လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, August 20, 2013

သားစိုးရဲ့"အာလူးနဲ့နှာဘူး၊ သာကူးနဲ့ ဂန်ဒူး" တေးစီးရီး စက်တင်ဘာတွင် ထွက်ရှိမည်

Photo: သားစိုးရဲ့ "အာလူးနဲ့နှာဘူး၊ သာကူးနဲ့ ဂန်ဒူး" တေးစီးရီး စက်တင်ဘာတွင် ထွက်ရှိမည်

သားစိုး၏ ယခင်ကထုတ်ဝေခွင့် ပိတ်ပင်ခြင်းခံထားရသည့် တေးသီချင်းများပါဝင်သည့် တေးစီးရီးကို စက် တင်ဘာလတွင် ထွက်ရှိတော့မည်ဖြစ်သည်။ ယင်းစီးရီးကို “အာလူး၊ သာကူး၊ နှာဘူးနှင့် ဂန်ထူး”ဟု အမည်ပေးထားပြီး တေးသီချင်း ၂၀ ကျော် ပါဝင်မည်ဖြစ်သည်။

စိန်ပူစီစတူဒီယိုတွင် အသံသွင်းယူထားသည့် အဆိုပါစီးရီးနှင့်ပတ်သက်ပြီး သားစိုးက ဒီအခွေကို “အာလူး၊ သာကူး၊ နှာဘူးနှင့် ဂန်ထူး” ဆိုပြီး နာမည်ပေးထားတယ်။ ၁၉၅၈ခုနှစ်၊ ၁၉၆၀ ခုနှစ်နဲ့ ဦးနုခေတ်တွေမှာ စ တဲ့အပြောင်းအလဲကာလတွေမှာပေါ်လာတဲ့ လူတန်းစားတစ်ရပ်ကို သွားတွေ့ရတယ်။ အဲဒီလူတန်းစားကို ပြောချင်တဲ့ဟာလေးတွေ အဓိကပါဝင်ပါတယ်။ အကုန်လုံးလည်း အချောပြီးနေပြီဆိုတော့ စက်တင်ဘာလ ပိုင်းမှာ ထွက်နိုင်အောင်လို့ လုပ်ထားတယ်။ အဲဒီထဲမှာ အပိတ်ခံထားရတဲ့ တေးသီချင်းတွေပါမှာပါ။ တိုက် ပိတ်ခံသီချင်းများဆိုပြီး အခွေမှာကိုရေးထားမှာပါ”ဟု ပြောပြသည်။

ဒါ့အပြင် အဆိုပါစီးရီးတွင် မြန်မာနိုင်ငံ၏ အကျော်ကြားဆုံးစကားများကို ထည့်သွင်းထားသည့် “အာရုံ”ဟု အမည်ပေးထားသည့် တေးသီချင်းလည်းထည့်သွင်းထားကြောင်း၊ လက်ရှိအမေရိကားတွင် ခေတ်စားနေသည့် သီချင်းဒီဇိုင်းများကို မြန်မာ့ဆိုင်းနှင့် ပြန်လည်ရောစပ်ကာ တင်ပြထားခြင်းဖြစ်သည်။ ၎င်းကို ပြည်ပ နိုင်ငံများတွင် ဆက်လက်ဖြန့်ချိနိုင်ရန်အတွက် English Version ဖြင့်လည်း ထပ်မံ လုပ်ဆောင်မည်ဖြစ်ကြောင်း သားစိုးက မဇ္ဈိမသို့ပြောကြားသည်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..