ဆယ်လီနာ ဂိုမက်ဇ် အနေဖြင့် ဂျက်စတင် ဘီဘာနှင့် လုံးဝဥဿုံ
ကင်းကင်းရှင်းရှင်း ဖြစ်လာစေရန် သူမ၏ မိသားစုက မျှော်လင့်နေကြောင်း
သိရှိရသည်။ ဆယ်လီနာသည် Babyစတား ကနေဒါ လူငယ် အဆိုတော်နှင့် ကာလကြာရှည်
တွဲခဲ့ပြီးမှ လမ်းခွဲဖြစ်ခဲ့သည်။ ဆယ်လီနာ၏ မိဘများက သူမအနေဖြင့်
နောက်တစ်ကြိမ် ဂျက်စတင်နှင့် မပတ်သက်သင့်တော့ဟု သတိပေးထားကြောင်း
သတင်းများက ဆိုသည်။ အသက်(၂၁)နှစ်ရှိ အဆိုတော် မင်းသမီးသည် ဂျက်စတင်နှင့်
အလုပ်သဘော ဆက်သွယ်မှုများ ရှိနေဆဲဟု နီးစပ်သူများက ပြောဆိုခဲ့သော်လည်း
မိခင်ဖြစ်သူ မင်ဒီနှင့် ပထွေးဖြစ်သူ ဘရိုင်ယန် တီဖီတို့က ယင်းကိစ္စများကို
တတ်နိုင်သမျှ အပြတ်ရှင်းရန် တိုက်တွန်းထားကြသည်။ဆယ်လီနာနှင့် နီးစပ်သူ တစ်ဦးက Life & Style မဂ္ဂဇင်းနှင့် တွေ့ဆုံရာတွင်
"ဆယ်လီနာရဲ့ မိသားစုက ဂျက်စတင်ဟာ တော်တော်ဆိုးတဲ့ လူလို့ ပြောကြပါတယ်။
ဆယ်လီနာ အနေနဲ့ သူ့ဘဝထဲကနေ ဂျက်စတင်ကို အပြီးထုတ်ပစ်ဖို့ လိုတယ်လို့
သူတို့က တိုက်တွန်းကြတယ်။ ဆယ်လီနာ အနေနဲ့လည်း မိသားစုနဲ့ ပြဿနာ
မဖြစ်ချင်ပါဘူး။ သူဘာလုပ်ရမယ် ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိမှာပါ"ဟု
ပြောကြားခဲ့သည်။ ဆယ်လီနာ၏ သူငယ်ချင်းများကလည်း အသက်(၁၉)နှစ်ရှိ ဂျက်စတင်ကို
အမြင်မကြည်ကြောင်း သိရသည်။ သူမ၏ မိတ်ဆွေ တစ်ဦးက "ဆယ်လီနာနဲ့
တကယ်ရင်းနှီးသူတိုင်း ဂျက်စတင်ဘက်က ရပ်တည်ထောက်ခံသူ မရှိဘူး။ လူတိုင်းက
ဂျက်စတင်ဟာ အရှုပ်ထုပ် တစ်ယောက်လို့ ယူဆထားတာပါ"ဟု မှတ်ချက်ပြုသွားသည်။
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Tuesday, August 20, 2013
ဆယ်လီနာကို ဘီဘာနှင့် လုံးဝကင်းရှင်းစေရန် မိသားစုက မျှော်လင့်
Labels:
အနုပညာရှင်များသတင်း,
နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment