လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, August 25, 2013

နှစ်ပွဲကစား ၆မှတ်နဲ့ အဆင့် ၂နေရာ ရောက်လာတဲ့ လီဗာပူး

Photo: နှစ်ပွဲကစား ၆မှတ်နဲ့ အဆင့် ၂နေရာ ရောက်လာတဲ့ လီဗာပူး
Sunday, August 25, 2013

စတုတ်စီးတီးနဲ့ အဖွင့်ပွဲမှာ လီဗာပူးအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းပေးခဲ့တဲ့ စတာရစ်ဟာ အခုပွဲမှာလည်း အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲ ကစားပြီးချိန်မှာ ၆မှတ် ရရှိခဲ့ပြီး ၂၀၀၈ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ၂ပွဲ ကစား ၆မှတ်ရခဲ့တာပဲ ဖြစ်ပါတယ်။ ပွဲချိန် ၂၁မိနစ်မှာပဲ အန်းနရစ် ဖြတ်တင်ပေးတဲ့ ဘောလုံးကို စတာရစ် ရသွားပြီး ဗီလာ နောက်ခံလူ ၂ယောက်ကို ကျော်ဖြတ်ပြီး အပိုင်သွင်းယူနိုင်ခဲ့လို့ လီဗာပူး ဂိုးစရခဲ့တာပါ။

ဒီနောက်မှာ ဗီလာတို့ ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးပေါက်လွဲချော်နေခဲ့ပြီး ပွဲချိန် ၄၁မိနစ် အရောက်မှာတော့ ဘန်တီကီရဲ့ ကန်ချက်ကို မီနိုလတ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးတို့ ခံစစ်ကို အားပြုခဲ့ရပြီး ဗီလာကတော့ ဂိုးပေါက်ကန်သွင်းမှု အများအပြား ရှိခဲ့ရာမှာ အဆုံးသတ် ညံ့ဖျင်းခဲ့သလို ပွဲချိန် ၈၆မိနစ်အရောက် ဘန်တီကီရဲ့ ဧရိယာထိပ် ကန်ချက်ကို မီနိုလတ် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ရှုံးပွဲကြုံသွားခဲ့တာပါ။

http://yoyarlay.com/sport/football/37415-2013-08-25-00-26-36
ဇော်ထွန်း(ရိုးရာလေး)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..