လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, July 4, 2013

ဂျက်ကီချန်း၏ အက်ရှင် ဇာတ်ကားသစ် Police Story 2013

Photo: ဂျက်ကီချန်း၏ အက်ရှင် ဇာတ်ကားသစ် Police Story 2013
====================================

Police Story ဇာတ်လမ်းတွဲ များ၏ ဆဋ္ဌ မမြောက် ”Police Story 2013” ကို ဒီဇင်ဘာ လ၌ ရုံတင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ၄င်းဇာတ်ကား၌ ကမ္ဘာကျော် မင်းသား ဂျက်ကီ ချမ်း၊ လျိုရီ၊ ကျင်းထျန် စသည့် နာမည်ကြီး သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ရုံတင် ပြသမည်ဖြစ် ကြောင်း ပရိသတ် များ လက်ခံ အားပေးမည် ဟု မျှော်မှန်းထားကြောင်း Sohu သတင်း ဝက်ဘ်ဆိုက် တွင် ဖော်ပြ ထားသည်။

Police Story 2013ကို ဒါရိုက်တာ တင်းဆန်က ရိုက်ကူးခြင်းဖြစ်ကာ ဂျက်ကီချန်းနှင့် ”Little Big Soldier” ရုပ်ရှင် ဇာတ်ကား၌ လက်တွဲ လုပ်ကိုင်ခဲ့ဖူးပြီး ချန်း သဘောကျသည့် ဒါရိုက်တာ တစ်ဦးဖြစ်သည်။
၎င်းဇာတ်ကားတွင် အရက်ဆိုင်ပိုင်ရှင် လျိုရီက ဆိုင်သို့ လာရောက်သူများအား ပြန်ပေး ဆွဲခြင်းဖြစ်ပြီး ၄င်းတို့ထဲတွင် ရာဇဝတ်မှု ဆိုင်ရာ ရဲအရာရှိ ဂျက်ကီချန်းနှင့် ၄င်း၏ သမီးဖြစ်သူ ကျင်းထျန် ပါဝင်ကြောင်း အခက်အခဲ များအား ရင်ဆိုင်ကျော်လွှား ရပုံတို့ကို ရိုက်ကူးထားသည့် အက်ရှင် စွန့်စားခန်း ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။

သိင်္ဂီဝင်း

Ref: Yahoo

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..