ နာရီလိုကတည်းက Luggage များစတင်အပ်နှံနိုင်ကြောင်းကို 

သတိပေးစာများ ဖြင့် ထုတ်ပြန်ထားခဲ့ပါသည် ။

သို့ကြောင့် မလေးရှားမှ မြန်မာပြည်သို့ အလည်ပြန်မည့် သူများ အားလုံး အထူးသဖြင့် ၅.၈.၂၀၁၃ မှ ၁၅.၈.၂၀၁၃ Hari Raya အလုပ်ပိတ်ရက် အတွင်း အလည်ပြန်မည့်သူများ မိမိတို့လေယာဉ် မမှီသည့်အဖြစ်များ မဖြစ်ရန် ကြိုတင် ပြင်ဆင်ထားကြပါရန် ရွှေလူငယ် လေယာဉ်လက်မှတ် အွန်လိုင်းဝန်ဆောင်မှုမှ သတိပေးကြော်ငြာထားပါသည်။

28

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..