ကမ္ဘာ့အဆင့် သချာင်္ပြိုင်ပွဲ SASMO ရွှေတံဆိပ်ရှင် မြန်မာကျောင်းသားများ
အာာရှသင်္ချာထူးချွန်သူများ၏ စွမ်းရည်ပြိုင်ပွဲတွင်
ငွေတံဆိပ်၊ကြေးတံဆိပ်၊ Star of Asia ဆုတံဆိပ်များ ထပ်မံဆွတ်ခူး
ရန်ကုန်-သြဂုတ်၆ကမ္ဘာ့အဆင့် သချာင်္ပြိုင်ပွဲ SASMO တွင်
ရွှေတံဆိပ်ရရှိသောမြန်မာကျောင်းသားများသည် National Taiwan University တွင်ပြုလုပ်ကျင်းပခဲ့သော အာာရှသင်္ချာထူးချွန်သူများ၏ သင်္ချာစွမ်းရည်ပြိုင်ပွဲAsia International Mathematical Olympiad Contest Final 2013 တွင်ငွေတံဆိပ်တစ်ခု၊ကြေးတံဆိပ်တစ်ခု၊ Star of Asia ဆုတံဆိပ်တစ်ခုနှင့် OutstandingOrganization Award ဆုတံဆိပ်တစ်ခု တို့ကို ဆွတ်ခူးရရှိခဲ့ကြကြောင်းသိရသည်။
အဆိုပါပွဲသို့ရွှေတံဆိပ်ဆုရှင် အထက (၄) ပုဇွန်တောင်မှ
စတုတ္ထတန်းကျောင်းသား မောင်ဇာနည်မင်းနိုင်၊ ILBC မှ Grade 4 ကျောင်းသားမောင်ဇော်လျှန်းထက် (ခ) Steve၊ IISY မှ Grade 5 ကျောင်းသားမောင်ရွှေတိုးအောင်နှင့် ISM မှ Grade 5 ကျောင်းသား Soo Yone Chanတနှင့်အုပ်ချုပ်သူအဖြစ် T & H After School
Maths for Kids မှ General Manager ဒေါက်တာသက်ဇော်မှ လိုက်ပါသွားခဲ့သည်။
သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် IISY မှ မောင်ရွှေတိုးအောင်မှ
ကြေးတံဆိပ်တစ်ခု၊ ISM မှ Soo Yone Chan မှ ငွေတံဆိပ်တစ်ခုနှင့် Star of
Asia ဆုတံဆိပ်တစ်ခုရရှခဲ့ပြီး SASMO 2013 သင်္ချာပြိုင်ပွဲကို
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အောင်မြင်အောင် ကျင်းပပေးခဲ့ပြီး AIMO
2013 ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် T & H
After School Maths for Kids သင်္ချာသင်တန်းကျောင်းကို Outstanding
Organization Award ဆုကို ချီးမြှင့်ပေးခဲ့သည်။
မြန်မာကျောင်းသားများအဖွဲ့သည် ဇူလိုင်၂၆ရက်တွင် မြန်မာနိုင်ငံမှ
ထွက်ခွာသွားခဲ့ကြပြီး သြဂုတ်၂ တွင် ရန်ကုန်လေဆိပ်သို့
ပြန်လည်ရောက်ရှိခဲ့သည်။AIMO 2012 ပြိုင်ပွဲကို ဟောင်ကောင်တွင် ကျင်းပခဲ့ပြီး AIMO 2014ပြိုင်ပွဲကို တရုတ်နိုင်ငံ ချန်းစားမြို့ တွင် ကျင်းပသွားမည်ဟုသတင်းရရှိပါသည်။
SASMO ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလအတွင်း
ကျင်းပပေးသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူများသည်
AIMO ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိသွားမည်ဖြစ်ပါသည်။
TN
Popular Myanmar News Journal

No comments:
Post a Comment