လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, August 6, 2013

ပွဲချိန် ၃၇ မိနစ်တွင် ရပ်ဆိုင်းခဲ့ရသော နေပြည်တော်-ရန်ကုန် ပွဲစဉ်၌ ရန်ကုန်ယူနိုက်တက် အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ပေး

mnlygn

သြဂုတ် ၅ ရက်က ရန်ကုန်ယူနိုက်တက်အသင်း ရန်ကုန်မြို့အတွင်း လှည့်လည် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ - သက်ထွန်းအောင်)
သြဂုတ် ၄ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကျင်းပခဲ့သော နေပြည်တော်-ရန်ကုန်ယူနိုက်တက် ပွဲစဉ်မှာ ပွဲချိန် ၃၇ မိနစ်၌ ရပ်နားခဲ့ရသော်လည်း ရန်ကုန်ယူနိုက်တက် အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်သတ်မှတ် ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) တာဝန်ရှိသူ တစ်ဦး၏ အတည်ပြု ပြောကြားချက်အရ သိရသည်။

၂၀၁၃ MNL အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးပွဲစဉ် တစ်ပွဲဖြစ်သည့် နေပြည်တော်နှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့သည် မူလက နေပြည်တော် အသင်း၏ အိမ်ကွင်းဖြစ်သော NPT ကွင်းတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေး အခြေအနေအရ ၀ဏ္ဏသိဒ္ဓိကွင်းသို့ ပြောင်းလဲကစား စေခြင်းဖြစ်သည်။ ယင်းပွဲစဉ်၏ ပွဲချိန် ၃၇ မိနစ်တွင် ပရိသတ်များ၏ အလွန်အကျူး အားပေးမှု၊ နှစ်ဖက် ကစားသမားများနှင့် နည်းပြအဖွဲ့ဝင် များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတို့ကြောင့် ပွဲကို ဆက်လက် ကျင်းပနိုင်ခြင်း မရှိတော့ဘဲ ရပ်နားခဲ့ရခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းကို (၁-၀) ဂိုး ရလဒ်နဲ့ အနိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီလိုသတ်မှတ်တာ ကလည်း ၂၀၁၃ MNL အမှတ်ပေးပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်း တွေထဲမှာ ပါဝင်တဲ့ ပြိုင်ပွဲရပ်နားခြင်း ခေါင်းစဉ်အောက်က ဥပဒေ ၂၈၊ အပိုဒ်ခွဲ (ဂ) အရ သတ်မှတ်...
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ''ဒီပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက် အသင်းကို (၁-၀) ဂိုး ရလဒ်နဲ့ အနိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီလိုသတ်မှတ်တာ ကလည်း ၂၀၁၃ MNL အမှတ်ပေးပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်း တွေထဲမှာ ပါဝင်တဲ့ ပြိုင်ပွဲရပ်နားခြင်း ခေါင်းစဉ်အောက်က ဥပဒေ ၂၈၊ အပိုဒ်ခွဲ (ဂ) အရ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေအပေါ် အရေးယူမှုတွေ ပြုလုပ်ဖို့အတွက် စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
နေပြည်တော် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းမှ တာဝန်ရှိသူ များကိုလည်း (၁-၀)ဂိုးဖြင့် ရန်ကုန်ယူနိုက်တက် အသင်းကို အနိုင်ပေးကြောင်းကို အသိပေးပြီး ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ MNL ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ရန်ကုန်ယူနိုက်တက် အသင်းသည် သြဂုတ် ၅ ရက် မွန်းလွဲ ၂ နာရီခန့်က နေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ လာခဲ့ပြီး ရန်ကုန်မြို့အတွင်း လှည့်လည်၍ အောင်ပွဲခံ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..